သနားတယ်
Thursday, April 30th, 2009ဘယ်ဘ၀က အကြွေးကြောင့် ငါတို့ မြန်မာတွေ စင်ကာပူမှာဝဍ်လာခံနေရလဲမသိဘူး။ စင်ကာပူမှာအလုပ်ရဖို့ ပိုက်ဆံတွေကုန်။ ပွဲစားတွေကလိမ်။ တလိမ်ပြီးတလိမ် လိမ်။ မြန်မာပြည်ကို ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိပဲပြန်သွားကြမှာကို သူတို့ အရမ်းရှက်နေကြတယ်။ Private schoolတွေကလည်း မြန်မာလူမျိုးဆိုလာထား။ လိမ်စားလို့ ကောင်းသကိုး။ ကျောင်းလခတွေ နစ်နစ်ပိုးပိုးယူ။ ဒီပလိုမှာ စာရွက်လေးတရွက်ကို ဒေါ်လာထောင်ကျော်ပေးပြီး ကျောင်းလာတက်ကြတယ်။ကျောင်းသာပြီးသွားတယ်။အင်္ဂလိပ်လိုတောင်ဖြောင့်အောင် မပြောတတ်ကြဘူး။ သူတို့ တွေမပြန်ချင်ကြဘူး။ ဒါပေမယ့်လည်းအလုပ်တွေကသူတို့ အတွက်မရှိဘူး။ သူတို့ ကိုကြည့်ရတာ titanicနောက်ဆုံးခန်းလောက်က မင်းသားနဲ့ မင်းသမီး သဘောင်္ဦးပေါ် လွတ်မလားဆိုပြီးပြေးတက်ကြတဲ့ သနားစရာကောင်းတဲ့ လူသား၂ဦးနဲ့ တူတယ်။နောက်ဆုံးတော့ လည်း သဘောင်္ကနစ်သွားတာပဲ။ အဲလိုပဲ သူတို့ လည်းအလုပ်မရပဲပြန်သွားကြတာပဲ။ Roseလိုကံကောင်းပြီး အလုပ်ရသွားကြတဲ့သူတွေရှိပေမယ့် Jackလို မရှုမလှနဲ့ ပြန်သွားကြရတဲ့သူတွေက အများကြီး။ သူတို့ တွေစိတ်ဓါတ်တွေကျနေကြတယ်။သူတို့ ရဲ့ မျှော်လင့်ချက်တွေမှေးမှိန်ကုန်ပြီ။ [...]