တခါတလေတော့လည်း သတိရမိတယ်။နီးနီးလေးနဲ့ ဝေးတဲ့ စကားကို မင်းနဲ့ ငါ့အတွက်စောင်းပြီး
တမင်တည့်တည့်ကြီးထွင်ထားတာလားဆိုတာ တခါတလေ မကဘူး။ အမြဲတမ်းနီးပါးကို စဉ်းစားမိတယ်။
ဟုတ်သလိုလို ဟုတ်နေတာကိုက မထူးဆန်းနေဘူးလားကွယ်။
လူတယောက်ကို ချစ်မိတာဟာ လက်လွတ်ဖို့ အတွက်ဆိုရင်တော့ 
လွယ်လွယ်နဲ့  လက်မလွတ်တတ်တဲ့ ငါ အတွက်က မချစ်တတ်မိရင် ပိုမကောင်းဘူးလား။
ကဗျာဆန်ဆန် မဟာဆန်ဆန်တွေ မပြောတတ်တဲ့ မင်းကြောင့် ငါတို့ ၂ယောက်ကြားက romanceတွေ
ခမ်းခြောက်သွားပြီးလား။
မင်းပြောနေကျစကားလေ။ ချစ်နေရင် ကဗျာတွေမလို ဘူး။ ကာရန်တွေမလိုဘူး။
romanceတွေမလိုဘူးတဲ့ လေ။
ငါ မင်းရဲ့ အချစ်တွေကို တကယ်ခံစားလို့ ရ၇င် မင်းရဲ့ အချစ်တွေကနေ အလိုလိုနေရင်း
အဲဒါတွေကိုဖန်တီးပေးမယ်ဆို။
အခုတော့ ငါ ရင်ထဲ ဗလာချည်းသက်သက်ပါလား။
ဘယ်လိုတွေဖြစ်ကုန်ပြီလဲလေ။ မင်းဆီ ကလိုချင်တာတွေရလွန်းလို့ အခုတော့ ငါ့မှာ ရချင်တာတွေ
မလိုအပ်တော့ဘူး။
အမှတ်ကြီး တယ် မှတ်ဥာဏ်ကောင်းတဲ့ သူလို့ လူတွေ က ငါငယ်ငယ်တုန်းက ပြောကြတယ်။
မင်းနဲ့ မတွေ့ ခင်အထိ အဲဒီစကားတွေအတွက် ငါဂုဏ်ယူမိခဲ့တယ်။
အခုတော့ ငါ့ အတိတ်မေ့ချင်နေပြီ။
မင်းကို သတိရလွန်းလို့ ။
မင်းပေးဆပ်ခဲ့တဲ့ အချိန် ၊အရာတွေအတွက် ငါ့ရင်ထဲက ခံစားချက်တွေမလာတော့ပေမယ့်
မင်းကို မေ့ပျောက်မရအောင် သတိရမိနေတာက
မင်းကို သိပ်ချစ်လွန်းလို့ ပဲ။
တခုတော့ရှိတယ်။ ငါမင်းကိုချစ်နေသရွေ့  ကဗျာတွေမလို ဘူး။ ကာရန်တွေမလိုဘူး။
romanceတွေမလိုအပ်တော့ဘူး။
မင်းကို သိပ်ချစ်ခဲ့ တဲ့ အချစ်တခုနဲ့ တင် ငါ ဟာ ငါ လိုချင်တဲ့ အရာတိုင်းကိုဖန်တီးနိင်ခဲ့ပြီကိုး။
Comments
This entry was posted
on Tuesday, April 7th, 2009 at 7:24 am and is filed under My Special One.
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.