မကြာမီလာမည် မျှော်..
Tuesday, August 18th, 2009“ဟေး…စီ..မတွေ့ တာတောင်ကြာပြီ။ အခု ကိုယ်ပိုင်စီးပွားရေးတွေလုပ်နေတယ်ဆို??” MRT ထဲအ၀င် ကျောင်းတုန်းကသူငယ်ချင်းတယောက်နဲ့မထင်မှတ်ပဲတွေ့ လိုက်သည်။ စိတ်ထဲကတော့ ”အိမ်း ဒီကောင်မကို စီ့ စီးပွားရေးအကြောင်းပြောလို့ မဖြစ်ဘူး။ တော်ကြာ သူပါလာပြီး ၀င်ပါလို့  အမြတ်တွေလျှော့ကုန်အုံးမယ်။” “ဟဲဟဲဟဲ ဒီလိုပါပဲဟာ။ စင်ကာပူက စီးပွားရေးမကောင်းတော့ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ကြည့်တာပါ။ မဆိုးပါဘူး။” ” ဒါပေါ့ ဒါပေါ့။” သူမကထောက်ခံသည်။ “ဒါနဲ့  ဘယ်နားမှာလဲ” သူမဗီဇအတိုင်း လျှာကြောစရှည်သည်။ “ဒီလိုပဲပေါ့။ ကိုယ်က မြန်မာဆိုတော့  မြန်မာ ဈေးကွက်ကိုအရင်စ၀င်တာပေါ့” “အော်… ဒါဆို cityhallမှာပေါ့။ ကြည့်စမ်း။ စီတို့ က လုပ်ရင်ဂွင်ရှိမှကိုင်တတ်တဲ့ အကျင့်မပျောက်သေးပဲကိုး။ ဟင်း ဟင်းဟင်း ထမင်း..ထမင်း..ထမင်း။အဲဒီက ဆိုင်တချို့ က မမြတ်လို့ တောင် [...]