Archive for May 22nd, 2009

fav indo song

Friday, May 22nd, 2009

meaning သိချင်ရင် googleမှာရှာကြည့်။:d Bintang di langit Kerlip engkau di sana Memberi cahayanya di setiap insan Malam yang dingin Kuharap engkau datang Memberi kerinduan di sela mimpi – mimpinya Melangkah sendiri di tengah gelap malam Hanya untuk mencuri jatuh sinaran Tak terasa sang waktu Melewati hidupnya Tanda pagi menjelang Mengganti malam Oh bintang tetaplah pastikan cahyanya [...]

untitle-29.9.2008

Friday, May 22nd, 2009

ဒီကနေ့ အိပ်၇ာကထတော့ စိတ်ကနဲနဲလေးရှုပ်နေတယ်။ အိပ်နေတုန်းမိုးတွေသဲကြီးမဲကြီးရွာနေတာတော့ သတိထားမိတယ်။ ပြတင်းပေါက်ကို ပေ ပြီး မပိတ်ပဲ ဆက်အိပ်ဖို့ ကြီးစားပေမယ့် မိုးသံက တိုးတိုးပြီးညံလာတဲ့ အပြင် မိုးရေတွေပါ ပက်လာလို့  ပြတင်းပေါက်နား မျက်စိမှိတ်စမ်းသွားပြီး ပိတ်လိုက်တယ်။ မိုးရွာတုန်း  အိပ်တိုင်း သောက်ရမ်းဇိမ်ခံတတ်တဲ့ စီဟာ..ဒီနေ့  မိုးသဲကြီးမဲကြီးရွာတုန်း အိပ်တဲ့ အခါ ဘယ်လိုမှကို ခံစားလို့ မရဘူး အဲဒီအတွက် စိတ်က နည်းနည်းလေး ကသိကအောက်ဖြစ်နေတယ်။ သေသေချာချာဇစ်မြစ်ကိုရှာလိုက်တော့ လည်း  ပြသာနာက အသေးအဖွဲလေးတွေဖြစ်နေတယ်။ ဒါပေမယ့် သေချာတာတခုကတော့ စီ ဒီနေ့  ဘူကိုက်နေတယ်။  ဘာလုပ်လုပ်စိတ်တိုင်းမကျဖြစ်နေတယ်။ လိုချင်တာကို ရတော့ လည်း  အရင် ကဆို နည်းနည်းလေး ဘုကလန့် လုပ်လိုက်တာနဲ့  [...]

ဆိုကြမယ် ခုန်ကြမယ်..

Friday, May 22nd, 2009

တိုးတက်လာတဲ့ လူနေမှုအဆင့်အတန်းနဲ့ အတူ..တိုးတက်ပြီး ပိုက်ဆံလေးမြိုးမြိုးမြိုက်မြိုက်ရမယ့် အလုပ်တခုလောက်လုပ်ရင်ကောင်းမလားလို့ စီစဉ်းစားကြည့်မိတယ်.. အဲဒီအတွက် တိုးတက်တဲ့ နိုင်ငံတခုကို သွားပြီး..နေထိုင်ရာမှ..တိုးတက်ရာတိုးတက်ကြောင်းလေးဖြစ်လာမှာမဟုတ်လား.. ဒါနဲ့ အတိုးတက်ဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဆိုတော်လုပ်ရင်ကောင်းမလားလို့ ..။ စီအသံကတော့ ကြွားပြောတာမဟုတ်ပါဘူး.. တကယ်လုပ်ရင် တောင်းစားလို့ ..အဲ..တကယ်လုပ်ရင် အကောင်းစားလို့ ပြောကြတယ်.. စီကနဲနဲရှက်တော့ (မရှိတဲ့ အရှက်ကိုပြောနေတာ)… အကောင်းစားအသံလေးတွေက  ဟိုအသီးလိုဖြစ်နေတာ ။ ဘာတဲ့ ရွက်ပုန်းသီးလား.. ဘာသီးလား..။ မလိုအပ်ရင်  သိပ်ပြီးတော့ မထွက်တတ်တဲ့အကျင့်ကလည်းရှိတာကိုး (အသံ)။ အဆိုတော်အလုပ်က စီနဲ့ အကိုက်ဆုံးပဲ။ အသံ မကောင်းရင် Rap ဆိုမယ်..အသံကောင်းရင် R&B ဆိုမယ်။ နည်းနည်းလေးဆိုပြီး များများလေး ခါမယ်။ များများလေး ဖော်ပြီးနည်းနည်းလေးလှုပ်ပြမယ်(အကုန်ထွက်ကျမှာစိုးလို့ )။ စာသားမေ့ရင်  ပရိသတ်ကို လိုက်ဆိုခိုင်းမယ်.. ကံကောင်းရင် ဗီဒီယိုတောင်ရိုက်ရအုံးမယ်။ [...]

အမေ

Friday, May 22nd, 2009

ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ သူ့ စကားကို အခွန်း၁၀၀ မှာ ၆၅ခွန်းလောက်ပဲနားထောင်တတ်တဲ့  စီကိုမွေးခဲ့ လို့ ။ အမေ က အားငယ်တတ်တယ်။ ဒါပေမယ့်စိတ်ကြီးတယ်။ အဖဟာ သူ့ ရဲ့  ဘ၀တခုလုံးလို့ မှတ်ယူထားတဲ့ အမျိုးသမီးတယောက်။ ယောက်ျားရကံကောင်းပြီး သားသမီးရကံမကောင်းဘူး လို့  ပတ်ဝန်းကျင်က ပြောတိုင်း စီ ရင်နာနာနဲ့ ပြုံးခဲ့ ရတယ်။အဲဒါကြောင့်မြန်မာပါးစပ်ပေါက်တွေတွေ့ ရင် ပါးစပ်ထဲ အက်စစ်ထည့်လောင်းချင်မိတယ်။ တဆိတ်ကိုတအိတ်လုပ်ပြောတတ်တဲ့ မြန်မာလူမျိုးတွေနဲ့  စီနဲ့  အပေါက်မတည့်တာ  စီအသက်တ၀က်နီးပါးပါပဲ။ဘာပဲဖြစ်ဖြစ်လေ ခုတော့  အမေ က လူတွေကို မေတာထားတဲ့ ။ နောက်တခါ စီမကောင်းကြောင်းပြောတဲ့ မြန်မာတွေတွေ့ ရင် [...]

မော်ဒန်(လ်)ဖြစ်ချင်သူ… မိစီ

Friday, May 22nd, 2009

လွန်ခဲ့  ၂ရက်လောက်တုန်းက တခုသော မနက်ခင်းတခုမှာ စီက အိပ်ချင်မူးတူးနဲ့  ချစ်မေမေအခန်းထဲဝင်ပြီး အိမ်သာတက်ဖို့ အလုပ်.. laptopတခုလုံးနဲ့ အလုပ်ရှုပ်နေတဲ့  အမေကို တန်းပြီးတွေ့ လိုက်ရတယ်။ မနက်စောစောစီးစီး..အတော်လေးကို စူးစမ်းပြီး မော်နီတာကို အသေအချာကြည့်နေတဲ့ အမေ ကို စီလည်းစပ်စုချင်တာနဲ့  အနားကပ်ပြီးလိုက်ကြည့်လိုက်တယ်။ မြန်မာwebsite တခုမှာ မြန်မာမော်ဒယ်(လ်)တွေ ကော့ကော်ကန်ကား ပေါင်ကားယား လက်ကားယား ဖြစ်နေတဲ့ ပုံတွေ ကို ကြည့်နေတာကိုး။ အမေက ပြောတယ်။ “တွေ့ လား မိစီ ..နင် အဲလို ကော့ကော်ကန်ကား ပေါင်ကားယားနဲ့  ပုံ  အင်တာနက်မှာမြင်လို့ ကတော့ နာပြီသာမှတ်”တဲ့ ။ အော်.. အမေ..အမေ.. သူ့ ခမျာ.. [...]


foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 6 months ago[*]
:where ya? about 1 year ago