Zombie မျက်နှာနဲ့  လူများ

စီခုတလော အလုပ်တွေများလို့  ပတ်ဝန်းကျင်ကို သတိမထားမိဘူး။ လမ်းလျှောက်၇င် တည့်တည့်ကြည့်လျှောက်တတ်တဲ့ အကျင့်ကလည်း ရှိပြီးသားဆိုတော့ ။

ဒီကနေ့ တော့   busစောင့်ရင်း ဇာက်ညောင်းလို့  ခေါင်းကို ဟိုစောင်း ဒီစောင်းလုပ်မိတော့မှ..

ပတ်ဝန်းကျင်က လူတွေတော်တော်များများဟာ zombie မျက်ခွက်တွေနဲ့  အပြုံးအရယ်မရှိ… လေးလေးတွေတွေနဲ့  ကားပေါ်တွေတက်နေတာမြင်ရတယ်။

အလုပ်များလှတဲ့ စလုံးမှာ အရင်က လူတွေဟာ စက်ရုပ်တွေနဲ့ တူကြတယ်။ ခုတဖြည်းဖြည်းနဲ့  zombieတွေနဲ့ တူလာပြီ။

တနေ ကုန်အလုပ်လုပ်တော့ ပင်ပန်းနွမ်းနယ်ပြီး မလှုပ်ချင်မကိုင်ချင်နဲ့ ရထားစီး ကားစီးလည်း ငိုက်သူက ငိုက် ကြောင်သူကကြောင်နဲ့  တကယ်ကို သက်မဲ့ တွေလို ဖြစ်နေတယ်။အဲလို ပင်ပန်းထားတဲ့ အခါမှာ စိတ်တွေက  အတိုလွယ်လာတယ်။ ကားပေါ်မှာ ထိုင်ခုံလုရင်  တယောက်နဲ့ တယောက် ကိုက်စားတော့မယ့်အတိုင်းပဲ။ စောင်နေလိုက်ကြတယ်။

ပင်ပန်းတော့ ကိုယ်တိုင် မချက်နိုင် မစားနိုင်။အဲဒီတော့  hawker centerတွေမှာ စားကြ။hawker centers ကအလုပ်ဖြစ်နဲ့ ။ သူ့ ဟာ သူ တော့ဟုတ်နေတာပဲ။ ဒီနိုင်ငံရဲ့  system လည်ပတ်ပုံဟာ သူဟာနဲ့ သူ တော့ အံဝင်ခွင်ကျနေပေမယ့်  လူတွေဟာ အဲဒီ အံဝင်ခွင်ကျမှုကြီးနောက်လိုက်ရင်း ခြေကုန်လက်ပန်းကျနေပြီ။


အပြုံးအရီတွေဟာ တဖြည်းဖြည်းနဲ့ လျှော့ပါးကုန်ပြီ။ တဖြည်းဖြည်းနဲ့  စက်ရုပ်တွေ zombie တွေနဲ့ တူလာပြီ။ကြာလာတဲ့ အခါ.. စလုံးမှာ ဘာလို့ နေနေကြမှန်း စပြီးစဉ်းစားလာကြတော့မယ်။ အရင်ကတော့  မလာဘူးသူတွေကတော့  စလုံးကို  ဘာကျွန်းလဲ မသိခေါ်ကြတယ်။ တောင်အရပ်မှာရှိတဲ့ ကျွန်းလေ။ စလုံးမပေါင်းတတ်ဘူး မေ့နေပြီ။ ဘာဒီပါကျွန်းလဲ။… တောင်ဘက်စူးစူးမှာရှိတဲ့ လိုတိုင်း တတိုင်းရတဲ့ ကျွန်းလေ။  ထားပါတော့ whatever ကျွန်းပေါ့။


ခေတ်တွေဘယ်လောက်တိုးတက်.. မတိုးတက်တဲ့ အရာကတော့  .. စင်ကာပူက မယ်တော်ကျောင်းပဲ။စင်ကာပူကို လာရင် မယ်တော်နဲ့ အရင် viewရမယ်။ စီ ၃ ၄ခေါက်တော့ေ၇ာက်ဖူးတယ်။ မြန်မာတော်တော်များများ မေ၇ာက်ဖူးမ၇ှိသလောက်ပဲ။ စာသွားချ ကြတာ။ စင်ကာပူမှာ နေရေးထိုင်ရေး… immigration department  ထက် မယ်တော့် ကျောင်းက ပို စွမ်းတယ်။ စာချလို့  မယ်တော်က No..no ..no.. ဆိုရင်.. စင်ကာပူမှာ ကော်နဲ့ ကပ်ပြီးနေတာတောင်နေလို့ မရဘူး။ အလုပ်အကိုင်တွေလည်း အဲလိုပဲ။  မယ်တော်ဆို တော်တော်လေး နာမည်ကြီးတယ်။  အဲဒီမယ်တော်က စင်ကာပူကျွန်းကို စောင့်ရှောက်တဲ့ သူတဲ့ ။ အ၇င်က ဘယ်လို ဇာတ်လမ်းရှိခဲ့မှန်းမသိပေမယ့် .. တော်တော်လေးစွမ်းလို့ အံ့သြမိတယ်။

စင်ကာပူ က zombieနိုင်ငံသားတွေကို စလုံးအစိုးရနဲ့ မယ်တော်နဲ့ ပေါင်းပြီးစောင့်ရှောက်ထားလို့ …စလုံးတွေတော်တော်လေး အာကျယ်နေတာ။ အာကျယ်ကောင်းလို့ … မလေးရှား johorသွားရင် စလုံးတွေ ခဏခဏအတီးခံပြီးပြန်လာခဲ့ ရတယ်။

မလေးရှားက မလေးတွေက စလုံးက မလေးတွေကို ကြည့်မရဘူး။ ဘာလို့ လည်းဆိုတော့ အဲလို အာကျယ်ကောင်း (ya ya) အလုပ်ကောင်းလို့ ။စလုံးတွေကလည်းစလုံးတွေပဲ.. ဘယ်လောက်တောင်ကပ်စေးနဲလည်းဆို… ဓါတ်ဆီတောင် မလေး၇ှား (j.b)ထိသွားပြီး ဓါတ်ဆီထည့်ကြတယ်။ တချို့ စလုံးမလေး အန်တီကြီးတွေဆိုရင်  ဆန်တွေဆီတွေ တောင်ပြန်ဝယ်လာကြတယ်။ မလေးရှားက မလေးတွေစလုံးသားတွေကို အမြင်ကတ်တာလည်းမပြောနဲ့ လေ။

ဒါပေမယ့် .. သူတို့ တွေဘာလို့ ဒီလောက်တောင် ချွေတာပြီးလူကြည့်မရလောက်အောင် ကပ်စေးနဲ့ နေလည်းဆိုတော့ ..

ပြောပြောကစောခဲ့တဲ့   so called systematic ကျလှပါချည့်ရဲ့ ဆိုတဲ့  စလုံး နိုင်ငံရဲ့  goverment system နဲ့ အညီ  အံဝင်ခွင်ချအောင် နေနိုင်ဖို့ ။

ခုတော့  system ကျလှပါချည့်ရဲ့ ဆိုတဲ့ စလုံးအစိုးရရဲ့  လက်အောက် စီတို့ မြန်မာလူမျိုးတွေလည်း တဖြည်းဖြည်းနဲ့  zombie တွေနဲ့ တူလာပြီ။ စင်ကာပူေ၇ာက်၇င် စင်ကာပူလို ကျင့်ရမယ်တဲ့  ဟုတ်လား။

ဒါဆိုရင် စင်ကာပူေ၇ာက်လို့ စင်ကာပူလို မကျင့်နိုင်တဲ့ နေရာဆိုလို့ မြန်မာသံရုံးနဲ့ မြန်မာဆိုင်တွေပဲရှိတယ်။ မော်ထားနိုင်အုံးမော်ထားအုံးပေါ့ တွ။ တကယ်zombieဖြစ်တော့ စီ သံရုံး က လူတွေကို အ၇င် ကိုက်စား ပစ်မယ်။ အ…ဂျား…!!!:D

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago