တနေ့  တနေ့ ဒီလိုပဲကုန်ဆုံးသွားတယ်။ခုထိတော့ဘာမှမဖြစ်သေးဘူး။
မနက်ဖြန် အလုပ်သမားနေ့ ။တရက်လေးအားပေမယ့် ဘာလုပ်ရမှန်းမသိဘူး။
X-menရုပ်ရှင်ကိုကြည့်ချင်ပေမယ့် ကြုံတောင့်ကြုံခဲ အားလပ်ရက်လေးတရက် ကုန်သွားမှာကို
နှမြောမိတယ်။
အိမ်မှာပဲ နေတော့မယ်လို့ ဆုံးဖြတ်တော့လည်း ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိပဲ တရက်သက်သက်
ကုန်ဆုံးသွားမှာကို နှမြောမိပြန်တယ်။
Swine Fluတွေ ခေတ်စားလာတော့ ၀က်သားကိုရှောင်မိတယ်။
mad cow diseaseဖြစ်တုန်းကလည်း အမဲသားကို ရှောင်မိခဲ့ တယ်။
bird fluဆိုတော့ လည်း ကြက်သားကို ရှောင်ရပြန်တယ်။
နောင်ရှောင်စရာ ဘာအကောင်ရှိသေးတယ်။
နောက်ဆုံးတော့လည်း မြက်ပဲစားကြတော့မယ်နဲ့ တူတယ်။
ဒီညတည
တော်တော်နဲ့ အိပ်ပျော်မယ်မထင်ဘူး။
ကျွဲရိုင်းတွေပြန်သောက်တဲ့ ငါ့ရဲ့ သောက်ကျင့်ကပြန်ထလာပြီ။
ဘယ်တော့ကျောက်ကပ်ပျက်စီးပြီး စောစောမာလကီးမလဲ မသိချင်တော့ပါဘူး။
သေမှာကတော့သေချာကြီးပဲ။
အနှေးနဲ့ အမြန်ပဲကွာမယ်ထင်တယ်။
ကံကြမာက ကုန်းဆင်းမှာ ငါ့ဘ၀ကို ဘီးတပ်ပေးလိုက်ရင်တော့ 
သေမင်းဆီစောစော ဆင်းသွားမှာသေချာတယ်။
သူငယ်ချင်းက ပြောတယ်။
foxie284ကိုလူတွေတော်တော်ချစ်ပုံရတယ်။ ရုရှားကလူတွေ spam commentတွေ ပို့ နေတယ်တဲ့ ။
ရော... ချစ်မွှေးပေါက်ချိန်နဲ့ ကြုံပြန်တော့လည်း သူတို့ တွေကအချစ်ပိုနေကြတာကိုး။
တခုတော့ ရှိတယ်။လက်ရှိမှာ မြန်မာနိုင်ငံကလူတွေရဲ့  လွတ်လပ်ခွင့်ကို
စစ်သားတွေထိန်းချုပ်လို့ ရပေမယ့်
အင်တာနက်ပေါ်က ငါ့ရဲ့  လွတ်လပ်ခွင့်ကို အင်တာနက်ပေါ်က မြန်မာစစ်သားတွေထိန်းချုပ်ခွင့်မရှိဘူး။
အစိုးရကို မကြိုက်လို့ မကြိုက်ဘူးရေးတာကို
အစိုးရမကောင်းကြောင်းရေးတယ်အထင်နဲ့ ငါဖန်တီးရာ ငါ့ဂိုဒေါင်ကို သစ်စားတတ်တဲ
့ခြလိုလာပြီးဆွဆွနေ
၇င် ခြမှာသာသွားရှိရင် ခြသွားပဲကျိုးသွားမယ်။ ငါ့ဂိုဒေါင်ကထဲ ငါ့ရေးထားတဲ့ 
အမှန်တရားတွေပျက်စီးသွား
မှာမဟုတ်ဘူး။စစ်သားလည်းလူပဲ။ ငါလည်းလူပဲ။
ငါ့မှာခံစားချက်ရှိသလို စစ်သားမှာလည်းခံစားချက်ရှိတယ်။
ငါ့အစိုးရကိုမကြိုက်သလို
သူလည်းအစိုးရကို ကြိုက်နိုင်တယ်။
ဒါပေမယ့်လေ။ သူ အစိုးရကို ကာကွယ်နေသလိုစိတ်မျိုး မြန်မာပြည်သားတွေကိုကာကွယ်ပေးတတ်မယ်
ဆိုရင် အခုဆို ငါလည်း အစိုးရကိုကြိုက်နေတော့မှာပေါ့။
လက်ရှိမှာတော့ လူတစုအတွက် လူအများစုက ငရဲကျခံနေရတယ်။
ဒါကြောင့်လည်း ငါနဲ့ စစ်သားကြားအကြိုက်ချင်းမတူနေတာဖြစ်တယ်။
This entry was posted
on Thursday, April 30th, 2009 at 4:20 pm and is filed under စီအတွေး.
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.