to meet is to part continue…
Monday, May 11th, 2009တကယ်တော့မိန်းကလေးတွေနဲ့ ဘောလုံးကန်ခြင်းသည် ကျွန်တော့်  တသက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်.. ပြောရလွယ်သလောက် လုပ်ရခက်သည်။ အနားလေးနည်းနည်းလေးကပ်မိသည်နဲ့ ကြီးဒေါ်ရဲ့  ရွှေမျက်စောင်းတော်က စူးလှသည်။အထိမခံ… အကိုင်ခံဖို့ ဆိုတာဝေးလာဝေး.. ကျွန်တော် သူမဆီ ရောက်ခါနီးဆိုရင် ဘောလုံးကို mid defထံပြန်ပေးတတ်သည်..ဒီတော့ ကျွန်တော်က သူမကို ဘယ်အကြောင်းပြချက်နဲ့  ခြေထိုးရမည်နည်း.. ပေါ်တင်ထိုးလိုက်ရင်တော့ရသည်…ဒါပေသည့် ကျွန်တော် အနီကပ်နဲ့ နှစ်ပါးသွားရမည့် အပြင်.. တခြားကျောင်းက ကောင်တွေ ကျွန်တော်ကို လှောင်ကြတော့မည်..တကယ်ပဲ မွန်တဖြစ်လည်း မြဆိုသည့် ကြီးဒေါ်သည် ကျွန်တော်ထင်တာထက်တောင် တော်နေသည်.. တကယ့်ကိုပဲယောက်ျားလေးတယောက်နဲ့ ယှဉ်ပြိုင်ကစားနေရသလိုပဲ… ကျွန်တော့် စိတ်သည် ဘယ်လိုမှ ဒီကစားပွဲတင်မရှိ.. အမှန်တရားကိုဘယ်လိုမှ ရင်ဆိုင်လို့ မရသည့်အပြင် ထင်ထားတာနဲ့ တလွဲဖြစ်နေသည့်အတွက် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ… ဒုတိယပိုင်းစလို့ နာ၇ီဝက်ရှိနေပြီ… [...]