ဗေထုပ်ပုံ(၁၈)
Monday, 23 February 2009
လွန်ခဲ့ တဲ့  နှစ်အနည်းငယ်တုန်းက စီဖုန်းတလုံးပျောက်ဖူးတယ်။
အောင် မြ လေး… မြလေး မြလေးဟဲ့ နဲ့ .. ငိုလိုက်တာ သောက်သောက်လဲ။မသိ၇င် ရည်းစားက ပစ်သွားလို့ နောက်ထားမယ့် ရည်းစားရှာမတွေ့ သေးလို့ ငိုနေတာကျနေတာပဲ။
ရင်ထဲကို တဆစ်ဆစ်နဲ့ ကို မသိရင် အသားတုံးကို အပ်တချောင်းနဲ့ ဇွတ်ကနဲ ထိုးနေသလိုကိုနာခဲ့ တာ။
ဟိုပြီးမခံသာတာက
တိုတိုနဲ့ Macdonaldမှာ အစားကို ဇွတ်ရမ်းစားရင်း ငမ်းရင်း ငမ်းရင်းစားရင်းနဲ့ ဖုန်းကျန်ခဲ့မှန်းမသိဘူး။
အိမ်ရောက်တော့မှာ သိလို့ ဖုန်းကို လှမ်းခေါ်တော့ ဖုန်းလိုင်းက ၀င်နေသေးတယ်။မကိုင်ဘူး။ ဘယ်မသာက ကောက်ရလို့ လဲမသိဘူး။ လူဆိုရင်တော့ ဖုန်းကိုင်မှာပေါ့။
အဖေ့ ဖုန်းနဲ့ လည်းဆက်..အမေဖုန်းနဲ့ လည်းဆက်..အိမ်ဖုန်းနဲ့ လည်းဆက်..smsတွေလည်းပို့ ။ ကျေးဇူးရှင် က replyတောင်မလုပ်ဘူး။ညသန်းခေါင်လည်းကျရောက်ဖုန်းလိုင်းက ပြတ်သွားတယ်။
ဟာ..သွားပြီပေါ့။
အဲဒီည က အိပ်လို့ တောင်မပျော်ဘူး။ ကောက်ရကျေးဇူးရှင်ကို ကျိန်ဆဲနေတာ ဟာ ဟုတ်ပါဘူး…ရင်နာလွန်းလို့ ငိုနေတာ..
နောက်ရက် အနည်းငယ်ကြာတော့ ရဲ စခန်းကိုသွားreportလုပ်တယ်။ သူအားပေးတဲ့ ပုံနဲ့  စီ့မျှော်လင့်ချက်လေးတွေကို တစစီပျက်စီးရုံတင်မဟုတ်ဘူး… တခါတည်း ကြိတ်စက်နဲ့ အမှုန့် ကြိတ်သလိုကို ခံစားလိုက်ရတယ်။
“သိပ်တော့မျှော်လင့်ချက်မထားနဲ့ နော်နဲ့ ။ ဖုန်းတွေပျောက်လို့ လာတိုင်ရင် ပြန်မရတာများတယ်တဲ့ ”
စီလည်း မချိပြုံးလေးနဲ့  “ဟုတ်ကဲ့ .. ရဲတိုင်ထားတော့ .. အဲဒီ police reportနဲ့ ဆို ဖုန်းအသစ်ပြန်ဝယ်ရင် discountရလို့ ပါလို့ ။ သိပ်တော့မမျှော်လင့်ထားပါဘူးလို့ ”
အဲဒါကြောင့်တိုတိုကပြောတာ။ စင်ကာပူက ရဲ တွေပြည်သူတွေရဲ့  taxတွေ စားပြီး ဘာမှ သုံးစားလို့ မရဘူးတဲ့ ။အရင်က သူ တာဝန်ကျတဲ့ divisionမှာ ရဲ စခန်းရှိတာကိုး။သူလည်း ပိုက်ဆံအိတ်ပျောက်လို့ သွားတိုင်ဖူးတာ။
တာဝန်ကျတဲ့ ရဲတွေက ပိုက်ဆံအိတ်လေးပျောက်တာကအစ လာတိုင်ရကောင်းမလားဆိုပြီး သူ့ ကို ကြည့်လို့ တဲ့ ။သူနဲ့  ရဲနဲ့  က မတည့်ဘူး။ သူ က civil defence forceက ကိုး။
အဲဒါတွေ စီ့ သူငယ်ချင်း ရဲ နဲ့ တွေ့ တော့ တိုတိုပြောတာ ကို သူ့ ကို ပြန်ပြောပြတယ်။ မင်းတို့ ရဲ တွေ က အားအားရှိ ကားလေးမောင်းပြီး ရပ်ကွက်လိုက်ပတ်နေတာလို့ ။ ဟိုလူက complaintလုပ်၇င် သွားကြည့်လိုက် ဒီလူက တိုင်ရင် သွားကြည့်လိုက်နဲ့ လို့  ကျန်တာဘာမှသုံးစားလို့ မရဘူးလို့ ။ပိုက်ဆံပျောက်လည်းမပြန်ရ.. ဖုန်းပျောက်လည်းပြန်မရနဲ့ ။
ကိုယ်တော်ရဲ က ဘာပြန်ပြောလဲမှတ်တယ်။ပစည်းပျောက်တာနဲ့ ပစည်းခိုးခံတာနဲ့ caseချင်းမတူဘူးတဲ့ ။ကိုယ်ဟာကိုယ် အသုံးမကျပဲ မေ့ပြီးပျောက်တော့မှ ရဲ လာရှာခိုင်းလို့  ရှာတွေ့ တဲ့ သူကေ၇ာင်းစားလို့ ပြီးနေပြီတဲ့ ။
ပစည်းခိုးခံရတာဆိုရင် ဒါက serious caseဖြစ်သွားပြီတဲ့ ။ငါဆိုရင် ငါသူငယ်ချင်းတွေကို ပြောထားတယ်တဲ့။ ကိုယ်ကြောင့်ပစည်းပျောက်တယ်ဆိုရင် ရဲ တိုင်ဖို့ မစဉ်းစားနဲ့ တဲ့ ။ပြန်တွေ့ မှာမဟုတ်ဘူးတဲ့ ။
ဒါနဲ့ စီလည်း ကိုယ့်ကိုကိုယ် နားလည်၅၀လိုက်ပါတယ်။ ဘယ်သူမပြုမိမိမှုတဲ့ ။
ခုတော့ ဖုန်းတလုံးကောက်ရထားတယ်။ ပိုင်ရှင်ကို ပြန်မပေးတော့ပါဘူးလေ။ သူဟာသူ ရဲစခန်းသွားတိုင်ပါစေ။ ဟဲဟဲဟဲ
(ကြည့် စမ်း ကြည့်စမ်း စီဆိုးတာလူတွေသိကုန်ပြီ။ But who cares?
)