ယောက်ျား
Sunday, May 24th, 2009တခါတလေ ယောက်ျားတွေကိုနားမလည်ဘူး။သူများစော် ဟိုဟာလေးဝတ်တာမြင်လိုက်ရင် ကိုယ်စော်ကိုလည်း အဲဟာဝတ်ပြီးမြင်ချင်ကြပြန်..။ သူများစော် ဟိုဟာလေးစားတာမြင်ရင် ကိုယ့်စော် အဲဟာလေးစားတာလိုချင်ကြပြန်..။သူများစော် ဟိုဟာလုပ်ရင် ကိုယ့်စော်ကိုလည်းဟိုဟာလုပ်စေချင်ကြပြန်..။ မိန်းမတွေပဲပြိုင်တတ်တယ်ထင်နေတာ.. ယောက်ျားတွေလည်းပြိုင်ချင်ကြတာကိုး။သိဘူးလေ။ ဒါမျိုးတွေ..။စီတိုတိုကျတော့ အဲလိုမျိုးမရှိဘူး။ စီလုပ်ချင်တာ လုပ်။ကြိုက်သလောက်လုပ်။သေအောင်လုပ်။မသေမချင်းလုပ်။ လုပ်ချင်သလောက်လုပ်။ စီတို့ စကြိုက်တုန်းက စီမေးဖူးတယ်။ ကိုယ်က မိတ်ကပ်တွေလိမ်းလေ့မရှိဘူးနော်။ မိတ်ကပ်တွေမလိမ်းလည်းယူကိုယ့်ကို အမြဲချစ်နေမှလားလို့ ။သူအတော်လေးအံ့သြသွားတယ်။ ဒါဆို မင်းဘာလိမ်းလဲတဲ့ ။စီက သနပ်ခါးလို့ ။ သူက သနပ်ခါးဆိုတာဘာမှန်းမသိဘူး။သူ က စီကိုမျက်နှာပြောင်ကြီးနဲ့ ထင်နေတာ။ စီကြည့်မရတဲ့ သူ့ အရင်ရည်းစားဟောင်းက မိတ်ကပ်တပိသာနဲ့ ကိုး။ ကြည့်ရတာ ဒီမိတ်ကပ်တွေပဲသူ နမ်းနေရတယ်နဲ့ တူတယ်။သူ စော်ဟောင်းရဲ့  ပါးပြင်စစ်စစ်ရောနမ်းဖူးရဲ့ လားမသိဘူး။ (ဂါး….ေ၇းနေရင်းနဲ့ ဒီမိန်းမအကြောင်းကပါလာပြန်ပြီ။ အပြင်မှာတွေ့ လို့ ကတော့ ဆော်ပစ်အုံးမယ်) [...]