လာပြီ..လာပြီ.. စီလာပြီ…
စီ postကို update မလုပ်လို့ ရေထဲမျောသွားပြီထင်မှာစိုးလို့ .. ခုupdate လုပ်လိုက်တယ်။ဟဲဟဲဟဲ..
စီမသေဘူး။ ရေကူးတတ်တယ်။ ဘယ်ရမလဲ။ စီကွ။ တကွတည်းရှိ ..အဲ.. တစီတည်းရှိတယ်။
battery ကလည်း ကျန်သေးတော့ စာရေးချင်တာလေးတွေအနဲ နဲ့ အကျဉ်းတွေရေးလို့ ရသွားတာပေါ့။ဒီနေ့ တော့ အေးဆေးပါပဲ။ ရာသီဥတုကလည်းသာယာ။ငှက်ကလေးတွေက တကျွီကျွိနဲ့ ။အတင်းပြောလို့ သိပ်ကောင်း အဲ သတင်းပြောလို့ သိပ်ကောင်းတဲ့ အချိန်ကလေးပေါ့။
တပတ်စာကတော့ အရင်အပတ်တွေလို ပါပဲ။ အလုပ်နဲ့ အိမ်..အိမ်နဲ့ အလုပ်။
ခုတလော ပိုက်ပိုက်ပြတ်နေလို့  ဘာဖြစ်ချင်ရင်ကောင်းမလဲလို့ စဉ်းစားခန်းဝင်နေခိုက်.. စီ ယောက်ျားဖြစ်ချင်တယ်။ ယောက်ျားဖြစ်ရင်လေ စင်ကာပူမှာ မိန်းမအတုယူပြီး အဲဒီမိန်းမစီက ငွေညစ်လို့ ရတယ်။ခုချိန်မှာက spassတွေက လည်းခက်နေတာကိုး။ စီးပွားရေးတွေကလည်းကျဆိုတော့ မြန်မာမိန်းကလေးတယောက်အတွက်နိုင်ငံခြားမှာ (အထူးသဖြင့် စင်ကာပူမှာအလုပ်ရှာ တယ်ခက်သကိုး)
ယောက်ျားအလကားရပြီးPRလည်းကျဆိုတာ နည်းသလားပြော။ မနည်းဘူးနော်။စီကိုတလ ၁၀၀၀ပဲပေး။ကျန်တာသူယူ။ကြည့်စမ်း..ဘယ်လောက်ကောင်းလိုက်မလဲ။
ခုတော့ မိန်းမဖြစ်နေလို့  ယောက်ျား ဘယ်နှစ်ယောက်ယူယူ စလုံး အစိုးရက အဲဒီကောင်တွေကို PRမပေးဘူး။ အဲဒီတော့ ဒီကောင်တွေဆီကလည်း ပိုက်ပိုက်မရ.. စီ့ဗိုက်ဗိုက်ပြည့်ဖို့ အတွက် အလုပ်ချိန်များများလုပ်ရုံကလွဲလို့  ဘာမှမရှိရှာတော့ ဘူးကွယ်။ ဒီတခါ မိန်းမဖြစ်ရတာ နာသကွာ။အဟင့်။အဟင့်။
စီအိပ်ချင်ပြီ.. ဒါပေမယ့်စီအိပ်လို့ မရသေးဘူး။ ဗိုက်ဗိုက်ကဆာနေလို့ ။မီးဖိုချောင်ထဲဝင်ပြီး ဂျပန်တပ်ရွာထဲဝင်သလို ၀င်မွှေလိုက်အုံးမယ်။