မဖိတ်ပါနဲ့ 
November 29th, 2011
လူဆိုတာ သေချိန်တန်ရင်တော့ သေကြမှာပဲ။အဲ သေချိန်မတန်ပဲ သေသွားရတာကိုပဲ နှမြောမိတယ်။
တခါတလေ တရက်လောက်သေဖူးကြည့်ချင်တယ်။
အဲ သေချာတာတခုတော့ရှိတယ်။ စီတယောက်လောကကြီးထဲကလျှော့သွားလို့ ကတော့  ဘာမှထူးထူးခြားခြားဖြစ်သွားမှာမဟုတ်ဘူး။
နောက်တခုက တန်ဖိုးရှိရှိသေချင်တယ်။
လောကမှာ လူတွေအတင်းပြော အပုတ်ချတဲ့နေရာ ၂ခုရှိတယ်။ မင်္ဂလာဆောင်ရယ် အသုဘရယ်။
တခါတလေ သေတဲ့သူကိုအားမနာ အသုဘမှာတောင် အတင်းလာပြောတဲ့သူကရှိသေးတယ်။
ဒါကလည်း သေတာတောင် ကြွားပြီးသေချင်တဲ့လူတွေရဲ့ အပြစ်။ သေတာတောင် မင်္ဂလာဆောင်သလို ရှိရှိသမျှ လူပေါင်းစုံကိုဖိတ်ပြီးအသုဘကို မစည်စည်အောင်လုပ်တာ။ အဲလိုလုပ်ခါမှ သေတဲ့သူက သေပြီးမှ တန်ဖိုးကပိုကျသွားတယ်။သေတော့မှ လူတွေက ငယ်ကျိုးငယ်နာတွေကို အသုဘလားရင်းဖော်ကုန်တာ။
စီလည်း မသေချင်မှာထားရမယ်။ လူတွေကို လျှောက်လျှောက်မဖိတ်ပါနဲ့ လို့ ။
ရီချင်တယ်
November 15th, 2011
အို.. စီရီချင်တယ်.. မတားပါနဲ့ .. စီရီပါရစေ… ရီမယ်နော်.. ဗြဲ….
မြန်မာနိုင်ငံကြီး Replubic နိုင်ငံအဖြစ်ပြောင်းကတည်းက စီဟာ သံရုံးကို တခါမှမရောက်ဖူးပါဘူး..။ဒါပေမယ့် ဒီတပတ်တော့ေ၇ာက်ဖြစ်တယ်..။
ဝမ်းသာရမှာလား ၀မ်းနည်းရမှာလားမသိန်းစီလို့ ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်..။သံရုံးကို မသွားခင် စီဟာ.. မြန်မာသံရုံးwebsiteကို အခေါက်ခေါက် အခါခါ ဖတ်ရှုလေ့လာပြီး ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ခဲ့ပါတယ်..
မှတ်ချက်။ စာမေးပွဲတွေဖြေတုန်းကတောင် အဲလောက် မပြင်ဆင်ခဲ့ရဘူး.
အရင်တုန်းက P.Pအသစ်လုပ်ရင် သက်တမ်းကုန်ခါနီး တလအလိုမှ ပြန်လာခိုင်းတာတို့ ၊၁၀ရက်ကြာမယ် ဘာမယ်နဲ့ ..ခုတော့ ၇ရက်ပဲကြာမယ်ပြောလို့ ဝမ်းသာမိပါတယ်..။
သူများတွေကတော့ မတ်တပ်ရပ် အချိန်ကုန် တဲ့ ဘ၀က လွတ်အောင် ပွဲစားတွေနဲ့ လုပ်ကြပါတယ်..။
ရောက်လည်းရောက်ရော..အပြင်မှာခုံတွေခုံတွေ..ထူးဆန်းတာက.. ခုံတွေချပေးထားတာတောင် လူတွေကမတ်တပ်ရပ်နေကြတယ်.. မိုက်ကြတာ..ခုံတွေကိုအလှပြထားတယ်ထင်နေလားမသိဘူး..
စီလည်း ထုံးစံအတိုင်း အထဲရောက်မှ ၀င်ထိုင်မယ်ပေါ့.. ဘုရာ.. ဖုရာ.. အထဲမှာခုံလုံးဝမရှိ… သုည..ဘဲဥ..ခုံတွေပျောက်သွားလို့ စီအံ့သြသွားတယ်..
မဆိုးဘူး တိုးတက်လာပြီပေါ့..။ လူတွေအချိန်အကြာကြီးစောင့်စရာမလိုလောက်အောင်ဖြစ်တဲ့ အတွက်
အထဲမှာခုံတွေမထားတာဖြစ်မယ်လို့ စိတ်ထဲကထင်မိတယ်..။
Lanesကလည်း ၄-၅lanes လောက်ရှိတယ်..။အလဲ့ အဲဒီမှာရေးထားသေးတယ်..။
ကိုယ်တိုင်လာရောက်သူများကို ဦးစားပေးမယ်ပေါ့.. စိတ်ထဲကတော့  ဒီတခါလာတဲ့ သံအဖွဲ့ က တိကျသားပဲ။လာရတာတော့တန်သွားပြီပေါ့…။
ပြောလို့ မှမဆုံးသေးဘူး..ကိုယ်တိုင်လာတဲ့သူတွေကို ၁ပတ်ရက်ချိန်းပေးပြီး..
ပွဲစားနဲ့ လာတဲ့သူတွေကို နေ့ ချင်းရက်ချိန်းပေးတယ်… ကြည့်ရတာ ပွဲစားမတွေနဲ့ ရက်ချိန်းပေးတဲ့ လူက ညှိုထားလားမသိဘူး။
အဲဒါကြောင့်မို့ လည်း မမ တို့ က စီတို့ လို ကိုယ်တိုင်လာတဲ့သူတွေကို ပြုံးပြုံးနဲ့  ညီမလေး အရင်သွား.. ညီမလေး ရှေ့ ကိုလာ နဲ့ . .နေရာပေးနေတာကိုး..။ဒင်းတို့ နဲ့ လုပ်ရင် နေ့ ချင်းရတယ်..။
ဒီတခါ တာဝန်ကျတဲ့ သံအမတ်ကြီးကို လုပ်စရာမရှိရင်..မနက်ပိုင်းအချိန်လောက်ကို အဲဒီရက်ချိန်းပေးတဲ့ သူနားကို မတ်တပ်ရပ်ပြီး သူ ဘယ်လို ရက်ချိန်းပေးလည်းဆိုတာ ကြည့်ခိုင်းရမယ်..ပွဲစားမတွေနဲ့ လုပ်တဲ့သူဆို နေ့ ချင်းရတယ်..။
အဲလိုကြေးသာဆိုရင်..”ကိုယ်တိုင်လာသက်တမ်းတိုး စာအုပ်လဲတဲ့သူ ကို ဦးစားပေးသည်အစား ပွဲစားနဲ့ လာတဲ့သူကို ဦးစားပေးသည်လို့ ပြောင်းေ၇းသင့်တယ်” ပွဲစားမတွေကလည်း အဲဒီလူကြီးကို ဘယ်လောက်ပေးထားလည်းမသိဘူး။
တော်ပြီ ဒါနောက်ဆုံးအချိန်သွားခြင်းပဲ။ အားလုံးက ဒါတွေချည်းပဲ။
အရင်တုန်းက ဟာတွေတုန်းကတော့ အပေါက်ကဆိုး။အသံကပြဲ။ မူလီလိုရစ်။ပိုက်ဆံကို ပတ်ပတ်စက်စက်တောင်း။
အခုဟာတွေကျပွဲစားနဲ့ ပေါင်းပြီးရိုက်စား။
ဘာပဲဖြစ်ဖြစ်.. ဒီစာပုဒ်လေးမြင်ရင် စီမရီပဲမနေနိုင်ဘူး။ စီကို ရီအောင်မလုပ်ကြပါနဲ့ .. ဗြဲ..ဟဲ…ဟဲ..
စီ တစခန်းထလာခြင်း
September 12th, 2011
ဒီblog ကို update မလုပ်တာ ဒီနေ့ မှာ ၃လကြာသွားခဲ့ပါပြီ..
စီ ထုံးစံအတိုင်း စိတ်မပါ၇င် ဘာမှမလုပ်တဲ့ သောက်ကျင့်ကြောင့်လည်းပါပါတယ်..
ခုတော့ ရေးစရာကပေါ်လာပြန်ပါပြီ..။
စီသာ စာရေးဆရာမဆိုရင်တော့ မွဲပြီးသေနိုင်လောက်ပါတယ်..
ရေးလက်စ စာမူတွေကို ဒီအတိုင်းထားပြီး စိတ်ကူးပေါက်မှပြန်ေ၇းတဲ့အတွက်ကြောင့်ပါ..။
စီကိုယ်စီလည်း စာရေးဆရာမ တယောက်လို့ သတ်မှတ်ဖို့ နေနေသာ..အလုပ်တွေများနေ ရှုပ်နေတာကြောင့် bloggerဘ၀ကတောင်အဆင့်ကျပြီး..
ခု ကိုယ့်ကိုကိုယ် အင်တာနက်ပေါ်မှာ  ဘာမှန်းတောင်မသိတဲ့ ဘနဲ့ ဝကို ပိုင်ဆိုင်ထားတဲ့ လူသား သာသာတယောက်အဖြစ်နဲ့ ပဲ ရှင်သန်နေရပါတော့တယ်..။
ခုတော့ လည်း ငုတ်နေတဲ့ စီတဲ့ အ၀ှါက ပြန်ထွက်လာပြန်ပါပြီ (၀ါသနာ)။
ဒီတခါတော့ စီ စာအုပ်တအုပ်ထိထုတ်ဖို့ အတွက်ပါ ရည်ရွယ်ပြီးရေးတော့မှာပါ..။
ကိုယ့်ဟာကိုယ်ရေး.. ကိုယ့်ဟာကိုယ် ထုတ် ကိုယ်ဟာကိုယ်ဝယ်အားပေးသလိုမျိုးတော့မဟုတ်ပါဘူး..
စီ projectတခုအတွက် စာရေးဖို့ အကြောင်းဖန်လာရင်းနဲ့  စာအုပ်ထုတ်ဖို့ အထိ အထွန့် တက်သွားတာပါ..။
တချက်ခုတ် ၃ချက်ပြတ်မို့ လို့ လည်း ၀ါသနာအရ အမြင်ကတ်ခံပြီး ကြွားပြရတာ..အဲ့ ရောကုန်ပြီ..
မြန်မာနိုင်ငံမှာ copyrightဆိုတာ 24th February, 1914တည်းက ရှိခဲ့တာပါ..။
အဲဒီတော့  စီရေးသားချက်တွေ ကို စီပဲပိုင်ဖို့ စီဟာစီပဲ စာအုပ်ထုတ်ဖို့ ရည်ရွယ်လိုက်တာပါ..။
Ebookအနေနဲ့ ထုတ်မှာပါ။
ရေးပြီးလို့ ebookအနေနဲ့ ထုတ်ခဲ့အခါကျရင် android marketမှာရှာပြီး ဖတ်နိုင်ပါတယ်..။
တက်ကနော်လော်ဂျီရဲ့  ကောင်းစားမှုတို့ ကြောင့်  မြန်မာပြည်ပြန် ၊ စာတိုက်ပေါင်းစုံလှည့်ပြီး စာအုပ်ထုတ်ပေးဖို့ အသနားရတဲ့ ဘ၀ကလွတ်သွားတာပေါ့.။
ဒေါ်လှက ကျနေတော့ လေယာဉ်ပျံလက်မှတ်နဲ့ တင်.. လူက မွဲဆေးဖော်ချင်နေပြီ.။ ဒါတောင် အခွန်ဆောင်တဲ့ ဟာက မပါသေးဘူး..။
ဒီတော့ ကအကုန်အကျနည်းတဲ့ ebook အနေနဲ့ ပဲ စာအုပ်တအုပ်လောက် စ/ဆုံးရေးလိုက်အုံးမယ်..
ငှဲငှဲငှဲ
introduction of my very own Tumblr
June 13th, 2011
အားလုံးသိကြတဲ့အတိုင်းပဲ စီဟာ စာရေးခြင်းကို အတော်လေးနှစ်သက်သဘောကျသူ တဦးဖြစ်ပါတယ်..။
ရွာမှာရှိစဉ် ကလေးဘ၀ထဲက စာရေးရင် ရေး မရေးရင် ပုံဆွဲတတ်တာ ခုထိ အကျင့်တခုလို ပါပဲ..။
တက်ကနော်လော်ဂျီတွေ တိုးတက်လာတော့  စီနေရာပေါင်းစုံမှာစာရေးခဲ့တယ်..။
blogger..wordpress.. facebook, myspace တချို့ ဆို မှတ်တောင်မမှတ်မိဘူး…။စာရေးရင်ရင်ပြီးရော.. တွေ့ ကရာနေရာမှာ sign up လုပ်ပြီးရေးလိုက်တာပဲ…။
တခါတလေ အဖျက်သမားများကလည်းရှိလို့ တနေရာထဲမှာ အတည်တကျမေ၇းပဲ.. ဂိုဒေါင်တွေအများကြီးထားထားသေးတယ်..။
ဒီနေ့ မှာတော့ စီ Tumblrမှာ စရေးပါတယ်..။ စီဖုန်း ထဲမှာ အဲဒါရှိနေတာကြာပါပြီ..။စီက အများသောအားဖြင့် အပြင်မှာရောက်နေတာများတယ်..။
တခါတလေ blog ရေးတယ်ဆိုတာ.. တနေ့ တာ ဖြစ်တဲ့ အကြောင်းအရာကို တခြားသူတွေသိအောင် ခံစားတင်ပြချင် ပြလို့ ရတယ်…။
ဒါပေမယ့် လူတွေက စီ ဘာကိုဆိုလို လည်းဆိုတာ  သဘောပေါက်ချင်မှပေါက်မယ်..။  အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့ အရာ ကို ခံစားတဲ့ အချိန်နဲ့ .. အိမ်ပြန်ရောက်ပြီးပြန်ရေးချတဲ့အခါ ခံစားရတဲ့အချိန်နဲ့ 
က ထပ်တူကျချင်မှ ကျလိမ့်မယ်..
Tumblr ကကျတော့  twitter, facebook နဲ့ blogging ၃ခုပေါင်းထားတဲ့ social website ဆိုလည်းမမှားဘူး..။စီက တော့  ဘာ.. ဘာ..ထက်.. ကိုယ့်ဟာကိုယ် try out လုပ်ကြည့် ပြီး ဝေဖန်ဆုံးဖြတ်တာကို သဘောကျတယ်..။
http://foxie284.tumblr.com/<==== ဒါကတော့ စီရဲ့ Tumblr account. အဲဒီမှာ စီ Privacy မထားဘူး.. အားလုံး.. စီ update လုပ်တာကို ကြည့်နိုင်တယ်..
facebook တွေ blogတွေလို  စီ  members/friends တွေကို restrict မလုပ်ထားဘူး..i would to share everything with the world on my candid action/ thought and situation.
ကျေးဇူးရှင်တွေ
June 13th, 2011
ခုတလော စလုံးက မြန်မာတွေအတော်လေး နေမထိထိုင်မသာ ဖြစ်နေကြတယ်။
ဒေါ်လှတွေ အင်မတန်ထိုးဆင်းနေတယ်။ တဒေါ်လာ ကို ၆၁၀ကျပ်ပဲရှိတော့တယ်။
နံပြားတချပ် ၁၀၀ကျပ်ရှိတဲ့အချိန်မှာ  တဒေါ်လှဆို ၆ချပ်လောက်ပဲဝယ်လို့ ရတော့မယ်။
စီတို့ အမေခေတ်တုန်းက ၁ဒေါ်လာ ကို ၇၀ကျပ်။ တနေ့ ဈေးဖိုးက ၇၀ကျပ်ပဲကုန်တယ်။အဖ စင်ကာပူကို ရောက်တုန်းက ဘဲဥတလုံး ၂ကျပ်ရှိတယ်။စီတောင် တနေ့ မှ ၅ကျပ်ပဲရတယ်။
ကျောင်းမှာ ရောင်းတဲ့ ကပ်စေးနဲ ထုတ်ချောင်းတောင် တချောင်း ပြား၅၀ပဲရှိတယ်။
ဒါကြောင့်လည်း လူတွေနိုင်ငံခြားကိုထွက်ပြီး အလုပ်လာလုပ်ကြတာ။ မိသားစုစားဝတ်နေရေးဖူလှုံ အောင်လို့ ။
တယောက်မှ အားပြီး ယားလို့ အလုပ်လာလုပ်ကြတာမရှိဘူး။
ဟိုးခေတ်တုန်းက သံရုံးအမှုထမ်းတွေလည်း aircon မတပ်တာ၊ photo copier machine မရှိတာကလွဲလို့  လူစကား သူ စကားပြောတတ်ကြသေးတယ်။
သံရုံးအခွန်လာပေးပေမယ့်  “ငါ့ချွေးနဲ စာတွေကုန်ပါပြီ.. ဒါပေမယ့် သူတို့ လည်း သူတို့ အလုပ်လုပ်နေကြတာပဲလေ”ပြီးဖြေသိမ့်နိုင်သေးတယ်။
အဲဒါကြောင့်ပြောတာ။ စကားမပြောတတ်ရင် ဆဲတာနဲ့ အတူတူပဲဆိုတာ။
မျိုတာလည်းမျို.. ဆို့ တာလည်းဆို့ ပေါ့.. မသထာေ၇စာ စားပြီးကျေးဇူးရှင်လို့ အခေါ်ခံချင်လို့ ဘယ်ရမလဲ..။
ဒင်းတို့ မျိုဖို့  ဆို့ ဖို့ ကိုယ့် ပိုက်ဆံ ကိုယ်လာပေးတာတောင် ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်သေးတယ်..။
ဒေါ်လှ က ကျရတဲ့အထဲ အဲဒီ ၀မ်းမနာ ကာလသားသမီးတွေ မျို ဖို့ ဆို့ ဖို့  အခွန်ကဆောင်ရသေးတယ်။
ဒင်းတို့ ကိုပေးတဲ့ ပိုက်ဆံတွေ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပို့ ရင်တောင် ကုသိုလ်ရအုံးမယ်..။
ခုဟာက ဒင်းတို့ ကို ကျွေးလည်း ကျွေး.. အကုသိုလ်ကလည်း ဖြစ်နဲ့ …
နောက်တခါ သံရုံး အခွန်ဆောင်ဖို့ စိတ်ရှိတိုင်း စင်ကာပူက  SPCA က animals တွေစားဖို့  သွားလှူရမယ်..။
ပြောလိုက်ရင် နိုင်ငံတော်..နိုင်ငံတော်နဲ့ .. နေတာက ကွန်ဒိုမှာ.. ။
မြန်မာပြည်မှာ မနေလာခဲ့ဖူးသမျှ နေဖူးတယ်ရှိအောင် စင်ကာပူလာနေကြတာ.. ဘယ်သူ့ ပိုက်ဆံနဲ့ လဲ..။ နင့်တို့ ကြီးတော် ပိုက်ဆံနဲ့ မဟုတ်ဘူး.။
ငါတို့ ချွေးနဲစာ နင်တို့ အတွက် မသထာရေစာ တွေ။
စင်ကာပူမှာ သံအမှုထမ်းလာလုပ်တာတောင် မြန်မာပြည်က သောက်ကျင့်က မပျောက်ချင်ဘူး…။ လူတကာကို အပေါ်စီးက ဆက်ဆံချင်သေးတယ်။ ဒင်းတို့ ကို ဒင်းတို့ မင်းတုန်းမင်းဆက် ထင်ပြီး ..လာသမျှ လူတွေတွေကို ဒင်းတို့ ကျွန်တွေထင်နေလားမသိဘူး..။လူကို လူ လူချင်းမြင်တတ်အောင် ကြည့်ပါလို့ ပြောလည်း ဒင်းတို့  သိမယ်မထင်ဘူး.. ဘာလို့ လည်း ဆိုတော့ 
ဒင်းတို့ က လူယောင်ဆောင်ထားတဲ့ ဘာတွေလည်းမသိဘူး.. လူစကားမပြောတတ်တာပဲကြည့်တော့ ..။
အဲဒီမှာ စီ စဉ်းစားမိတယ်..။ စီတို့ ဘာလို့ ပညာတွေအများကြီးသင်ပြီး အလုပ်လုပ်နေကြလဲလို့ ။
စံပြဈေးမှာ ငါးစိမ်းကို ၄နှစ်လောက်ရောင်းပြီး သံရုံးမှာ အလုပ်ဝင်လုပ်ရုံပဲ..။ သံရုံးမှာလုပ်တာ ဦးနှောက်ရှိဖို့ မလို ဘူး အဆင့်ရှိဖို့ မလိုဘူး..။လူတကာကို ပတ်ဆဲပြီး အော်ငေါက်တတ်၇င်ပြီးတာပဲ..။
ဂဏန်းပေါင်းစက်နှိပ်တတ်ရင်တော့ကောင်းတာပေါ့.။မဟုတ်ရင် ပိုက်ဆံလျှော့လို့ အပေါ်ကအထောင်းခံရအုံးမယ်..။ကြည့်ရတာ ပညာအရည်အချင်းဆို  မူလတန်းအောင်ရင် ရမယ်နဲ့ တူတယ်။
“သံရုံးအမှုထမ်းအလို ၇ှိသည်။
ပညာအရည်အချင်း – မူလတန်းအောင်
လုပ်ငန်းအတွေ့ အကြုံ- စံပြငါးဈေးတွင် ငါးရောင်း သက်တမ်းအနဲဆုံး ၃နှစ်နဲ့ အထက်ရှိရ (ရပ်ကွက်ဈေးတွင် ငါးရောင်းဖူးလျှင် စဉ်းစားပေးမည်)
မှတ်ချက်-စဉ်းစားတွေးခေါ်မှုရှိသူများကိုလုံးဝ စဉ်းစားပေးမည် မဟုတ်။”
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago