ဗေထုပ်ပုံ(-၁၃)

စာဆိုတာ ရေးစရာရှိမှ ရေးတာအကောင်းဆုံးပဲ…
ရေးစရာမရှိပဲ.. just 4 the sake of smth on da page ဆိုရင်
ရေးသူ ရော ဖတ်သူရော feel ငုတ်တယ်…စီလည်း တော်ရုံတန်ရုံ စာမရေးဘူး။
ဇာတ်လမ်းတွဲတွေ ဘာတွေလည်းမရှိဘူး။
ဖြစ်နိုင်ရင် စ/ဆုံးတွေရေးတာများတယ်။ ကိုယ်တွေ့ လေးတွေ ကို ဇာတ်လမ်းလို ရေးသလိုမျိုးရှိသလို… ဇာတ်လမ်းကို ကိုယ်တွေ့ လိုမျိုးရေးတာလည်းရှိဖူးတယ်။ ဘယ်တော့မှ ကိုယ်တွေ့ ကို ကိုယ်တွေ့ လို့ မရေးဘူး။ဇာတ်လမ်းကိုဇာတ်လမ်းလိုမျိုးလည်းမရေးဘူး။အဲလို flow တွေက လူတိုင်းရေးတတ်တယ်။ကိုယ် လုပ်နိုင်တဲ့  အရာ တခု ကိုယ် လုပ်တတ်တဲ့  အရာတခုကို မလုပ်ဖူးတဲ့ သူတွေကြားမှာ သွားလုပ်ရင် ကိုယ်ပဲ အမြဲ တော်နေ တတ်နေ ပြီးတော့ ဘာမှ အသစ်အဆန်းတွေကို သင်ကြား သိရှိခွင့်မရနိုင်ဘူးတဲ့ ။ ကိုယ့် ကိုကိုယ် သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ မာန်မာနတွေပဲရှိနိုင်မယ်။

မနေ့  က တီဗွီမှာ first classဆိုတဲ့  ကျောာင်းဆရာ ဟာသ ဇာတ်လမ်းတိုလေးကြည့်မိတယ်။ ကလေးတွေက secondary 1ရောက်တော့  CCA (CO-CURRICULUM ACTIVITIES)ဆိုတာကြီးကို ယူကြရတယ်.. တယောက်တမျိုးစီ ကိုယ် ကျွမ်းကျင်ရာကို ယူကြတယ်။ နောက်တော့ ကိုယ်သိပြီးသားတွေ ထပ်သင် ထပ်လုပ်နေရတော့ ပျင်းလာတယ်။ နောက်ဆုံးတော့  ကိုယ် ယူထားတဲ့ CCA ကနေ ထွက်ပြီး drama club ကို ပြောင်းကြတယ်။

အဲဒီ ဇာတ်လမ်းလေးကြည့်ပြီး စီ ငယ်ငယ် တုန်း က ကျောင်းသား ဘ၀ကို သတိရမိတယ်။
ရန်ကုန် မှာ အထက်တန်းကျောင်းတက်တုန်းက CCA ဆို တာမျိုးနဲ့ ကြုံဖူးတယ်။ ၅တန်းလား ၆တန်းလား မသိတော့ဘူး။ ကျောင်းသား တွေ ကိုယ် ကြိုက် နှစ်သက်ရာ အသက်မွေးဝမ်းကျောင်း တခု သင်ရမယ်တဲ့ ။
တခါမှ မကြားဘူးတော့  အထူးအဆန်း ဖြစ်နေတယ်။ ဘာတွေပါလည်းဆိုတော့  အိမ်တွင်းမှု ၊ စိုက်ပျိုးရေး ၊ အားကစား၊
အိမ်တွင်းမှု မှာ ကြက်သွန်လှီးနည်း အပ် ချုပ်နည်း
အားကစားမှာ ကြက်တောင် ထုတ် စီတိုး နောက် ဘာတွေလည်း မသိဘူး။

စိုက်ပျိုးရေးမှာ အပင်စိုက် အမှိုက်ရှင်း ။
ရွေးစရာတွေက များလွန်းလို့ တော့  (၃ခုကြီးတောင် ) ဘာရွေးရမှန်းမသိဘူး။
သူငယ်ချင်းတွေနဲ့ တိုင်ပင် ပြီးတော့  အိမ်တွင်းမှု ယူလိုက်တယ်။
စီတို့ ဆို အဲနေ့  ရောက်၇င် အရမ်းပျော်တယ် ။ စာမသင် ရပဲ အလေလိုက်ရလို့  ။
နောက်တော့  အိမ် တွင်းမှု က ကျောင်းသားတွေပါ စိုက်ပျိုးရေး ဘက်ကို သွားပြီး ကျောင်းဆောင် ပတ်လည် က သစ်ရွက်ခြောက် တွေ လိုက်ကောက် တံမြက်စည်းလှဲနဲ့  ရောကုန်လာတယ်။
နောက်ကြတော့  အိမ်တွင်းမှုက ရော စိုက် ပျိုးရေး ကရော ကျောင်း သားတွေ အကုန်လုံး ထုတ်စီးတွေ တိုးကြတယ်. ။
နောက်ဆုံးတော့  ကျောင်းသားတွေအကုန်လုံး အဲဒီ so called CCA နေ့  ဆိုရင လုပ်ချင်တာ လုပ် ကြတယ်။
နောက်တော့  အဲဒီအစဉ်အလာ ကြီးပျက် သွားလားမသိဘူး။
စီ ထင်တာတော့ စီတို့ က 1st batch နဲ့  တူတယ်။ ဒါကတော့  မြန်မာ ပြည်ကျောင်း တွေက စီမှတ်မိသလောက် စီယူခဲ့ တဲ့  CCA ပေါ့ ။

ဒီရောက်တော့  မှ CCA ဆိုတာ ဘာကြီးမှန်း သေသေချာချာသိတော့တယ်။
အဲလို ပဲ primary အောင်တော့  secondary တက် ။ sec 1 ရောက်တော့  CCA ကြီးနဲ့  တိုးတော့တာပဲ။ စီက ငယ်ငယ်လေး တည်း က Uniform ကို အသေကြိုက်တာ ။ ကြီးလာတဲ့ အထိ ကြိုက်တုန်းပဲ။ တခါတလေ တိုတိုနဲ့  အပြင်သွားလို့  ဘေးကနေ Army .. police.. Civil defence uniform နဲ့ ဘဲတွေဖြတ်သွားရင် ပေၞတင်ကြီးကို လိုက်ငမ်း ပစ်လိုက်တယ် ။
စီစိတ်ထဲမှ ယောက်ျား တယောက်ဟာ uniform နဲ့ ဆိုရင် တော်တော် လေးကျက်သရေရှိတယ်။ တော်တော်လေး လည်း ကြည့်ကောင်းတယ်။
ဒါနဲ့  CCA orientation နေ့ လည်း ရောက်ရော girl guide ယူလိုက်တယ်။ ဟုတ်သော်ရှိ..မဟုတ်သော်ရှိ …
uniform နဲ့ ဆိုတော့  လူရှိန်တာပေါ့ ဟားဟားဟားဟား။

sec 3/4 လောက် လည်း ရောက် အကျင့် ကပျက်လာတယ်။ CCA ရှိရင် မသွားချင်တော့ ဘူး။ ပျင်းလာတယ် ။ လုပ်နေကျဟာတွေ အပတ်တိုင်းလုပ်နေရတာ။ အမေနေမကောင်းတာနဲ့ … အဖနေမကောင်းတာနဲ့ … ဗိုက်အောင့်တာနဲ့ .. မိုးမိတာနဲ့  . .. အပတ်တိုင်း ရှိသမျှ ဆင်ခြေဆင်လက် ဆင်မြှီး တွေ ပေးပြီးရှောင်လာတယ်။ ပျင်းလာပြီလေ… မလုပ်ချင်တော့ဘူး။

စီ က စိတ်ပါရင် ကိုယ် လိုချင်ရင် ရအောင်လုပ်တယ် ။ မလုပ်ချင်ရင် ဖင်ကို ဂေၞနဲ့  ကော်ပြီး လုပ်ခိုင်းတာတောင် မလုပ်ဘူး ။
အမေဆို အမြဲ ဆူတယ်။ စိတ်ပါမှ လုပ် တာမကောင်းဘူးတဲ့ ။
စီ ပြောနေကျ စကား တခွန်းရှိတယ် ။ မချစ် သော်လည်း အောင့် ပြီးတော့ မနမ်း တတ်ဘူးလို့ ။

ကိုယ် မလုပ်ချင်တဲ့ ဟာ တခုခု အတင်းကို လုပ်ရပြီးဆိုရင် မချစ်သော်လည်း အောင့်ကာနမ်းနေရတယ်လို့  ပြန်ပြောတတ်တယ်။ ဟားဟားဟား ။
သူငယ်ချင်းတွေဆို စီ ကို မေးတယ်။ စီ ယူ ခုဘာလုပ်နေလည်း ..ဆို.. စီ က မချစ် သော်လည်း အောင့် ကာနမ်းနေတယ်လို့  ပြန်ဖြေရင် သူငယ်ချင်းတွေ ဘာကိုဆိုလို လည်း သိပြီ။

စီ တစိုက် မတ်မတ်လုပ် တဲ့ အလုပ်ဆိုလို့  .. လက်ရှိတွဲနေတဲ့  ဘဲတဗွေပဲရှိတယ်။ တွဲတာကလည်း တော်တော်ကြာပြီ ..သူထက်ကောင်းတဲ့ ယောက်ျား ရှာမတွေ့သေးလို့  (ဟာ မဟုတ်ပါဘူး ရောကုန်ပြီ) သူငယ်ချင်းတွေကလည်း တော်ရှာပါတယ် ။ နင်တို့ မ ပြတ်ကြသေးဘူးလားတဲ့ ။ တော်တော်လေးကြာနေပြီနော်တဲ့ ။

စီ မပျင်းမရိပဲ စိတ်ရှည်ရှည် နဲ့ လုပ်နေကြ အရာဆိုလို့  ..သူ ကို နှစ်ရှည်ရှည် ချစ်နေတာ တခုပဲ ရှိသေးတယ်။
ဒါကို သူ အမြဲ သိနေရင် သိပ်ကောင်းမှာပဲ .. သူသိမှာပါ …

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago