foxie284
ရေးချင်တာရေးထားတဲ့ crapbook

အဖွင့်စကား

Posted in   by foxie284 on April 7th, 2009

အစ ရှိရင် အဖွင့် ရှိသလို  အဆုံးရှိရင် အပိတ်ရှိတယ်ဆိုတဲ
့စကားအတိုင်း(ကိုယ်ဟာကိုယ်ထွင်ထားတာ)
ဒီနေရာလေးမှာစီအဖွင့်စကားလေးအနည်းအကျဉ်းလောက်ရေးချင်တယ်။

ရေးရတဲ့အကြောင်းအရင်းကတော့သိတဲ့အတိုင်း  တရွာမပြောင်းသူကောင်းမဖြစ်ဆို စကားပုံလို

ရေးနေကျ wordpressက expireဖြစ်တော့မှာမို့ လို့  အိမ်ရှင်က
အိမ်လခမတောင်းခင် မြန်မြန်ဆင်းပြေး  ဟာ ဟုတ်ပါဘူး။
ဒီနေရာမှာအိမ်အသစ်တလုံးဆောက်လိုက်တာပါ။

အိမ်ဆောက်တယ်ဆိုတာကလည်းလွယ်တဲ့ကိစတော့မဟုတ်လှဘူး။ ပစည်းများတဲ့ စီအနေနဲ
့တနေရာကနေ တနေ စာရေးဖို့ ပြောင်းတိုင်း copy & pasteလုပ်တဲ့ postတွေက
မနည်းဘူး။ဒါတောင် ရှဲဒိုးတွေမပါသေးဘူး။ဒါကြောင့် အိမ်ပိုင်ရာပိုင်နဲ
့ထပ်ပြီးမပြောင်းရအောင် ဒီနေရာလေးကိုဝယ်လိုက်တာ။

အလဲ့  domainမှာ foxie284ကို ရှာတော့ still availableဖြစ်နေတဲ့ 
ဇွတ်ဇက် ဗြိုးဗြက်နဲ့  ကောက်ခါငင်ခါ ၀ယ်လိုက်တာ။ အခုတော့ ကြမ်းတိုက်ရ
တံမြက်စည်းလှဲရ ပင့်ကူအိမ်ရှင်းရနဲ့  အိမ်ကလေးက ဗလာလေးဖြစ်နေတယ်။

နောက်တခု  က စီက ဒီဇိုင်းဆွဲရတာဝါသနာပါတယ်။ ကံမကောင်းလို့ သာ
ဒီဇိုင်နာမဖြစ်တာ။ မသေခင်တော့  ဒီဇိုင်နားလေးဖြစ်အောင်လုပ်ဖို
့ရည်မှန်းထားတယ်။

အဲဒီတော့ စီ ဒီဇိုင်းတွေကို စီ့ ရဲ့ ဟောဒီကိုယ်ပိုင်အိမ်ထဲက
အခန်းတခန်းထဲမှာ ထည့်ထားဖို့ အစီအစဉ်ရှိတယ်။(ကော်ပီလုပ်လို့ ကတော
့ပွေးပေါက်ပြီးသေပါစေတော် ဟီးဟီး)

ဖွင့်ပွဲတော့ မကျင်းပတော့ ဘူး။ ဟိုတံတားတွေလို့ ဖွင့်ပြီး ကျိုးကျမှစိုးလို့ ။

အရင့်အရင်က ပေါ်လစီအတိုင်းပဲ လမ်းကြုံရင်ဝင်ဖတ်လို့ ရတယ်။ မဟား
တရားကြီးဆွဲပြီး ဖတ်လို့ အတင်းအကျပ်မတိုက်တွန်းပါဘူး။သိတယ်မဟုတ်လား
foxie’s style. I love freedom. =>

foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago