Archive for June 25th, 2009
when you believe
Thursday, June 25th, 2009ဒီသီချင်းကိုကြားဖူးနေတာကြာပါပြီ ဒါပေမယ့် ဒီသီချင်းကိုနားထောင်ရင်းကြက်သီးထခဲ့တဲ့ နေ့ တနေ့ ရှိခဲ့တယ်။ အဲဒီနေ့ က မျက်ရည်တွေပါကျခဲ့တယ်။ မေ၃၀ ဒီပဲယင်းအကြောင်းကို အင်တာနက်ထဲမှာဖတ်လိုက်ရတဲ့ အချိန်ကပေါ့။ တိုက်ဆိုင်တော့ စီကဒီသီချင်းကိုနားထောင်နေတဲ့အချိန်။ ဒီပဲယင်း ဘာညာကွိကွဆိုလို့ နာမည်လေးကထူးဆန်းလို့ အဲဒီသတင်းကိုဖတ်ကြည့်တော့မှအတော်လေးကို ၀မ်းနည်းမိသွားတယ်။ လက်နက်မဲ့ တဲ့ သူတွေကို လက်နက်ရှိတဲ့ သူတွေက မညှာမတာ ရိုက်နှက်သတ်ကြသတဲ့။မသေမရှင်တွေလည်းအသေတွေနဲ့ ရောပြီးအလောင်းမြုပ်တဲ့ နေရာမှာအရှင်လတ်လတ်မြုပ်ခံကြရသတဲ့ ။ there can be miracle when u believe..တဲ့ ။ ဒါပေမယ့်အဲဒီနေ့ တုန်းက they believeကြပေမယ့်Miracleဖြစ်မလာဘူး။ အသေတွေပဲဖြစ်သွားကြတယ်။ ကမာပေါ်မှာအမာဆုံးလူသားများနေထိုင်ရာနေရာကိုပြပါဆိုရင် အစိုးရတွေနေတဲ့ မြန်မာနိုင်ငံကိုပြရမယ်။ ဘာဆေးတွေစားလို့ ဒီလောက်ခေါင်းမာပြီးရက်စက်တတ်ကြတာလဲလို့ ။ အဲလိုပြောရရင် ဇ တွေပါလာလိမ့်မယ်။geneတွေပါလာလိမ့်မယ်။မြန်မာသမိုင်းအစဉ်အဆက်ကိုက ရာဇ၀င်မကောင်းခဲ့ဘူး။ တယောက်ကိုတယောက် [...]