foxie284
ရေးချင်တာရေးထားတဲ့ crapbook
Archive for July, 2009
47th
Posted in Uncategorized  by foxie284 on July 28th, 2009
happy 47th month, love.
အိမ်း
Posted in အားကစား  by foxie284 on July 27th, 2009
ဒီနေ့ဘာရေးရင်ကောင်းမလဲ စဉ်းစားနေခိုက် sundayတုန်းက tvမှာကြည့်မိတဲ့ liverpool Vs Singaporeကို သတိရလို့ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။
တကယ်ပဲ ဆန်နဲ့ ဖွဲ ကွင်းထဲမှာကန်နေကြတဲ့အတိုင်းပဲ။ ထိုင်းနဲ့ကန်တုန်းကတောင် ၁-၁နဲ့ ပွဲပြီးတာ။စင်ကာပူနဲ့ လည်းကျရော ၅-၀တဲ့ ။ ဟိုက်ရှာလပတ်ရည်.. ဟဲလို ..friendly match leh..y scored so many goals?? ahahaha။ဒါတောင် စလုံးက liverpool fan ကောင်တွေက Gerrad မလာလို့ not happy happy ဖြစ်ရတာနဲ့ ။Torres က ၁၅မိနစ်ပဲကစားလို့  အားမရတာနဲ့ ။ Gerrad ရောtorresရောfull match လာကစားလိုက်လို့ ကတော့  သွင်းလိုက်မယ့်ဂိုးတွေက ကြက်ဥ ၁carton လောက်ဝင်လိုက်မယ့်ဖြစ်ခြင်း။စင်ကာပူက ဥမကွဲပဲ ဟိုဘက် ၁၀လုံးလောက် သွင်းဖို့ အလားအလာရှိတယ်။
friendly matchဆိုပေမယ့် ကြည့်ရတာပျော်စရာကောင်းသား။ Liverpool squadနဲ့ ကစားရမယ်ဆိုတော့ စင်ကာပူဘက် players တိုင်း ကစားချင်ကြတယ်နဲ့ တူတယ် ။၅မိနစ်ကြာရင် တယောက်လဲ။ ၁၀မိနစ်ကြာရင် တယောက်လဲနဲ့ ။
သူတို့ မှာ ၀င်ကစွတ်လို ၀င်လိုက် ထွက်လိုက်နဲ့ စွတ်ကယ် စွတ်ကယ်ဖြစ်နေကြတယ်။National team ကနေ ၀င်ကစွတ် team ဖြစ် သွားရှာတယ်။ စလုံးအသင်း Liverpoolနဲ့ friendly match ကန်တာကိုကြည့်ရင်း အိမ်း…
မြန်မာအသင်းသာ အဲလိုမျိုးစင်ကာပူအသင်းနဲ့ ကန်လို့ ကတော့ မြန်မာတသင်းလုံးအနီကဒ်ပြခံလိုက်ရမယ့်ဖြစ်ခြင်း။liverpoolနဲ့ ကျတော့ ကုတ်နေရရှာတယ်။သိပ်မထိရဲကြဘူး။ ဟိုကကောင်တွေရဲ့ ခြေထောက်တွေက သိန်းချီသန်းချီတန်တာကိုး။ fridendlymatch ကစားလို့ မတော် ကျိုးပဲ့ သွားမှဖြင့် စင်ကာပူဘက်က လျှော်လိုက်ရမယ့်ဖြစ်ခြင်း။
ဖြစ်ခြင်း.. ဖြစ်ခြင်း။.. အိမ်း ပိုက်ဆံဆိုတဲ့ မျက်နာကအတော်တော့ကြီးသား။
ထွင်တယ်ဟေ…
Posted in တက်ကနောလော်ဂျီ  by foxie284 on July 26th, 2009
ဖုန်းဝယ်မယ်ကြံတိုင်း သူတို့ တွေက အသစ်တွေထွင် ထွင်ပြီးထုတ်ရောင်းကြတယ်။
အခုတော့ စီ့မှာ ဆန့် ငင်ဆန့် ငင်ဖြစ်သွားရှာပြီ။
ဒီဖုန်းလေးလည်းမဆိုးဘူး။ဒါပေမယ့် စလုံးဈေးကွက်ထဲမလာသေးဘူး။ သူ လေးကိုစောင့်ပြီးဝယ်ရင်ကောင်းမလား။
အခြားဟာတွေကိုအရင်ဝယ်သုံးထားရင်ကောင်းမလား။
ဟူး…….။I WANNNNNNAAAA BUY THIS HP!!!!!! AHHHHHHHH!
LG GD900
2
01
http://sg.lgmobile.com/web/web.product.RetrievePhoneInfo.laf?phoneId=GD900-SG&cmpid=googleadwords_crystal
. Type
. RF band
Full Touch Slider (with Crystal Touchpad)
HSDPA 7.2 Mbps, WEDGE, GPRS
UMTS 2.1G, 900 (or 2.1G/850)
GSM( (850/900/1800/1900), EDGE
. Dimension : L*W*D (mm)
. Weight
105 * 52.5 * 13.5mm
126g
. Standard battery, Max (mAh)
. Standby time, Max (hrs)
1000mAh, Li-ion
Up to 300 hrs*
. Talk time (hrs)
. Display External LCD Size
Up to 6 hrs(2G), Up to 4hrs(3G)
TFT touchscreen, 16Mcolors
WVGA 480 x 800 pixels, 3.0 inches
. Touch Screen
. Vibration alert
Capacitive / Multi-touch/ 3D Active flash UI(S-class UI)
Yes
. Browser
. Bluetooth
xHTML 1.1, HTML 4.01 / Internet Full Browsing
Yes(A2DP Ver. 2.1)
. WAP (version)
. SMS / MMS
2.0
Yes
. Video MMS
. E-Mail
Yes
Yes
. IrDA (Infrared)
. USB / PC Sync
No
Yes(Ver. 2.0 FS for Sync, HS for MSC, MTP),
. WLAN
. Scheduler / Alarm
Yes(Wi-Fi 802.11 b,g)
Yes
. Java (version)
. Phonebook (# of names)
MIDP 2.0, CLDC 1.1
Yes(1000)
. OS
. MIDI (poly)
No
64
. Built-in Games
. VOD / AOD
2 touchscreen friendly built-in games
Yes/Yes
. Camera (main/sub)
. Internal / External Memory
8.0 Mega Pixel, AF, 1/2.8″ , CMOS
- 30fps WVGA
- Zoom: Digital Zoom x 16
- Image Stabilizer
1.5GB / MicroSD slot (TransFlash), up to 32GB
. Speaker
. USB / PC Sync
Speaker Phone Mode
Yes(Ver. 2.0 FS for Sync, HS for MSC, MTP),
. Audio codec
. Video codec
MP3, AAC/AAC+/E-AAC+/AMR-NB/WB/WB+, WMA/WMAPro, Ogg-Vorbis, AC3, MIDI
H.263: 4CIF(704×480@30fps, 704×576@25fps, upto 10Mbps), H.263+/MPEG4/H.264/WMV9(VC-1): D1(720×480@30fps and 720×576 25fps, upto 10Mbps)
. FM Radio
. Video Telephony
Yes
Yes
. Document Viewer
. TV-out
MS office, PDF, Text
Yes
ဝါးတားတားအိမ်မက်တခု
Posted in My Special One  by foxie284 on July 26th, 2009
တကယ်ပါပဲ။သူ့ အကြောင်းကိုအိမ်မက်ထဲထည့်မက်ဖို့ စီအဲလောက်မအားသေးဘူး။
သူကိုတော့ သတိရမိတာအမှန်ပဲ။အဲဒီအိမ်မက်ကြောင့်ပဲ စီ မနက်၃နာရီစောစောစီးစီးကြီးနိုးပြီးပြန်အိပ်လို့ မရတာ ခုချိန်ထိပဲ။
အစအဆုံးတော့ မမှတ်မိပေမယ့်  မှတ်မိတာလေးတချို့ ကို ကောက်ချရေးထားချင်တာနဲ့ ဒီ Postကို ရေးလိုက်တာ။
စီတော်တော်လေး ဒေါကီးသွားတယ်။  အဲဒီမိန်းမကို လည်ပင်းကနေ မြှောက်ပြီး ပါးကို ၁ချက်ရိုက်ပစ်လိုက်တယ်။ တရုတ်မက ကြားကနေ အလကားပါးရိုက်ခံလိုက်ရလို့ တော်တော်လေးကြောင်သွားတယ်။
စီကမေးလိုက်တယ်။ ယူ ဘာလို့ ကိုယ့် တူလေးဓါတ်ပုံပေါ်မှာ စာရေးချတာလဲလို့ ။ သူကပြန်ပြောတယ်။ စီ့ဘဲကပြလို့  ချစ်စရာကောင်းကြောင်းကို ဘောလ်ပင်နဲ့ ပြန်ရေးလိုက်တာတဲ့ ။
ဒါနဲ့ စီ့ ဘဲကို တချက်လှမ်းရိုက်တယ်။ ပြီးတော့  ယူကို့  ကိုယ့် တူလေးပုံပြတာ။ ယူမဆိုင်တဲ့ သူကိုဘာလို့ လျှောက်ပြတာလဲလို့ ။
စီဒေါသအရမ်းထွက်လွန်းလို့  အဲဒီတရုတ်မရေးထားတဲ့ ဓါတ်ပုံ အပေါ်စွန်းလေးကို ဖြဲပြီး စီဘဲမျက်နှာကို ပိတ်ပေါက်ပစ်လိုက်တယ်။
အစုံပဲ။ သူ့ အမေတွေရော အဒေါ်တွေရော။ စေ့စပ်ခါနီးမှာ ဒီလို ရန်ဖြစ်ကြလို့  အိမ်ကိုလာပြီးနားချကြတာတဲ့။
အတော်လေးထူးဆန်းတယ်။ ဒါကြောင့်အခုရေးမှတ်ထားလိုက်တယ်။
လာပြီ..လာပြီ.. စီလာပြီ…
Posted in Uncategorized  by foxie284 on July 25th, 2009
စီ postကို update မလုပ်လို့ ရေထဲမျောသွားပြီထင်မှာစိုးလို့ .. ခုupdate လုပ်လိုက်တယ်။ဟဲဟဲဟဲ..
စီမသေဘူး။ ရေကူးတတ်တယ်။ ဘယ်ရမလဲ။ စီကွ။ တကွတည်းရှိ ..အဲ.. တစီတည်းရှိတယ်။
battery ကလည်း ကျန်သေးတော့ စာရေးချင်တာလေးတွေအနဲ နဲ့ အကျဉ်းတွေရေးလို့ ရသွားတာပေါ့။ဒီနေ့ တော့ အေးဆေးပါပဲ။ ရာသီဥတုကလည်းသာယာ။ငှက်ကလေးတွေက တကျွီကျွိနဲ့ ။အတင်းပြောလို့ သိပ်ကောင်း အဲ သတင်းပြောလို့ သိပ်ကောင်းတဲ့ အချိန်ကလေးပေါ့။
တပတ်စာကတော့ အရင်အပတ်တွေလို ပါပဲ။ အလုပ်နဲ့ အိမ်..အိမ်နဲ့ အလုပ်။
ခုတလော ပိုက်ပိုက်ပြတ်နေလို့  ဘာဖြစ်ချင်ရင်ကောင်းမလဲလို့ စဉ်းစားခန်းဝင်နေခိုက်.. စီ ယောက်ျားဖြစ်ချင်တယ်။ ယောက်ျားဖြစ်ရင်လေ စင်ကာပူမှာ မိန်းမအတုယူပြီး အဲဒီမိန်းမစီက ငွေညစ်လို့ ရတယ်။ခုချိန်မှာက spassတွေက လည်းခက်နေတာကိုး။ စီးပွားရေးတွေကလည်းကျဆိုတော့ မြန်မာမိန်းကလေးတယောက်အတွက်နိုင်ငံခြားမှာ (အထူးသဖြင့် စင်ကာပူမှာအလုပ်ရှာ တယ်ခက်သကိုး)
ယောက်ျားအလကားရပြီးPRလည်းကျဆိုတာ နည်းသလားပြော။ မနည်းဘူးနော်။စီကိုတလ ၁၀၀၀ပဲပေး။ကျန်တာသူယူ။ကြည့်စမ်း..ဘယ်လောက်ကောင်းလိုက်မလဲ။
ခုတော့ မိန်းမဖြစ်နေလို့   ယောက်ျား ဘယ်နှစ်ယောက်ယူယူ စလုံး အစိုးရက အဲဒီကောင်တွေကို PRမပေးဘူး။ အဲဒီတော့ ဒီကောင်တွေဆီကလည်း ပိုက်ပိုက်မရ.. စီ့ဗိုက်ဗိုက်ပြည့်ဖို့ အတွက် အလုပ်ချိန်များများလုပ်ရုံကလွဲလို့  ဘာမှမရှိရှာတော့ ဘူးကွယ်။ ဒီတခါ မိန်းမဖြစ်ရတာ နာသကွာ။အဟင့်။အဟင့်။
စီအိပ်ချင်ပြီ.. ဒါပေမယ့်စီအိပ်လို့ မရသေးဘူး။ ဗိုက်ဗိုက်ကဆာနေလို့ ။မီးဖိုချောင်ထဲဝင်ပြီး ဂျပန်တပ်ရွာထဲဝင်သလို ၀င်မွှေလိုက်အုံးမယ်။
foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago