to meet is to part cont’2
ခြေထောက် က ဒဏ်ရာ ထက် ရင်ထဲက တဆစ်ဆစ်နာကျင်ခြင်းက ပိုလို့ ခံရခက်သေးသည်..
ခုချိန်မှာ ဒယ်ဒီသာ ကျုပ်အနားမှာရှိရင် ဒယ်ဒီကို ဖက်ပြီး ကျုပ်အားရပါးရ ငိုမိမှာသေချာသည်..
မငိုပဲနဲ့ မျက်ရည်တွေကျ အလိုလိုကျလာသည်.. ရင်ထဲမှနာကျင်ခြင်းကြောင့်ကျလာတဲ့ မျက်ရည်လော.. ခြေဖမိုးမှ နာကျင်သောကြောင့်ကျလာတဲ့ မျက်ရည်လော..ဘာပဲဖြစ်ဖြစ်အဲဒီညနေက ကျုပ်ဘ၀အတွက် အမုန်းဆုံးသောယောက်ျားတယောက်ကို တွေ့ ရှိလိုက်သည်..
မုန်းတယ်… မုန်းတယ်.. နင်ကို ငါ ရွံတယ်.. ARRRHHHH!!!!
ကျုပ်ရဲ့  စိတ်ကို မိုးရေထဲလွတ်ချပေးလိုက်သည်…
စိတ်ကို လျှော့ ချလိုက်တော့ လူက မြေကြီးပေါ်ပုံရက်သားကျသွားသည်..တကယ်လို့ သာ ကျုပ်ရဲ့  ဖိနပ်တွေ ခြေအိတ်တွေကို ချွတ်ဖယ်လိုက်မယ်ဆိုရင် ရောင်ကိုင်းနေမယ့် ကျုပ်ရဲ့  ညာခြေဖမိုးကို ခင်ဗျားတို့ မမြင်ချင်ပဲ မြင်ကြရလိမ့်မယ်… အဲဒါဘယ်ကောင်ကြောင့်လဲ… ဘယ်ကောင်ရှိမလဲ.. ဟိုအကောင်ပဲပေါ့…
ယောက်ျားတယောက်ရှေ့  မှာ ငိုမိခြင်းဟာ ကျုပ်ငိုတာမြင်ဖူးတာဆိုလို့ ကျုပ်ဒယ်ဒီပဲ၇ှိတယ်..
ခြေဖမိုးက တဆစ်ဆစ်နာနေရက်ကြားက ဒီကောင်က ကျုပ်ကို အချိန်ဆွဲလို့ ရအောင် နာချင်ဟန်ဆောင်သလေး ဘာလေးနဲ့ … ကျုပ်ကို အားကစားစိတ်ဓါတ်မရှိတဲ့ ပုံစံနဲ့ ပြောလိုက်တဲ့ အချိန်က ကျူပ်ဒေါသတွေ ထိန်းချူပ်ရလွန်းလို့  အသက်ရှူရမှန်းမေ့နေတယ်..
ဒင်းကသာ.. ယောက်ျားတန်မဲ့ အားကစားစိတ်ဓါတ်မရှိပဲ ကျုပ်ရဲ့  ခြေဖမိုးတွေကို တက်နင်းပြီး ဘောလုံးကို ဖြတ်လုသွားတာ.. မြင်လိုက်တဲ့ သူတွေမြင်တယ်.. အင်းပေါ့လေ.. ဒိုင်သူကြီးက သူတို့ ငှားထားတဲ့ ဒိုင်သူကြီးဆိုတော့ လည်း အဲဒီဒိုင်သူကြီးလည်း မျက်လုံးကန်းနေတာပါမှာပေါ့..
လူတွေမ၇ိပ်မိအောင် အတင်းမတ်တပ်ရပ်ထားရတာ။စိတ်လျှော့လိုက်တော့ ပြန်လဲကျသွားသည်..ဘယ်လိုမှထလို့ မရတော့ ။သွားပြီ..ဒီအတိုင်းဆို PoLite tournamentမှာကန်လို့ ရပါ့အုံးမလား…။မိုးတွေက ရွာနေစဲ.. သူငယ်ချင်းတွေကလည်း ကျုပ်စိတ်အရမ်းတိုနေမှန်းသိတော့ အနားမကပ်ပဲ ကျုပ်ကိုမိုးရေထဲမှာလွတ်ထားသည်…
တဖြည်းဖြည်းနဲ့ အချမ်းဓါတ်ကို ခံစားလာရသည်… သွားပြန်ပြီ..ဖျားတော့မယ်…
“မြ”
အသံလာရာဆီကိုမော့ကြည့်လိုက် တော့ ကယ်တင်ရှင် တဖြစ်လဲ ကျော်ထွန်းက ကျုပ်ဘေးမှာရောက်လို့ နေသည်..။
“စောစောတုန်းက ကွင်းထဲမှာဘာဖြစ်သွားမှန်းကျွန်တော်မသိလိုက်ပေမယ့် မြတခုခုဖြစ်သွားတယ်ဆိုကျွန်တော်ရိပ်မိတယ်.. ဒါပေမယ့် ဒီလိုမိုးရေကြီးထဲမှာဆက်မနေပါနဲ့ ဗျာ။ မြ ဖျားသွားလိမ့်မယ်.. ကျွန်တော်စိတ်ပူတယ်… အဲဒါကျွန်တော်လာပြောတာ.. ကျွန်တော်တို့ အသင်းသားတယောက်ယောက်နဲ့ ငြိတာဆိုရင်လည်း… နောက်နေ့ တွေကျ၇င်အေးအေးဆေးဆေးဆွေးနွေးလို့ ရပါတယ်..ကဲ ကျွန်တော်သွားတော့မယ်… မြဒီလို ကွင်းထဲမှာ ပေပြီးနေနေတာ ကျွန်တော်တကယ်စိတ်ပူနေတယ်ဆိုတာ မြသိရင် ဒီနေရာကနေ အမြန်သွားပါစေဗျာ..”
ကျော်ထွန်းပြောပြီးပြန်အလှည့် ကျုပ်သူ့ လက်ကို လှမ်းဆွဲမိလိုက်သည်… သူတချက်ရပ်တန့် သွားသည်။ ကျုပ်သူ လက်ကို မလွတ်ပဲ အတင်း ဆွဲထားသည်…
“ကျုပ်ခြေထောက်နာနေတယ်…ဘယ်လို့ မှထလို့ မရဘူး…”
“ဘယ်ဖက်လဲ”
“ညာဘက်ခြေထောက်”
“ဟာ စောစောကတည်းကဘာလို့ မပြောတာလဲ..”
“ပြောမလို့ ရှိသေး….” ပြောတာပင်မဆုံးသေး…
ကျုပ်တကိုယ်လုံးလေပေါ်မြောက်သွားသည်..ရှက်လိုက်တာ..ရှက်လိုက်တာ..
မျက်နှာကိုဘယ်မှာထားရမှန်းတောင်မသိတော့ဘူး…။
ကွင်းထဲမှာ ဗွက်တွေ မြက်တွေပေနေတဲ့ ကျုပ်ကို ကျော်ထွန်းက မပြောမဆိုနဲ့ ချီမလိုက်သည်…
အား… ကျုပ်တကိုယ်လုံးကတော့ ချွေးတွေ မိုးရေတွေနဲ့ နံစော်နေမှာပဲ…တကယ်ပဲ…မျက်နှာကိုဓါးနဲ့ လှီးပစ်ချင်စိတ်ပေါက်တော့တယ်..
အဲဒီနေ့ က ကဗျာမဆန်ပဲ သူနဲ့ ကျုပ်နဲ့ စသိတဲ့တာပေါ့…