ဒီနေ့ လည်း heal the worldသီချင်းကို အိပ်ယာထ တည်းကနားထောင်မိပြန်တယ်။ ကလေးတွေမျက်နှာဟာ တကယ်ပဲအပြစ်ကင်းတယ်နော်။အဲလိုပဲသူ တို့ ရဲ့ အတွေးတွေအမြင်တွေကလည်း အပြစ်ကင်းတယ်။စီကလေးတွေကိုချစ်တတ်တယ်။ကလေးမွေးချင်လားဆိုတော့မမွေးချင်ဘူး။ သီချင်းတပုဒ်ဟာ လူတယောက်ရဲ့ အမြင်တွေအတွေးတွေကို ပြောင်းနိုင်ခဲ့တယ်ဆိုရင် အဲဒီ သီချင်းမှာ ပါဝင်တဲ့ လူတိုင်းဟာအင်မတန်တော်လို့ ။အလုပ်တွေရှုပ်နေလို့ စာမှန်မှန်မရေးနိုင်တဲ့ အချိန်မှာ စီအတွက် အလုပ်နဲ့ အိပ်ချိန်ပဲရှိတယ်။ ရည်ရွယ်ချက်လည်းမရှိဘူး။ဖျော်ဖြေရေးလည်းမရှိဘူး။တကယ်ပဲ စက်ရုပ်လူသားသာသာရယ်ပါ။ ချစ်သောသူက အဲဒီအတွက် စီကိုအရမ်းချစ်နေပါတယ်။သူကို အပြစ်မရှိ အပြစ်မရှာလို့ တဲ့။စီက အားနေရင် တောင်တွေးမြောက်တွေးနဲ့ imaginationအားကောင်းတော့ သူ ကို လည်း သူ့ အလုပ်ထဲက မိန်းမတွေနဲ့ ဟိုတွေးဒီတွေးလုပ်ပြီး ဟိုမေး ဒီစစ်လုပ်လွန်းလို့ စီစကားပြောမယ်ဆိုရင် သူ ကြောက်နေခဲ့ပါတယ်။ အခုတော့ စီက စက်ရုပ်လူသားဖြစ်နေလို့  သူ [...]