၁၉၈၃ ခုနှစ်ရဲ့ ညတည
တွက်ချက်ထားပုံအရဆိုရင် ထိပ်ထားလေးဟာ တနှစ်အတွင်းမှာ သမီးတော်တပါးဖွားမြင်ဖို့ အလားအလာရှိတယ်။ ဒါပေမယ့် သမီးတော်ဟာ  သက်တော်ရှည်မှာမဟုတ်ဘူး။ အပျိုဖော်ဝင်စအရွယ်မှာ သိုက်နန်းကို ပြန်လာရဖို့  မြင်နေရတယ်။ ဒီထက်ဆိုးတဲ့ သတင်းက  သမီးတော်လေးဟာ အသေဆိုးနဲ့ သေရလိမ့်မယ်။ ဒါကတော့ အရင်ဘ၀က သူ့ အကြွေးဟောင်းကို အဲဒီနည်းနဲ့ ဆက်ရဖို့ ဇာတာပါတယ်။ သမီးတော်လေးကို ဆက်ပြီးအသက်ရှည်စေချင်ရင် သမီးတော်လေးနဲ့ တနှစ်ထဲ တရက်ထဲ တချိန်ထဲမွေးလာမည့်  မိန်းကလေး တယောက်ရဲ့  ၀ိဥာဉ်ကို ရှာပြီး သမီးတော်လေးရဲ့  ကိုယ်ခနာထဲကို မှုတ်သွင်းရမယ်။ ဒါဟာ သမီးတော်လေး သက်တော် ၁၃ နှစ်မတိုင်ခင်မှာ လုပ်မှ ဖြစ်မယ်။ မဟုတ်ရင်တော့ သမီးတော်လေးဟာ တကယ်ပဲအသေဆိုးနဲ့ သေရလိမ့်မယ်။
အင်း.. တကယ်လို့ သာ စောစောက ဗေဒင်ဆရာပြောတာတွေကို ကိုကို့ ကိုသာပြောလိုက်ရလို့  ကတော့  ဗေဒင်ဆရာနေရာမှာတင်  ပွဲချင်းပြီးသေနေပြီ။ကိုကို က ကလေးတောင်မမြင်ရသေးဘူး။ အဝေးကနေ ချစ်နေလိုက်တာတုန်နေလို့ ။
ရှမ်းမလေး ထိပ်ထားနဲ့ ကရင်လေး ကိုကိုတို့ ကနေ ပေါင်းစပ်ပြီးမွေးလာမယ့် သမီးလေးကို ထိပ်ထားကိုယ်တိုင်ကလည်း မမြင်ခင်တည်းချစ်လို့ နေရတယ်။အို သမီးလေးရယ်။ ဗေဒင်ဆရာပြောတဲ့ အတိုင်း မဟုတ်ပါစေနဲ့ ။
၁၉၈၄ ဇွန် ၂၅။
ချန်ပါပီ ဆေးရုံ။
“အား ကယ်ပါအုံး မယ်ဘုရား ထိပ်ထား သေတော့ မယ်။ ဗိုက်ထဲကနာလှပြီ။”
“အားတင်းထားသမီးရေ.. မယ်ဘုရားရှိတယ်။” မယ်ဘုရားရဲ့ လက်ကို တင်းတင်းဆုတ်ထားပေမယ့်  ထိပ်ထားရဲ့  အားအင်တွေကုန်ဆုံးနေပြီ။
“ထိပ်ထားကို သာသတ်လိုက်ပါတော့   ဒီဝေဒနာကိုမခံစား နိုင်တော့ ဘူး..”
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်နဲ့   အရာအားလုံးကေ၀၀ါးနေသည်။ သေချာတာတခုကတော့  ဗိုက်ထဲက နာကျင်ခြင်းသည် ဖော်ပြလို့ မရလောက်အောင်ကို ပြင်းထန်နေသည်။
ဖြစ်နိုင်ရင် ထိပ်ထားက အိမ်မှာပဲမွေးချင်သည်။ကိုယ် ဟာ ကိုယ် ကြိုက်သလောက် အော်၊ကြိုက်သလောက်ဝေဒနာ ခံစား ဘယ်သူမျက်နှာကိုမှ ကြည့်စရာမ၇ှိ။ အခုတော့   မယ်ဘုရားရဲ့ အယူသည်းမှုကြောင့်  ဆေးရုံမှာ မွေးရတော့မယ်။ အော်မယ်ကြံတိုင်း ရှက်လွန်းလို့ အကျယ်ကြီးမအော်ရဲ ။ ဗိုက်ထဲကဝေဒနာကို အသံတိတ်နိုင်သမျှတိတ်ပြီး ခံစားနေရသည်။  အသံကို တိတ်နိုင်သမျှတိတ်ပေမယ့် ကျလာတဲ့ မျက်ရည်တွေကို မတားနိုင်။
နာကျင်ခြင်းဝေဒနာကို ၂နာရီလောက် အလူးအလဲ ခံစားရပြီးနောက် သမီးတော်လေးကို မျက်နှာမြင်သည်။ ကလေးငိုသံကြားရတော့  ထိပ်ထားလေးပျော်မိသည်။ သမီးငယ်လေးရဲ့ အသံကို ပထမဆုံးကြားရခြင်းကိုး။
“Nurse  ကလေးက မငိုဘူး။  ကလေးကိုဖင်ကို နည်းနည်းရိုက်ပေးပါ။ “
ဘုရား..ဘုရား..တခုခုများမှားယွင်းနေလား။
ဆရာမသည် သမီးတော်လေးကို ထိပ်ထားဆီမပေးသေးပဲ  တင်ပါးကို ဆက်ခါ ဆက်ခါရိုက်နေသည်။ တအောင့်ကြာတော့မှာ သမီးတော်လေးသည် ငိုပါလေတော့သည်။
ဆရာမက သမီးတော်လေး ကို သန့် ရှင်းစင်ကြယ်စေပြီး ထိပ်ထားကိုလာပေးသည်။ အနှီးလေးနဲ့  ထုတ်ထားတဲ့ သမီးတော်လေးရဲ့  နီတွတ်တွတ်မျက်နှာလေးကိုမြင်တော့  ထိပ်ထားမှာပီတိအတိနှင့် ။
ထိုစဉ်
“ဆရာမ ..စောစောတုန်းက မွေးခန်းဝင်ဖို့ စောင့်နေတဲ့   အမျိုးသမီး စောစောကလေးတင်  အပြင်မှာမွေးသွားလို့ ”
“ဟုတ်လား အေးအေး ခုပဲ ကိုယ်လာခဲ့မယ်။ချက်ကြိုးရော ဖြတ်ပြီးသွားပြီလား ” သားဖွားဆရာဝန်မက ကမန်းကတန်း အပြင်ကို အမြန်ထွက်သွားသည်။
ဆက်ရန်
ကျမတို့  နိုင်ငံခြားကိုပြန်ခေါ်သွားတော့မယ်။  ဒီမှာလည်း သူကို့ ကြည့်ရှုမယ့် လူတယောက်မှ မရှိဘူး။”
အမျိုးသမီးကြီးက ပြောလည်းပြော ငိုလည်းငိုနေသည်။
“ခင်ဗျားသမီးရဲ့ေ၇ာဂါက  စိုးရိမ်စရာမရှိတော့ပါဘူး။ သတိမလည်သေးတာပဲရှိတယ်။ သတိပြန်လည်လာရင် ပုံမှန်အတိုင်းဖြစ်သွားပြီး ၂ရက်အတွင်း ဆေးရုံကဆင်းလို့ ရပြီ။ အဲဒီအတိုင်းဆက်သွားရင်တော့ မကောင်းလှဘူးပေါ့ဗျာ။  ဒီ၂ပတ်အတွင်း ပြန်သတိရလာရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့ လည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ဘာမှမပူပါနဲ့  “
“ဘာလို့ ဘာမှမပူရမှာ လဲ။ ဒေါက်တာဘဲ ၂ပတ်အတွင်း သတိမလည်ရင် အခြေအနေမကောင်းဘူးဆို။  ကျမတို့ က  ဒီသမီးလေးတယောက်ပဲရှိတာ ။ ဒီအတိုင်းထိုင်ကြည့်နေရမှာလား။ ဘာမှမပြောနဲ့ တော့ ။ သမီးကိုဆေးရုံဆင်းခွင့်ပေးပါ။  ကျမတို့ ပြန်ခေါ်သွားမယ်။ ” အမျိုးသမီးကြီးက ဒေါက်တာကို negociateလုပ်နေသည်။
“သမီး လေး စီ…. သမီး  မေမေခေါ်တာကြားလား။  သမီးလေးရယ်  မြန်မြန်သတိရပါတော့ ”
စီ့ နားထဲမှာ မေမေ့အသံကြားနေရသည်။  ဒီလို တောကျိုတောင်ကြားမှာ အမေ့ အသံကြားခြင်းကားအင်မတန်မှ တန်ဖိုးရှိလှဧ။်။ အထူးသဖြင့်  ဘာတွေဖြစ်ပျက်မှန်းမသိတဲ့ ဒီကာလအတွင်းမှာ  အမေ့ ကို သတိရမိတာအမှန်ပဲ။အခုတော့ ဒီအမှောင်ခန်းလေးထဲစီပြန်ရောက်လာသည်။ ရက် တွေလတွေလည်း ဘယ်လောက်ကြာကုန်မှန်းမသိတော့ ။  လူသတ်ဖို့ ယောက်ျားခေါ်လာမယ့်အဒေါ်ကြီးနဲ့ ရွာထဲလိုက်မိပါတယ်။ လူသေ က ၆လောင်း။ သတ်တောင်မသတ်သေးဘူး။ သေနေကြပြီ။