တနင်္လာနေ့ 
Sunday, May 17th, 2009တနင်္လာနေ့ ရောက်လို့ လာပါပြီ။ Sundayထဲက စာစရေးနေတာ။ ကြည့်စမ်း။ မြန်ချက်ကတော့  ဂျက်တက်ထားသလားအောင်းမေ့ရတယ်။အချိန် အချိန်။မင်းနောက်လိုက်ရတာ ကိုယ့် ကို မကြိုက်လို့ အတင်းထွက်နေပြေးနေတဲ့ ဂမ်းနာမ တယောက်လိုပဲ။ပြေးတယ်။လိုက်တယ်။ ဆက်ပြေးတယ်။ဆက်လိုက်တယ်။ကြာတော့မောလာပြီ။နဲနဲလေးမှကိုမကြည်ဖြူချင်တော့ဘူး။ အချိန်သည်ငွေဆိုတာကို ဘယ်သူကလျှာရှည်ပြီးထွင်လိုက်မှန်းမသိပေမယ့် အချိန်=ငွေလို့ သဘောထားလို့ ရပေမယ့် စီ့မှာ ငွေမှာမရှိပဲ စီပိုင်တဲ့ ၃နာရီလောက်နဲ့  KFCတို့  Macတို့ သွားစားလို့ မရဘူး။သူတို့ လိုချင်တာက ငွေပဲလေ။အချိန်မှမဟုတ်တာ။အဲဒီ အချိန်အတိုင်းအတာတခုအတွင်း ကိုယ်ပိုင်လုပ်အားသုံးပြီး တခုခုလုပ်တော့မှ တန်ရာတန်ကြေးဆိုတဲ့ ငွေက ဘွားကနဲ ပေါ်လာတာ။ လက်ငင်းဆိုတော်သေးတယ်။ chequeနဲ့ ဆို ၃ရက်လောက်စောင့်ရတယ်။ ဒါကြောင့် ငွေ= ကိုယ်ပိုင်လုပ်အားလို့ အဆိုပြချင်(အဲ အဆိုပြုချင်တယ်)။ ပြောပြောကစောတာလေး ပြန်ဆက်ရအောင်။ တနင်္လာနေ့ အကြောင်းလေ။ တနင်္လာနေ [...]