အသေနဲ့ အရှင်
Friday, May 1st, 2009မနေ့ ညက သောက်ထားတဲ့ (redbull)အရှိန်ကြောင့် ဒီမနက်အိပ်၇ာကထလာတဲ့ အချိန်(မနက်စော စော ရှူးရှူးထပေါက်ချိန်မပါ)ဟာ ထင်ထားတာထက်တောင်စောပါတယ်(မနက်၁၀နာရီ)အရင့် အရင်ကပြောပြောကစောသလို စီက အိပ်ရာထရင် ၁နာရီနောက်ပိုင်းမှာထတတ်တဲ့ အကျင့်ရှိတယ်။ အိပ်ပုတ်ကြီးတာတော့မဟုတ်ဘူး။ အိပ်ရာထရာမှာကိုပျင်းလို့ ။ဇိမ်နဲ့ နှိပ်နေတာ။အဲလို ခုတင်ပေါ်မှာ ဟိုဘက်လှည့်အိပ် ဒီဘက်လှည့်အိပ်နဲ့ လှည့်နေရတာကိုက စီအတွက် ဇိမ်ဖြစ်နေတာ။ လူတွေဟာ စီကို အဲလောက်တောင် သောက်ပျင်းကြီးရလားလို့ မေးလည်း စိတ်မဆိုးပါဘူး။ အမှန်တွေမေးနေတာကိုး။ ဒီလိုပါပဲလေ။ လူတကိုယ်အပျင်းတမျိုးစီဆိုတော့လည်း။ အဲဒီတော့ ဟိုသီချင်းစာသားလိုမျိုး ~*မေ့အပြစ်နဲ့ မေသာ ရှိပါစေတော့ မောင်ရယ်*~ ဆိုလို.. စီ့အပျင်းနဲ့ စီသာ ပျင်းပါရစေ ရှင်ရယ်… ဟော မပြောမဆိုနဲ့ မေလတောင်ရောက်လာပြီ။ အမေများနေ့ ပေါ့။ စီ့အမေအကြောင်း ကတော့ ဟိုအရင်လကတည်းကြိုရေးထားလို့ ခုတော့ေ၇းစရာမလိုတော့ဘူး။ ဒီတော့ မေလမှာဘာရှိမလဲဆိုတော [...]