ideal trip
Tuesday, August 4th, 2009စီမြန်မာပြည်ကို ပြန်ဖို့ ဆုံးဖြတ်ထားတယ်။ဆောင်းတွင်းဖြစ်ဖို့ များတယ်။ စီ ဆောင်းကိုကြိုက်တယ်။ အေးချမ်းလို့ ။ မြန်မာပြည်ကို ဂေါ်နဲ့ ကော်ပြီးခေါ်တာတောင်မလိုက်၇ဲတတ်သူတယောက်ရှိတယ်။ အဲဒါကတော့ တိုတိုပဲ။ တိုတိုက စီတို့ မြန်မာပြည်က လေယာဉ်ပျံကြီးကိုကြောက်တယ်။ Busကြီးကိုကြောက်တယ်။စီ့လိုပဲ မြန်မာပြည်ကမျဉ်းကြားတွေကိုကြောက်တယ်။စီ သူ့ ကိုပြောဖူးတယ်။ ကိုယ့်တို့ နိုင်ငံရဲ့ zebra crossingက ကူးလည်း စိတ်ကူးပေါက်ရင် တိုက်ချသွားတာပဲလို့ ။travel insurance ထဲမှာ မြန်မာပြည်မှာ ကားတိုက်လို့ claimလို့ ရရင်သိပ်ကောင်းမှာပဲ။ဒါဆို မြန်မာပြည်အလည်ပြန်တိုင်း claimလို့ ရမှာ။ သူ့ ကို စီ ရွာလေးတရွာလိုက်ပြချင်တယ်။သိပ်သာယာတဲ့ ရွာလေးတရွာ။ချောင်းလေးလည်းရှိတယ်။တောင်တွေလည်းအများကြီးပဲ။ organic foodတွေပဲစားကြတယ်။ ရွာခံလူတွေကလည်း အရမ်းရိုးသားတယ်။ အရမ်းသာယာတယ်။အဲဒီမှာ စီရဲ့  vacation homeကို ဆောက်ဖို့ စဉ်းစားထားတယ်။သူ့ ကို [...]