စစ်သား
Friday, May 15th, 2009စစ်သားဆိုတဲ့ စကားဟာ စီအတွက်မစိမ်းလှပါဘူး။ စီ့ အမျိုးတွေထဲမှာလည်းစစ်သားတွေရှိခဲ့တာကိုး။ အဲလိုပြောလိုက်လို့ စီဟာ အကောင်ဗလောင်တွေနဲ့ အမျိုးတော်လိမ့်မယ်လို့ မထင်စေချင်ပါဘူး။ စီအဖိုးဟာ အရင်ခေတ်က အင်္ဂလိပ်စစ်သားပါ။ စီ့ဦးလေးတွေမှာလည်း စစ်သားတွေရှိခဲ့ ပါတယ်။ စီ့ အဖိုးက စလို့  စီ့ ဦးလေးအထိ ဘယ်သူမှ အကောင်ဗလောင်မဖြစ်ခဲ့ ပါဘူး။ စီ့ ဦးလေးကတော့ တိုက်ပွဲမှာကျခဲ့တာ အလောင်းတောင် ပြန်မရခဲ့ ပါဘူး။စောစောသေတော့ လူအမြင်ကပ်မခံရတော့ဘူးပေါ့။မဟုတ်ရင် အကောင်ဗလောင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဝေမတည့်လို့ ဆွဲစိ ခံရတဲ့ အထဲပါချင်ပါသွားနိုင်တယ်။အမေတို့ ပြောပုံအရဆိုရင် ဦးလေးဟာ ကိုယ့် တိုင်းရင်းသားချင်းတိုက်တဲ့ စစ်ပွဲမျိုးမှာမပါခဲ့ ဘူး။ တရုတ်ဖြူတွေကို တိုက်တဲ့ စစ်ပွဲမှာကျခဲ့ တာ။ အဖိုးနဲ့ ဦးလေးခေတ်အထိ နယ်ချဲ့ ကို ပဲတိုက်ခဲ့တာပါ။ [...]