မိန်းမတယောက်ဧ။်တန်ဖိုး
ဒီစကားကို မြန်မာပြည်မှာနေကတည်း ကြားဖူးတယ်။အမေကလည်း ပြောလိုက်.. အဖွားကပြောလိုက်.. ၀မ်းကွဲတွေကပြောလိုက်..
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ရပ်ကွက်ထဲမှာရည်းစားများတဲ့ကောင်မလေး ရှိခဲ့ရင်.. ဟုတ်တော်ရှိ မဟုတ်တော်ရှိ လူတွေက
ဟယ်ကြည့်စမ်း။ ဒီမိန်းကလေးက တန်ဖိုးမရှိတော့ဘူး။ ဒါက လွန်ခဲ့ တဲ့ ၁၀နှစ်တုန်းကနော်။ အဲဒီတုန်းကတော့ စီကငယ်သေးတော့ ..
ဘာတန်ဖိုးမှန်းလည်းမသိဘူး။ မှတ်ထားလိုက်တာက အပေါစားအရာတခုလို့ ပဲထားလိုက်တယ်။
ခုကြီးလာတော့(အသက်) နည်းနည်းသတိထားမိတယ်။ မိန်းမတယောက်ရဲ့  တန်ဖိုးဆိုတာ ဘာလဲ။
မိန်းမတယောက်မှာရော တန်ဖိုးဆိုတာရှိခဲ့ လား။ မိန်းမတယောက်ကို တန်ဖိုးထည့်ပေးလိုက်ရင်.. ဆိုလိုတဲ့  သဘောက  အဲဒီတန်ဖိုး ကို ပေးနိုင်ရင် ၀ယ်ယူလို့ ရတယ်ပေါ့။  ဒါဆိုမိန်းမတယောက်ဟာ  တိကျတဲ့ တန်ဖိုး ရှိလေ.. သူကိုရယူဖို့ ပိုသေချာလေပဲပေါ့။
အရင်က စီဘာမှမသိဘူး။ မသိဘူးဆိုတာလည်း မသိချင်ယောင်ဆောင်နေတာ။
တော်ကြာ သိနေတတ်နေချင်..လူတွေပိုခိုင်းချင်နေမှာစိုးလို့ .. ဟဲဟဲဟဲ.. ဟုတ်ပါဘူး.. အတည်ပါ။
မြန်မာပြည်မှာဆို.. ကလေးအမေတွေ ပြိုင်စရာမရှိ.. ကျူရှင်ပြိုင်ထားကြတယ်။ ကိုယ့် သမီး တန်ဖိုးမြင့်အောင်။ကျောင်းကောင်းတွေထားကြတယ်။ဆရာဝန်တွေ အင်ဂျင်နီယာတွေမဖြစ်တော့ရင်ပဲ..  လူဖြစ်ရှုံးတော့မလိုနဲ့ ။
ပြီးတော့ မိန်းကလေးက လည်း သူတန်ဖိုးထိန်းတဲ့အနေနဲ့  လက်ဖက်ရည်ဆိုင်.. စာအုပ်ဆိုင်ရှေ့ ဖြစ်သွားရင် တခွိခွိနဲ့ ..ပဲတွေပေးတတ်ကြတယ်။  မိန်းကလေးလေ။  ဟဲ့ကောင်.. နင်ကိုငါကြိုက်တယ်.. ငါကိုနင်ကြိုက်မလား။ လာခိုးပြေးမယ်လို့ .. ကောင်လေးကိုသွားပြောလို့ မရဘူးလေ။တန်ဖိုးချသွားမှာပေါ့။
ဒါနဲ့  စီ သတ်မှတ်ကြည့်တယ်။ မြန်မာမိန်းကလေးတယောက်ရဲ့  တန်ဖိုးဟာ  ပညာရေး + ပဲပေးခြင်း+ မာနကြီးပြခြင်း
မာနကြီးလေ ဘဲတွေကချိုးချင်လေဆိုတာ  မြန်မာပြည်ကနေ စင်ကာပူကိုစရောက်ခါစ မြန်မာမိန်းကလေးများမသိကြဘူး။
ဒါနဲ့  စင်ကာပူရောက်လာရော..မိန်းကလေးတန်ဖိုးကို သူ ၀တ်စားထားတဲ့  ဆင်ယင်မှုအပေါ်မှာ  ဆုံးဖြတ်ကြတယ်။
တချို့ ကလည်း ကိုယ်ခနာကိုကြည့်ပြီးဆုံးဖြတ်ကြတယ်။  ပိန်ပါးပေမယ့် တင်ပါးကြီးကားနေရင် ဒါ တန်ဖိုးရှိပြီပေါ့နော်.. ဘယ်နေရာ အတွက်တန်ဖိုးရှိလည်းတော့မသိဘူး။
တချို့ ကလည်း မိတ်ကပ်လည်းပုံ  နေပုံထိုင်ပုံကို ကြည့်ပြီး တကိုယ်ရေတကာရ သန့် ရှင်းတာကို ကြည့်ပြီး တန်ဖိုး ဖြတ်တတ်ကြတယ်။
ဒီက မလေးမတွေဆိုရင်  တော်တော်များများက မျက်ခုံးမွေးပါးပါးနဲ့  အမြဲတမ်းမိတ်ကပ်လိမ်းထားတယ်။
စီရဲ့ မလေးယောက်ျားလေးတယောက်ကို မေးကြည့်တယ်။  မင်း မိတ်ကပ်နဲ့ ကောင်မလေးကိုကြိုက်လားလို့ ။
သူကပြောတယ်.. ငါက ချစ်သူရဲ့  ပါးကိုနမ်းချင်တာ.. မိတ်ကပ်တွေကို နမ်းချင်တာမဟုတ်ဘူးတဲ့ ..
ချစ်သူရဲ့  ပါးကို လျှက်ချင်တာ.. မိတ်ကပ်တွေကို လျက်ချင်တာမဟုတ်ဘူးတဲ့ ။
ဒီဘဲကိုတော်တော်လေးလေးစားမိတယ်.ရေလည်ခိုက်သွားတယ်။
စီသာ ယောက်ျားတယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း  စီရဲ့  ချစ်သူ ကောင်မလေးရဲ့  မျက်နှာကို ဘာမှမလိမ်းပဲပြောင်ပဲမြင်ချင်တယ်။သူနဲ့  အသားချင်း စစ်စစ်ထိတွေ့ ချင်တယ်။ သူ မျက်နှာပါးပြင်စစ်စစ်ကိုပဲနမ်းချင်တယ်။
စီကပြောလိုက်တယ်။  မင်းနဲ့ ငါနဲ့ ရေလည်တူသွားပြီလို့ ။ မင်းပြောနေတဲ့ စကားတွေအားလုံးဟာ ငါသာ တချိန်ယောက်ျားဖြစ်မယ်ဆိုရင် ပြောမယ့်စကားတွေလို့ ။ သူ က ရီတယ်။
ဒီလို  အပေါ်ယံတွေပြီးတော့  မိန်းမတန်ဖိုးကို ဖြတ်မယ့်  ကိုယ်ကျင့်တရားဆိုတာလာပြီ။
ကိုယ်ကျင့်တရားကိုဘာနဲ့ တိုင်းမလဲဆိုတော့ ..ဟိုးအပေါ်ဆုံးကပြောခဲ့သလိုပဲ..ယောကျာ်းလေးရည်းစားတွေများတာ။
တကယ်တမ်း မိန်းမတယောက်ရဲ့  တန်ဖိုးကို တိုင်းတော့မယ်ဆိုရင်.. သူတို့ တိုင်းဖို့  ပညာအရည်အချင်း ကြည့်စရာလည်းမလိုဘူး။
ဝတ်ပုံစားပုံလည်းမလိုဘူး။ ယောက်ျားပဲလိုတယ်။
တွဲတဲ့ ယောက်ျားများလေ တန်ဖိုးက ကျလေပဲ။ အထူးသဖြင့် စင်ကာပူမှာပေါ့။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ရပ်ကွက်ထဲမှာရည်းစားများတဲ့ကောင်မလေး ရှိခဲ့ရင်.. ဟုတ်တော်ရှိ မဟုတ်တော်ရှိ လူတွေက
ဟယ်ကြည့်စမ်း။ ဒီမိန်းကလေးက တန်ဖိုးမရှိတော့ဘူး။ ဒါတောင် ပန်းခြံသွား ။အပြင်သွားပဲရှိသေးတယ်နော်။ ဟိုအဆင့်ဒီအဆင့်တွေမပါသေးဘူး။ တန်းဖိုးကတော်တော်လေးကျနေပြီ။
ခု..မြန်မာမိန်းကလေးတော်တော်များများကို မေးကြည့်။ဘယ်နှစ်ယောက်များ တန်ဖိုးရှိကြသလဲလို။
သိပ်မကြာသေးသောကာလက.. မိန်းကလေးတယောက်ကို သိခွင့်ရလိုက်တယ်။ ယောက်ျားလေး၂ယောက်ကို တပြိုင်နက်တွဲနေတာ။
ထုံးစံအတိုင်း တကောင်က ငလည်.. တကောင်က ငတုံး။ ဘာပြောပြောယုံတဲ့ အကောင်ပေါ့။
လည်တဲ့ အကောင်နဲ့ က အပြင်သွားဖို့ .. ငတုံးကောင်နဲ့ က အိမ်မှာအတူတူအိပ်ဖို့ ။
စီရေလည်ချဉ်သွားတယ်။  စင်ကာပူမှာပညာလာသင်ပြီး  နေပုံထိုင်ပုံက တကယ်ပဲ ယောက်ျားမရှိရင် မနေနိုင်တာ။ အဲလိုမျိုး မိန်းကလေးတွေကို ပြည့်တဆာလိုင်စင်ပေးပြီး မြန်မာပြည်မှာ  လိုင်စင်ရပြည့်တဆာလုပ်ငန်းလုပ်ခွင့်ပေးသင့်တယ်.
ပညာတတ်တော့ေ၇ာ ဘာဖြစ်သေးလဲ။ လူ ကိုယ်တိုင်ကို ကယောကျာ်းဆာနေတာ။
ခက်တယ်ကွယ်.. တို့ မြန်မာမိန်းကလေးများ မြန်မာကျပ်လို  တန်ဖိုးမကျပဲ ဒေါ်လာလို တန်ဖိုး ပြန်တက်ကြပါစေလို့ ။
အမေကျော် ဒွေးတော်လွမ်းတာမဟုတ်ပါဘူး။ မြင့်ရာတန်ဖိုး ကို မရောက်နိုင်တောင်မှ တန်ဖိုးမကျအောင်ထိန်းသိမ်းရမယ်လေ။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago