ဗေထုပ်ပုံ(၁၇)

Thursday, 19 February 2009

တလောက တိုတို ဘောလုံးကန်တာလိုက်သွားတယ်။ သူတို့ အသင်းမှာ playerတယောက် က  မိန်းမနဲ့ ကလေးတယောက်ခေါ်လာတယ်။
စော်ကြီးက တော့ hottieပဲ။ စီက အရင်က အဲဒီဘဲကို လူပျိုမှတ်နေတာ။ လူမပျိုရင်တောင် အများဆုံးက ရည်းစားလောက်ပဲရှိမယ်ထင်နေတာ။
အရပ်ကလည်းမြင့်မြင့် ဘော်ဒီကလည်း မိုက်မိုက်နဲ့ .. ရှယ်ဘော်ဒီပေါ့။
အဲ.. အဲဒီ စော်ကြီးနဲ့  ကလေးလေးပါမှ feel ငုတ်သွားတယ်။
စော်ကြီးကလည်း သူ ယောက်ျားဘောလုံးကန်တာကို လာအားပေးတာနဲနဲ.. လှယဉ်ကျေးမယ်တွေလို  ကွင်းပတ်လျှောက်နေတာက များများ။  ကလေးတယောက်နဲ့ ကွင်းတပတ်ပတ်နေတာ။
အဲဒီအထိ စီကတော့  အေးဆေးပါပဲ.. သူတို့ နှစ်ယောက်လင်မယားဆိုလည်း လင်မယားပေါ့ ။ကောင်းပါတယ်။

သိပ်မကြာပါဘူး။ အဲဒီကလေးလေး ဆေးရုံတက်ရတယ်။ သွေးလွန်တုတ်ကွေးဖြစ်လို့ ဆိုပြီးတော့။ တိုတိုကပြောတယ် သူတို့ တတွေလူနာသွားကြည့်ရမယ်ပေါ့။ ဒါနဲ့ စီကမေးတယ်။ သူအမေတယောက်လုံးရှိနေတာပဲဟာ။ တိုတိုကပြောတယ်။ သူတို့ နှစ်ယောက်က ကွဲရှင်းတော့မှာတဲ့ ။
စီတော်တော်လေးအံ့သြသွားတယ်။
တကယ်ပဲမထင်မှတ်ဘူး။ ကိုယ့် ကို ကွာတော့မယ့် လင်တယောက်လုံး ဘောလုံးကန်တာတောင် သူ ကဘာမှမဖြစ်သလို နဲ့  လာအားပေးနိုင်သေးတယ်။
စီဆိုရင် ကွာရှင်းပြတ်ဆဲမှ မဟုတ်ဘူး.. ကိုယ့် ကို ကွာဖို့ တောင်းဆိုတဲ့ ယောက်ျားမျက်နှာတောင် သေတာတောင် သွားမကြည့်ကြေးပဲ။
အဲဒီမိန်းမရဲ့  စိတ်ထားကို အတုယူရမှာလား။ ငတုံးမလို့ ခေါ်ရမလားတော်တော်လေး ကြောင်သွားတယ်။

ဒါနဲ့  ပြီးခဲ့တဲ့ အပတ်က ဘောလုံးကန်ပြန်ေ၇ာ။ သူနဲ့ ထပ်တွေ့ တယ်။ ဘောလုံးပွဲပြီးတော့ တိုတိုကိုမေးကြည့်တယ်။  အဲဒီဘဲကအသက်ဘယ်လောက်၇ှိလဲလို့ ။  ၀ါး…. အသက်က ၂၃တဲ့ တော်…
ကလေး က ၂နှစ်ကျော်လောက်ရှိနေပြီ။ တခုလတ် အားပါးပါး။ ငယ်ငယ်ရွယ်၇ွယ်နဲ့ များလှတဲ့ ဂုဏ်။
သူများတွေ ၃၀ကျော်လောက်မှ ဘ၀စတဲ့ အချိန် သူကတော့   အ၇ာရာကိုဖြတ်ကျော်ပြီးသွားပြီ။
တိုတို က စီတခုမေးကြည့်တယ်။  ယူဘာလို့ ၂၃နှစ်တုန်းက သူလို့ ဂုဏ် ပုဒ်တွေ အများကြီးမရှိတာလဲလို့ ..
သူ က မျက်စောင်းကြီးနဲ့  မင်းနဲ့  အရင်တွေ့ သွားလို့ ပေါ့ကွာတဲ့ ။ မဟုတ်ရင် ကလေး ၅ယောက်လောက်၇နေပြီတဲ့ ။ ဟားဟားဟား။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago