ဗေထုပ်ပုံ(၁၉)

Monday, 02 March 2009

“မှန်တယ်ထင်ရင် လုပ်တယ်ကွာ”
“မှန်တယ်ထင်လို့ လုပ်တာကွာ.. ”
“မှန်နေလို့ လုပ်တာကွာ။

ဒီစကား၃ခွန်းက တူသယောင်၇ှိပေမယ့် တကယ်တော့မတူဘူး။

အချိန်အခါ တော်တော်များများမှာ စီ အဲဒီစကား၃ခွန်းထဲ က ၁ခွန်းလောက်တော့ယူသုံးပြီး အရာရာကို ဖြေရှင်းဘူးတယ်။
၁၆နှစ်လောက်ကနေ ၂၀အထိ လောက်ကတော့ ပထမ၂ခွန်းကို အသုံးများတယ်။
၂၀ကျော်လာတဲ့ နောက်တော့ နောက်ဆုံး၁ခွန်းကိုအသုံးများတယ်။

တခါတလေ အမှန်တရားလုပ်နေတဲ့ သူတွေကို တိုက်ခိုက်တဲ့ စကားမျိုး စီ ကြားဖူးတယ်။

“မှန်တိုင်းလည်းမကောင်းဘူး။”
“အခြေအနေကို ကြည့်ပြီးမှ မှန်တာကို ဆက်လုပ်။”

ဒါဆိုအမှန်တရား တခုဖြစ်မြောက်ဖို့ အခြေအနေတခု လိုအပ်လား။ ဒါမှမဟုတ် အခွင့်ကောင်းတခုလိုအပ်လား။
အမှန်တရားတခုဖြစ်မြောက်ဖို့ အခြေအနေ ၊ အခွင့်အရေး၊ကံ တခုခုလိုအပ်တာကိုစောင့်စားနေရင် အမှန်တရားဆိုတာ တဖြည်းဖြည်းနဲ့ မှေးမှိန်ကုန်လိမ့်မယ်။
တခါတခါ စဉ်းစားကြည့်မိတယ်။ အမှားနဲ့ အမှန်ဆိုတာ အခြေအနေတခုပေါ်မှာ သွားပြီးမူတည်နေတာလားလို့ ။
မှန်နေရက်နဲ့ အခြေအနေမဟန်ရင် အမှားဖြစ်သွားသလိုမျိုး။
အမှားကြီးက အခြေအနေဟန်လို့ အမှန်ဖြစ်သွားသလိုမျိုး။

စီ အမှန်တရားကိုတန်ဖိုးထားတယ်။ ဘယ်လိုအခြေအနေတွေမျိုးမှာပဲဖြစ်ဖြစ် အဲဒီအမှန်တရားကို လူတွေရှေ့ အရောက်ဖော်ထုတ်ပြခဲ့တယ်။
အထက်ကပြောခဲ့သလို ပဲ.. အချိန်အခါမကိုက်တော့ စီရဲ့ အမှန်တရားတွေ ကို  လူတွေက အမှားတွေလို့ မြင်ကြတယ်။But atleast စီစာရေးရတာ စိတ်လုံတယ်။ ဘာလို့ လည်းဆိုတော့ စီမှန်တာတွေရေးနေလို့ ။ စီမှန်တယ်ထင်တာတွေရေးနေတာမဟုတ်ဘူး။ စီ မှန်တယ်ထင်ပြီးရေးတာမဟုတ်ဘူး။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago