အမှတ်တရ မြန်မာတူရိယာများ

တကယ်ပါပဲ။ စီ့မှာ မှတ်မှတ်ရရ ဗုံတလုံးရှိခဲ့ဖူးတယ်။အဲဒါကလည်း ပြောရရင်တီဗွီမှာလာတဲ့ ဆိုင်းဝိုင်းမှာကြိုးတွေနဲ့ တွဲချည်ထားတဲ့ ဗုံလိုမျိုးပေါ့။ တီဗွီထဲကလက်သံဗြောင်ဗြောင်နဲ့  တီးတာမြင်တော့ စီလည်းလိုချင်တာနဲ့ အမေလည်း လိုက်ဝယ်ပေးတာ။

မှတ်မှတ်ရရ ရွှေတိဂုံက စောင်းတန်းတနေရာမှာပေါ့။ အဲဒီနေ့ က စီစာမေးပွဲဖြေတာနောက်ဆုံးနေ့ လေ။စာမေးပွဲဖြေတိုင်း စီကို အတင်းကို ပ ထားတာ။ ဘာလိုချင်လဲ။ အကုန်ရစေရမယ်။ ဘာစားချင်လည်း စားစေရမယ်။ အဲ အဲဒါတွေအားလုံး စာမေးပွဲနောက်ဆုံးနေ့ မှအကုန်ရတာ။

မြန်မာပြည်မှာစာမေးပွဲဖြေတိုင်း နောက်ဆုံးနေ့ တိုင်း အဖေ (သို့ )အမေက လာလာကြိုပြီး စီကို မုန့် လိုက်ဝယ်ကျွေးနေကျ။ လိုချင်တာဝယ်ပေးနေကျ။

တကယ်ပဲ။ ဗုံရမယ်ဆိုလို့  ရင်တွေခုန်လိုက်ရတာ။ အဲဒီတုန်း ကေ၇ွှတီဂုံဘု၇ားမှာ Escalatorစတပ်ခါစဆိုတော့  အရမ်းစီးချင်တာလေ။ တခါမှမစီးဖူးတာ။ ဗုံလည်းရ၊ အဲဒါလည်းစီးရမယ်ဆိုတော့ အရမ်းကိုပျော်တာပေါ့။

ဗုံဝယ်ပြီးအပြန်  ဗုံကိုစီကမကိုင်ဘူး။ အမေ့ကိုကိုင်ခိုင်းတယ်။ အမေ့ကရှက်လိုက်တာတဲ့ ။ စီကလည်း လျှာရှည်ပြီး ဗုံဝယ်တုန်းက ပလစ်စတစ်ပေးတာ မယူပဲ စီ ကိုယ်တိုင်သယ်မယ်ဆိုပြီး..ပိုက်လာတာ။ ရွှေတိဂုံဘုရားကနေ ပြည်သူ့ ယာဉ်ပြင်ထဲဝင်ရောေ၇ခဲမုန့် သည် သရက်သီးသည် တွေ့ တာနဲ့ တွေ့ ကရာလျှောက်စားတော့ လက်ကမအားတာနဲ့ အမေက ကိုင်ထားပေးရတာ။ အဲဒီကနေ  အိမ်ကို လမ်းလျှောက်လာတာ။


ဝါး..အိမ်ရောက် တော့ ကျောင်းစိမ်းတောင်မလဲဘူး။ တီးပါလေရော။ အဘိုးက စီ့ကို လက်လန်လွန်းလို့  တော်ပါတော့လို့ မနဲတားရတယ်။ ၀ါး ဗုံတလုံးရတာ  ပျော်လိုက်တဲ့ ဖြစ်ခြင်း။

သိပ်မကြာဘူး။နဲနဲလေးကြာလာတော့ စောင်းကောက်လိုချင်လာရော။

အဲဒါကဘယ်ကစလဲဆိုတော့ ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်ကား(တော်တော်ကြာပြီနော်) မှာမေဆွိက စောင်းကောက်ကို ဂီတာတီးသလို တီးတာမြင်တော့ စီလည်းလိုက်တီးတာနဲ့ ပူဆာပြန်ရော။ အဲဒါ တခါ ရွှေတိဂုံ ဘုရားသွား အဲဒီဇောင်းတန်း မှာပဲ စောင်းကောက်ဝယ်လာတယ်။ ဒါပေမယ့် အလှပြတဲ့ စောင်းကောက်လေး။ အသံလည်း မထွက်ဘူး။ကြိုးတွေပါပေမယ့်.. စီလည်း တီဗွီထဲကလို  ကြိုးတွေကို ဟို နှိပ်ဒီနှိပ်နဲ့  တီးတာ..နောက်ဆုံးတော့ ကြိုးတွေသာ လျှော့လာတယ်။ အသံက မမြည်ဘူး။


အဲဒါ နဲ့ ပတရား ဘက်ကို ရောက်ပြန်ရော။ အဲဒါက လမ်းပေါ်မှာလိုက်ရောင်းတဲ့ သူဆီက၀ယ်ထားတာ။အဲဒီတုန်းက  ကလေးကစားစရာ တူရိယာ ရောင်းတဲ့ ဈေးသည်တွေရှိတယ်။ ပတရားက ၀ါးနဲ့ မဟုတ်ဘူး။သံနဲ့ ။ အဟောင်းပစည်းတွေနဲ့ လှဲပြီးဝယ်ရတာလားမမှတ်မိတော့ဘူး။ (ကြာပြီကိုး)။

နောက်ဆုံး စိတ်ပေါက်ပေါက်နဲ့  ဧည့်ခန်းမှာ စောင်းကောက်ရော၊ဗုံရော ၊ပတရားရော အကုန်ချပြီး တီးချင်တာတီးချလိုက်တာ။ ၀ါး ရေလည်မိုက်တယ်။ တော်တော်လေးကိုဆူညံပြီး စီလည်းထပ်အဆူခံရတော့တယ်။

ခုထိလေ တကယ်ပါပဲ။အသံမြည်တဲ့ စောင်းကောက်ကြီးလိုချင်တယ်။ သူများအိမ်သွားလည်လို့ စောင်းကောက်ကြီးတွေရင်  မေဆွိကားထဲကလို အားရပါးရ တီးပစ်လိုက်ချင်တာ။ စင်ကာပူမှဘယ်အသိအိမ်မှာမှစောင်းကောက်မ၀ယ်ထားဘူး။ Damn!!!that’s suck! Garrr!


Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago