foxie284
ရေးချင်တာရေးထားတဲ့ crapbook

သူ နဲ့  ကိုယ်

Posted in   by foxie284 on May 18th, 2009

“ကိုယ်က ၀က်သားကြိုက်တယ်… ၀က်သား စား ပြီး ယူကို နမ်း ရင် ယူ ရှောင် မှာလား…”

ြ”ဖစ်နိုင်ရင် တော့ မစားစေချင်ဘူး.. ဒါပေမယ့် မင်း သဘောပါ.. ကိုယ် အရင် ရည်းစား ဟောင်းက တရုတ်မလေးပဲလေ.. ကိုယ် တောင် သူကို နားလည် ပေးနိုင်တာ.. ယူ ကိုလည်း နားလည်ပေးရမှာပေါ့..”

“ဟုတ်ပါတယ်.. ဒါပေမယ့် ကိုယ်က မြန်မာလူမျိုးလေ..”

“ကိုယ် က တနှစ်တခါ တောင် church ကို မရောက်ဖြစ်ဘူး…ယူကရော..”

“ကိုယ်က တော့  တပတ်တခါ mosque ကို သွားတယ်..”

“ယူ ကို ကိုယ်ချစ်တယ်..”

“မင်းကို လည်း ကိုယ်ချစ်ပါတယ်..”

“ကိုယ် ယူနဲ့  မိုးရေထဲ လျှောက် သွားချင်တယ်..”

“မင်း သွားချင်တယ်ဆို ကိုယ် မင်း ဘေးမှာ အတတ်နိုင် ဆုံး ရှိပေးမယ်လေ..”

“ကိုယ် ဖျားရင် ယူ ကိုယ့်  အဖျား တွေယူမှာလား…”

” မင်း အဖျား တွေ ကိုယ် ဆီ မကူး မချင်း မင်းကို ကိုယ် ဖက်ထားပေးမယ်…”
…………
၂၀၀၆…… ၂၀၀၇…… ၂၀၀၈….

ကိုယ် သူကို စ တွဲတုန်း က ၆လ ပဲခံ လိမ့် မယ် လို့ ထင်ထားခဲ့ တာ… ရှေးကျလှတဲ့ အမေနဲ့  ကြီးပြင်းလာ တဲ့  ကိုယ့် ဘ၀မှာ.. ဒီအသက်အရွယ်အထိ clubbing ဆိုတာ တခါမှ မကြုံဖူးဘူး…ဆေးလိပ်တော့  ညီငယ်သောက်လို့  ခိုးသောက်ဖူးတယ်… အရက်ကတော့  တားမြစ် ထားလို့  ခုထိမသောက် ဖူးသေးဘူး.. ကိုယ် စင်ကာပူနဲ့  အဝေးဆုံးနေရာဆိုလို့ … အင်ဒိုနီးရှားကို ကျောင်းက band competition အတွက် တခါပဲေ၇ာက်ဖူးတယ်..သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ် လို ယောက်ျား မျိုးကို သူတို့  မိန်းကလေး သူငယ်ချင်းတွေနဲ့  ခဏ ခဏ မိတ်ဆက်ပေး ခံရဘူးတယ်… သူတို့ မိန်းကလေးတွေ ကိုယ်တိုင် ဒီခေတ်ကြီးထဲမှာ ဒီလို ယောက်ျား မျိုး ရှိတယ်ဆိုတာ မယုံလို့ .. ကိုယ် ရဲ့  ဖုန်းနံပါတ်ကို ကိုယ် သူငယ်ချင်းတွေဆီက တောင်းပြီး ဖုန်းတွေပြောခဲ့ ကြဖူးတယ်..
အဲဒီအထိ ကိုယ် သူနဲ့  မသိသေးပါဘူး…

သူက ကိုယ်ရဲ့  မူလတန်းကျောင်း က ဂျူနီယာ လေ… ခုကျမှ ကိုယ်တို့ ပြန်တွေ့ ကြတာ.. ထူးဆန်းတယ် … သူနဲ့  ကိုယ် ဖုန်းတွေ ပြောကြတယ်…
ပထမဆုံး စပြောကတည်းက သူအသံကို ကိုယ် သတိထားမိတယ်… သူနဲ့  စကား ပြောပြီးတိုင်း ကိုယ် ထပ်ပြောချင်လို့ .. ယောက်ျား တို့ မာန ကိုေ၇ှ့  တိုး ပြီး တပတ်ကို တရက်ပဲ သူဆီဖုန်းဆက်တယ်…
နောက်ဆုံး ချစ်သူနဲ့ ပြတ်ပြီး ၂နှစ်အကြာမှာ ကိုယ် ရဲ့  မိန်းမတွေကို ကြောက်ခဲ့ တဲ့  ရောဂါ ကို သူရဲ့  အသံနဲ့  တခါတည်း ပျောက် သွားအောင် ကုစားပေးနိုင်ခဲ့ တယ်… ကိုယ် သူကို အရမ်းတွေ့ ချင်လာတယ်.. သူ အသံကြားတာနဲ့ တင် ကိုယ် အားမရတော့ဘူး…
ကိုယ် သူ နဲ့ တွေ့ ဖို့ ကြိုးစားတယ်… သူ ကေ၇ှာင်တယ်… လုပ်စရာရှိတာနဲ့ မအားတာနဲ့ … အမျိုးမျိုးအကြောင်းပြတယ်…

ကိုယ် စိတ်အားငယ်မိတယ်…. ကိုယ် က မွတ်စလင်မို့ လို့ လားလို့ … သူပြောတာကို ကိုယ် မှတ်မိတယ်… သူတို့ တမိသား စု လုံး က မွတ်စလင် ဆိုရင် … အားလုံးက အိုစမား နဲ့  အမျိုး တော်တယ်ပဲထင်နေကြတယ်….

ဒါပေမယ့် … နောက်ဆုံး တရက်မှာ သူ ကို ယ့် ကို လာတွေ့ တယ်…
သူ့ ကို တွေ့  တော့ ကိုယ် ပို စိတ်မကောင်း ဖြစမိတယ်…
သူက မြန်မာမလေးတဲ့ …. ဖင်ဖုံးအောင် ရှည်လျားတဲ့ သူမ ဆံပင်တွေ ကို အိမ် အပြန် လိုက် ပို့ ရင်း နောက်က နေ ခိုးနမ်း မိတယ်…သူ ဆံပင်တေါက ရှည် လွန်းလို့  လေအလွင့်မှာ ကိုယ် ခိုး နမ်းတာတောင် သူ မသိရှာဘူး…

သူ ကိုယ့် ကို သူငယ်ချင်းတယောက်လို ဆက်ဆံတဲ့ အခါ မှာ ကိုယ် သူကို လက်လွတ်ဆုံးရှုံး ရမှာကို တွေးပြီး စိတ်မကောင်ုးမိတယ်…
ကိုယ်တို့ လမ်းတလျှောက်မှာ… မူလတန်း တုန်းက ဆရာ ဆရာမတွေအကြောင်းပြောပြီး စကား လမ်း ကြောင်း လွဲ ခဲ့ ရတယ်…

အဲဒီအချိန်မှာ မိုး တွေက ဖွဲ ဖွဲလေးကျနေတယ်. .. ကားလမ်း ကူးတော့ သူ့ လက်ကို ကိုယ် ဆွဲပြီး ကူးခဲ့တယ်…
သူက ပြုံးပြုံး လေး ကိုယ် နောက်က လိုက် ခဲ့တယ်… ကိုယ် သူ့ လက်ကို မလွတ်ရဲ ဘူး… ကိုယ် ဘ၀ထဲကထွက်ပြေးသွားမှာစိုးလို့ …

အဲဒီနေ့  သူ အတွက် ကိုယ် အမေ ကို ပထမဆုံး တော်လှန်ခဲ့  တဲ့ နေ့ …
အမေက ကိုယ်ကို ဘာသာတူလူမျိုးတူနဲ့ ပဲ ရည်းစား ထား အိမ်ထောင်ပြုရမယ်လို့  အမိန့် ကျပြီးတဲ့ နောက်…

ဒီမြန်မာမလေးအတွက် … ကိုယ် အမေ ကို ဘယ်လို လိမ်ရမလဲ လို့  .. စပြီး တွေးတတ်လာတဲ့ ည…

သူကတော့  ဘာမှာ မသိရှာဘူး
………………………………………

ဘယ်လိုမှ ပေါင်းစပ်မရနိုင်ဘူးလို့  ထင်တဲ့ ကိုယ်တို့ စုံတွဲကို လူတွေ မြင်တော့  တော်တော်အံ့သြကြတယ်…
မိခင်နဲ့  ချစ်သူကြား ဗျာ များရတဲ့ ကိုယ် ဘ၀ကို သူက နားမလည်ပေးဘူး..
တနင်္ဂနွေနေ့ တိုင်း သူနဲ့ ထွက်ဖို့ အမေကို လိမ်ခဲ့ ရတဲ့ အကြိမ်ပေါင်းမနည်းဘူး..
ဒါကို သူ သိတယ်ပြောပြီး ခဏခဏ မေ့သွားတတ်တယ်..

ရည်းစားထားရင် ၆လ မကျော်တဲ့  ကိုယ့် ၇ဲ့  အ၇င် relationship အခံလေးတြွေေ့ကာင့် သူနဲ့ ၆လ ကျော်လို့ ပြတ်သွားမှာစိုးရိမ်မိတယ်…
သူ ကို ကိုယ် အရမ်းအလိုလိုက်ခဲ့ မိတယ်.. သူ ဘယ်လောက်ထိ ဆိုးသွားသလဲဆိုရင်..
ကိုယ် သူ ကို အိမ်အပြန် လိုက်မပို့ တော့ဘူးဆိုရင်… ကိုယ့် ကို တပတ်လောက် ကောက်သွားတယ်..

သူအနား ကိုယ် မရှိရင် သူမနေတတ်ဘူးတဲ့ …
ကိုယ်က တော့ သူ ရဲ့  ရည်းစား ဘယ်နှစ်ယောက်မြောက်မှန်းမသိပေမယ့် … သူကတော့  ကိုယ်အတွက် နောက်ဆုံး မိန်းကလေးပါ…

ဒါပေမယ့် ကိုယ် အမေကို တော်လှန် ပြီး သူ ကိုယူ မယ့် အဆင့် ထိတော့ မရောက်သေးဘူး… ကိုယ်မလိမ်ချင်ဘူး..
သူရဲ့  တခါတခါ ကလေးဆိုးတွေကြောင့် တခါတခါ သူ ကိုယ့် ကိုကိုယ် တကယ်ရောချစ်ရဲ့  လား လို့  တွေးမိဖူးတယ်…
ဒါမှမဟုတ်.. ကိုယ် ကအရမ်းအလိုလိုက်လွန်းလို့ … ကိုယ်အပေၞများသံယောဇဉ်ဖြစ်တာလား ကိုယ် ကိုယ်တိုင် တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်..

သူနဲ့  က တကယ်ပဲ ကိုယ်အတွက် ပထမဆုံး အမေမသိအောင် ရည်းစားခိုး ထားခဲ့ ရတဲ့ ချစ်သူပါ…
အမေမသိအောင် ဆိုလို့ … ကိုယ် တို့ ကိုယ် ဆယ်ကျော်သက်လို့ တော့  မထင်လိုက်နဲ့ … အဲဒီတုန်းက ကိုယ်က ၂၂ … သူက ၂၁ တောင်ရှိပြီ… သူနဲ့ ၆လ တွဲပြီး ပြတ်မယ် လို့  ထင်တဲ့ ကိုယ့် အယူတွေကို … သူက ရိုက်ဖျက်ပစ်လိုက်တယ်…

” ယူကို ကိုယ် serious မဖြစ်ဘူးဆိုရင် ကိုယ် အချိန် ၆လ အကုန် ခံပြီး တွဲဖို့ တောင် အစီအစဉ် မရှိဘူးတဲ့ ”

သူ ကို ကျေးဇူးတင်မိပါတယ်..

သူက အရမ်းချစ်တတ်တဲ့  ကောင်မလေး တယောက်ဖြစ်လို့  လည်း သူ ကိုယ့် ကို ချစ် တဲ့ အခါမှာ… ကိုယ့် background, race and religion ကို လည်း မကြည့် ခဲ့ ဘူး..

…………………………………………………………………….

ဒီအချိန်တွေမှာ ကိုယ်သူ့ ကို အရမ်းသတိရမိတယ်… ကိုယ်အလုပ်တွေအရမ်းများနေတယ်ပြောတာကို သူ မယုံဘူး..
ကိုယ် သူ့ ကို တွေ့ ချင်တယ်…
အမေ ကို လိမ်တာ လိမ်ပေါင်းများလို့ လည်း ကိုယ် ဂ၇ုမစိုက်နိုင်တော့ဘူး…
ကိုယ်လိမ်နေတာ ကို အမေသိလို့  အမေတောင် ကိုယ့် ကို ဘာမှမတား မပြောတော့ဘူး…
စနေ နေ့ တွေလည်း အလုပ်မရှိပဲ.. formal style ၀တ် laptop အိတ်ကို လွယ်.. ခပ်တည်တည်နဲ့ အလုပ်သွားမယ်ပြောပြီး.. သူနဲ့ တနေ့ လုံး
အချိန်တွေ ဖြုန်းခဲ့ တဲ့ နေ့ တွေကို သူ ပြန်သတိရမယ်ဆိုရင် သိပ်ကောင်းမှာပဲ…

အဲလို ကိုယ်သူ့ အတွက် ပေးဆပ် ခဲ့တာတွေကို ပြန်ပြောနေတာဟာ.. သူ ဆီက ကိုယ်လို ချင်တာ ပြန်ရဖို့ မဟုတ်ဘူး…
သူ့ ကို လက်ရှိ ကလေးဆန် ဆန်နေတတ်တဲ့ အကျင့်အမူတွေ ပြောင်းပစ်ဖို့ .. လူကြီးလို တွေးတတ်ဖို့ ..

ဒါပေမယ့် …
” ကိုယ် ကလေးဆန်တာ ယူ ကိုယ်နဲ့ မတွဲခင်ထဲက သိနေတာပဲ… ခုမှ ဘာတွေလာပြောနေတာလဲ”

သိသိကြီးနဲ့ ချစ်မိတာကို က ကိုယ့်အမှားလို့ သူ က ထောက်လိုက်သေးတယ်..
ပြီးရင် သူ က..
” ကျောင်း ပြီးရင် ယူ ကို ကိုယ် တို့ မြန်မာပြည် ခေၞသွားမယ် နော်… ဒါ ယူကို ကိုယ် serious ဖြစ်လွန်းလို့ ..စီစဉ်တယ်ဆိုတာ ယူ သိထားပါ..
ပြီးရင် ဘာမှမဟုတ်တဲ့ .. အသေးအဖွဲကလေး ဆန်တယ် ဆိုတဲ့ ကိုယ် အကျင့်တွေ ကို ပုံကြီး ချဲ့  ပြီး .. ကိုယ် ယူ နဲ့  လမ်း ခွဲချင် အောင် မပြောပါနဲ “့

ကိုယ် က ချစ်မိတာကိုး…
ဒါကို သူ ဘယ်တော့ သတိထားမိ ပါ့မလဲ။။။

foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago