Calling all burmese female soccer players
မင်္ဂလာပါ..ခေါင်းစဉ်လေးဖတ်ပြီးတော့လန့် မသွားပါနဲ့ အုံး…
မြန်မာအမျိုးသမီးများဟာ အစဉ်အလာအရ ယဉ်ကျေးသိမ်မွေ့ တယ်…. နူးညံ့တယ်… ချိုသာတယ်…လို နာမည်ရှိခဲ့ သူများပါ.. (အဲဒီအထဲ ကျုပ်မပါ)..။
အဲလိုပဲ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာရှမှာ နာမည်ရှိခဲ့ကြတယ်။
မြန်မာအမျိုးသမီးတိုင်း နူးညံ့သိမ်မွေ့ ရမယ်လို့ မှတ်ယူထားလို့ မရနိုင်သလို …ဘောလုံးလောကမှာ နာမည်ရကြတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းကိုလည်းအထင်သေးလို့ မရပါဘူး..။
ကျုပ်ယုံကြည်ပါတယ်… စင်ကာပူရောက် မြန်မာလူဦးရေ ကြီးငယ်မရွေး၁သိန်းကျော်ထဲမှာ ဘောလုံးဝါသနာပါသူ မြန်မာမိန်းကလေး ၁၁-၁၆ယောက်လောက်ရှိမှာပဲလို့ …။
တချို့ က အလှပြင်တာကြိုက်ကြတယ်..
တချို့ က clubbingသွားတာကြိုက်ကြတယ်…
တချို့ ကတော့ ဘောလုံးကန်ကို ကြိုက်ကြမှာပဲဆိုတဲ့ မျှော်လင့်ချက်တခုတည်းနဲ့  ဘောလုံး ၀ါသနာပါတဲ့ စင်ကာပူရောက်မြန်မာမိန်းကလေးများကိုဖိတ်ခေါ်ပါရစေ…
အသိတွေထဲမှာရှိရင်လည်း သတင်းပါလိုက်ပေးအုံးလို့ …
လူမြန်မြန်စုနိုင်တော့ မြန်မြန်အသင်းဖွဲ့ လို့ ရတာပေါ့… မြန်မြန်အသင်းဖွဲ့ လို့ ရတော့ .. တကယ် comittmentလုပ်နိုင်တဲ့ သူတွေကို 1st 11မှာထည့်ပြီး.. အပျော်အရ ကန်ချင်တဲ့ သူတွေကို 2nd 11မှာထားပြီး..tournamentတွေမှာ ၀င်ပြိုင်လို့ ၇တာပေါ့…။
တကယ်ပါ… ဘောလုံး ၀ါသနာပါတဲ့ စင်ကာပူရောက်မြန်မာမိန်းကလေးများ အားလုံးကို ဖတ်ခေါ်ပါတယ်..
ပြီးရင် http://www.hasu.comမှာ member ၀င်ပြီးCLUBအောက်မှာ ကျုပ်create လုပ်ထားတဲ့  Burmese female soccer team ထဲကို ၀င်joinပေးကြပါလို့ …။contactတွေကိုလည်း PMနဲ့ ပို့ ထားလို့ ရပါတယ်..။
ကဲမြန်မြန်လေးစလိုက်ရအောင်နော်… ဒီနှစ်မှာ tournamentနဲ့ မမှီရင်တော့ prepareလုပ်လို့ ရပါသေးတယ်။ စင်ကာပူ က မလေးမ အသင်းတွေနဲ့ တပွဲတလမ်းနွဲလိုက်ရအောင်..။