အမှတ်တရ မြန်မာတူရိယာများ
Monday, June 1st, 2009တကယ်ပါပဲ။ စီ့မှာ မှတ်မှတ်ရရ ဗုံတလုံးရှိခဲ့ဖူးတယ်။အဲဒါကလည်း ပြောရရင်တီဗွီမှာလာတဲ့ ဆိုင်းဝိုင်းမှာကြိုးတွေနဲ့ တွဲချည်ထားတဲ့ ဗုံလိုမျိုးပေါ့။ တီဗွီထဲကလက်သံဗြောင်ဗြောင်နဲ့  တီးတာမြင်တော့ စီလည်းလိုချင်တာနဲ့ အမေလည်း လိုက်ဝယ်ပေးတာ။ မှတ်မှတ်ရရ ရွှေတိဂုံက စောင်းတန်းတနေရာမှာပေါ့။ အဲဒီနေ့ က စီစာမေးပွဲဖြေတာနောက်ဆုံးနေ့ လေ။စာမေးပွဲဖြေတိုင်း စီကို အတင်းကို ပ ထားတာ။ ဘာလိုချင်လဲ။ အကုန်ရစေရမယ်။ ဘာစားချင်လည်း စားစေရမယ်။ အဲ အဲဒါတွေအားလုံး စာမေးပွဲနောက်ဆုံးနေ့ မှအကုန်ရတာ။ မြန်မာပြည်မှာစာမေးပွဲဖြေတိုင်း နောက်ဆုံးနေ့ တိုင်း အဖေ (သို့ )အမေက လာလာကြိုပြီး စီကို မုန့် လိုက်ဝယ်ကျွေးနေကျ။ လိုချင်တာဝယ်ပေးနေကျ။ တကယ်ပဲ။ ဗုံရမယ်ဆိုလို့  ရင်တွေခုန်လိုက်ရတာ။ အဲဒီတုန်း ကေ၇ွှတီဂုံဘု၇ားမှာ Escalatorစတပ်ခါစဆိုတော့  အရမ်းစီးချင်တာလေ။ တခါမှမစီးဖူးတာ။ ဗုံလည်းရ၊ [...]