မသွားသင့်သော မြန်မာဆေးခန်း-စင်ကာပူ
Saturday, July 11th, 2009ဒီPostလေးက စီအရင်တုန်းက ဖတ်ဖူးပါတယ်။ သိပြီးကြသူများလည်းရှိသလို မသိရသေးတဲ့ သူတွေရှိရင်လည်း အကျဉ်းချုံးပြောရပြရမယ်ဆိုရင်တော့ဖြင့် အဟမ်း.. ဆရာဝန်နှာဘူးကြီးတယောက် ဆေးခန်းလာတဲ့ အမျိုးသမီးတွေကို ဟိုကိုင်ဒီကိုင် ဟိုညှစ် ဒီညှစ် လုပ်တယ်ဆိုပါတော့။ အဲဒီဆရာဝန်နဲ့ အကူ သူနာပြုမက (အေးမေတာ )ဆိုတဲ့ နာမည်တခုနဲ့ ဆေးခန်းအသစ်တခုထပ်ဖွင့်တယ်ဆိုတဲ့ အကြောင်းပါ။ ပထမဆုံးဖတ်မိတုန်းကတော့  အော ယောက်ျားပဲ။ မြန်မာတွေ ကုလားတွေ ဆရာဝန်တွေ အင်ဂျင်နီယာတွေခွဲနေတာမှမဟုတ်တာ။ ဂန်ဒူး နဲ့ နှာဘူး၂မျိုးပဲရှိသကိုး။ ဒီဆရာဝန်သာ ဂန်ဒူးဆိုမှတော့ ဆရာဝန်တောင်ဖြစ်လာမှာမဟုတ်ဘူး။ သီချင်းဆိုပြီး ရှောက်သီးဆေးပြားလိုက်ရောင်းနေလောက်ပြီ။ စီကို မကိုင် မညှစ်ရင်တော်လောက်ပါပြီဆိုပြီ ထားထားလိုက်တယ်။ နောက်တခုက ဒီသတင်း က အတော်လေးကြာခဲ့ပြီ။ခုထိစီ forward emailအနေနဲ့ လက်ခံရရှိနေတုန်းပဲ။တခါတလေ ပို့ တဲ့ သူတောင် အမြင်ကပ်ကပ်နဲ့  [...]