Archive for April 7th, 2009
မီးရထား
Tuesday, April 7th, 2009
စီ ငယ်ငယ်တုန်းက မီးရထားစီးရတာ အရမ်းကြိုက်တယ်။ လိုင်းကားတွေစီးရင် အတင်းတက်ခိုင်း အတင်းခုန်ချခိုင်း နဲ့  ကြောက်ဖို့ ကောင်းတယ်။ စီ ငယ်ငယ်လေးကတည်း ကလူတွေကိုစိတ်ဝင်စားတယ်။  လူတွေအကြောင်းလေ့လာချင်ခဲ့တယ်။ လိုင်းကားစီးရင် ကြပ်သိပ်နေတာနဲ့  လူတွေကိုသတိမထားဖြစ်ဘူး။ ဒါပေမယ့် မီးရထားစီးတဲ့ အခါ တဘူတာနဲ့ တဘူတာ နည်းနည်းလှမ်းတော့  ကိုယ်စီးတဲ့ အတွဲ က လူတွေကိုလေ့လာဖို့ အချိန်ရတယ်။ မြို့ ပတ်ရထားတွေကို စီးဖူးသလို ၊ ရိုးရိုးတန်း၊မမ နဲ့ လည်း ရန်ကုန် မနလေးစီးဖူးတယ်။ ရထားစီးရတာပျော်ဖို့ ကောင်းတယ်။ စီ ရန်ကုန်မနလေး ရထားပထမဆုံးအချိန်စီးဖူးတာ လွန်ခဲ့ တဲ့ အနှစ်၂၀လောက်က။ အဲဒီမှာ လူတွေရဲ့ ဘ၀ကို ပိုသိလာတယ်။ ရိုးရိုးတန်းဆိုတော့  [...]
တခေါက်ပြန်
Tuesday, April 7th, 2009
မြန်မာပြည်ကြီး တနေ့ လွတ်မြောက်လာရင်ဆိုတဲ့  အတွေးနဲ့ စလုံးမလုပ်သေးတဲ့ သမီးအဖကို ပြဆိုရင်တော့ စီတို့ သမီးအဖကိုပြရမယ်။ မယုံချင်ဘူး ဒါပေမယ့် ယုံနေသေးတယ်။ အဖေကိုမေးလို့  အဖေ စီ စလုံးလုပ်လိုက်ရတော့မလား။ အဖေက နည်းနည်းလောက်စောင့်လိုက်ပါအုံး။ အသက်ကြီးရင်မြန်မာပြည်ကအကောင်းဆုံးပဲတဲ့ ။ အင်းပေါ့။ သူ့ အတွက်မှန်တာကိုး။ စီက ဒီနှစ်မှ ၂၅နှစ်ပြည့်မှာ ။အသက်ကြီးဖို့  အနှစ် ၅၀ကျော်လောက်လိုသေးတယ်။ ချစ်သောသူက ပြောတယ် စလုံးလုပ်လိုက်ပေါ့နော်။ ဟိုမှာ မင်းအတွက်အမှတ်တရက မင်းစီးချင်တဲ့ မီးရထားပဲရှိတယ်တဲ့ ။ မင်းစလုံးဖြစ်သွားလည်း မင်း မြန်မာပြည်ပြန်ပြီး မီးရထားစီးလို့ ရသေးတယ်ပေါ့နော်။ အခုတလော မြန်မာပြည်ကို လွမ်းသလိုပဲ။ အဲဒါကောင်းတဲ့ နမိတ်မဟုတ်ဘူး။ ဘာလို့ လည်းဆိုတော့ စီဟာ အိပ်ရင်တောင် မြန်မာပြည်ကိုအိမ်မက်မက်တဲ [...]
ထူးဆန်းသောရုပ်ရှင်ရုံ
Tuesday, April 7th, 2009
ရုပ်ရှင်ရုံမှာဘယ်တုန်းက ရုပ်ရှင်ကား စကြည့်ခဲ့မှန်းမသိပေမယ့် ကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံတွေထဲမှာအမှတ်ရဆုံး တရုံတော့ရှိခဲ့ဖူးတယ်။ ပြခဲ့တဲ့ကားလည်း မှတ်မိသေးတယ်။ မင်းသားက ညွန့် ဝင်း။ နယ်ချဲ့ အင်္ဂလိပ်တော်လှန်ရေးကား။ အဖြူအမည်းပဲပြသေးတယ်။ ရွာမှာပြတယ်ဆိုတော့ လည်း ကားအဟောင်းတွေပဲပြတာမဆန်းဘူးနဲ့တူတယ်။  ပိုက်ဆံပေးကြည့်ရတာလား။ အလကားကြည့်ရတာလားတော့မမှတ်မိတော့ဘူး။ ရုပ်ရှင်ရုံဆိုပေမယ့်  စစ်တပ်က အားကစားလုပ်တဲ့ ရုံထဲမှာပြတာ။ပိတ်ကားဖြူကြီးတောင်ပြီး open spaceလိုကြည့်ရတာ။  ၀ါး… ရုံထဲမှာရှယ်ပဲ။။ခုံ သယ်လာတဲ့သူနဲ့ ဖျာယူလာတဲ့သူနဲ့  ဖိနပ်ခုထိုင်တဲ့ သူနဲ့  ထိုင်ချင်သလိုထိုင် ကြည့်ချင်သလို ကြည့်နဲ့  အရမ်းပျော်ဖို့ ကောင်းတယ်။ ညွန့် ဝင်းက နောက်ဆုံးပိုင်းမှာသေတော့ လူတွေဝိုင်းငိုကြတယ်။ စီကတော့ မြေပဲလေးစားပြီး  ဘေးနားက လူတွေပဲကြည့်တယ်။သူ့ ကား က ဆူညံနေတာပဲ။ ပြီးတော့အစင်းကြောင်းတွေကလည်း ပေါ်နေသေးတယ်။ ရွာရုပ်ရှင်ရုံ မကြည့်ဖူးလို့ လိုက်သွားကြည့်တာ။ [...]
Tuesday, April 7th, 2009
တခါတလေ dubaiကိုထွက်ပြေးချင်စိတ်ပေါက်မိတယ်။ စင်ကာပူမှာ နေရင် စီလုပ်စကား တတ်လား။ စီလုပ်စကားတတ်လားနဲ့ ။  စီ စီလုပ်မ မှမဟုတ်တာ။ ဘယ်လိုလုပ်စီလုပ်စကားတတ်မလဲ။ စီလုပ်ပြည်က စီလုပ်မတွေ အလုပ်လာလုပ်ရင် အင်္ဂလိပ်စကားတတ်လားလို့ မမေးပဲ စီတို့ လို စင်ကာပူမှာနေတဲ့ သူတွေကို ကျတော့ စီလုပ်စကားတတ်လားနဲ့ ။ စီ စီလုပ်ပြည်မှာနေနေတာမှမဟုတ်တာ။ တကမာလုံး စီလုပ်ပြည်ကြီးများမှတ်နေလားမသိဘူး။ ကျောင်းတုန်းက အချိန်ပိုင်းအလုပ်ရှာလို့  အင်တာဗျူးသွားရင်  စီကို စီလုပ်စကားတတ်လားလို့ မေးတယ်။  စီကလည်း ပြန်မေးလိုက်တယ်။ နင်တို့  companyက စင်ကာပူမှာမဟုတ်လားလို့ ။စင်ကာပူက စီလုပ်စကားလောက်တော့စီလည်းပြောတတ်တာပေါ့။ အင်္ဂလိပ်ညှပ်ပြောတဲ့ ဟာ။ စီလုပ်ပြည်ကိုသွားဖို့ အင်တာဗျူးရင်တော့ ငါမတတ်ဘူး လို့  ဘုပြောခဲ့တယ်။ နောက်ဆိုရင် dubaiမြို့ ကြီးစည်ကားသွားရင် [...]
Tuesday, April 7th, 2009
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago