မရိုးသေးသောပုံပြင်တပုဒ်

ဒေါ်စု ကိုတရားစွဲပါတယ်ဆိုမှပြန်လွှတ်ဖို့ ဖြစ်နိုင်ပါ့မလား။

အဲဒါကိုအစိုးက တရားစီရင်ပြီးတဲ့ အထိစိတ်ရှိလက်ရှိထိုင်စောင့်နေကြတဲ့ သူများကလည်းရှိသေးတယ်။

နေအိမ်အကျယ်ချုပ်၁၈လကျတယ်လည်းပြောရော ဘယ်သူမှ ဘာမှမလုပ်နိုင်ကြဘူး။

လွတ်နိုးလွတ်နိုးနဲ့  စောင့်နေတဲ့သူတွေလည်းစိတ်ဓါတ်တွေကျကုန်တယ်။

စီကတော့  စပြီး မတရားဖမ်း တရားစွဲတယ်ဆိုတည်းသိလိုက်ပြီ။ဒီနှစ်တော့လည်းလွတ်အုံးမှာမဟုတ်ဘူးလို့ ။

ခုဒေါ်စု ၁၈လ under house arrest ဖြစ်ပြီဆိုမှ လူတွေက စပြီးထင်ကြေးပေး၊စာတွေရေးကြတယ်။


ဒီအစိုးရsystem ကြီးရှိနေသရွေ့  ဒေါ်စုတော့ ဘယ်တော့မှလွှတ်မှမဟုတ်ဘူး။

ဘုရားသွားပန်းလှူလို့ ပန်းခင်းအကုန်လုံးသာကုန်သွားမယ်။


ကျောင်းကန်မှာငါးသွားလွှတ်လို့  ကန်ထဲမှာငါးသာကုန်သွားမယ်။ ဒေါ်စုကတော့ ဒီလိုနည်းနဲ့  ဘယ်တော့မှမလွတ်ဘူး။လူတွေဟာတကယ်ပဲ

သိသိကြီးနဲ့  မသိချင်ယောင်ဆောင်နေတာလား။ တကယ်ပဲမသိလို့ မသိချင်ယောင်ဆောင်နေတာလား။စီလည်းဒီလိုပဲ ဘေးကနေကြည့်နေတာ၂၁နှစ်တောင်ကြာသွားပြီ။ ဒေါ်စု ကောင်းမှုကြောင့် နိုင်ငံခြားမှာနိုင်ငံရေးခိုလှုံခွင့်ရတဲ့လူတွေရဲ့  သားသမီးတွေတောင်လူကြီးတွေဖြစ်လာကြပြီ။ဒေါ်စုကောင်းမှုကြောင့် စာရေးပြီးနာမည်ကြီးသွားကြသူတွေလည်းမနည်းတော့ဘူး။


တခါတလေစီစဉ်းစားမိတယ်။မြန်မာbloggerတွေကြားနာမည်ကြီးချင်ရင် ဒေါ်စုအကြောင်းသာရေး။နာမည်ကိုကြီးစေရမယ်ဆိုသလိုဖြစ်နေပြီ။ပြီးခဲ့တဲ့အပတ်myanmar blogsကိုဝင်ဖတ်ကြည့်တယ်။ ကံဆိုးတာလားကံမကောင်းတာလားမသိဘူး။ အစိုးရ အာဘော်ရေးထားတဲ့ blogsကိုဖတ်မိတယ်။ဒီပုဂိုလ်တွေကလည်းစိတ်ရှည်လက်ရှည်နဲ့  ကိုမသာကြီးတွေကောင်းကြောင်းရေးထားကြတယ်။တခါ တဖက် ကပြန်ဆော်တဲ့ blogsကိုဖတ်မိပြန်တယ်။သူဆော် ကိုယ်ဆော်နဲ့ နိုင်ငံရေး blog ကနေကိုယ့် ပေါင်ကိုယ်လှန်ထောင်းတဲ့blogs သာသာဖြစ်သွားတယ်။


စတုန်းကတော့ ဒေါ်စုကိုတရားစီရင်မှုနဲ့  ပတ်သတ်ပြီး analysisလုပ်ရာကနေနောက်ဆုံးတော့ cboxကနေ နှမပေးတွေ မအေပေးတွေပါလာကြတယ်။

အော..မြန်မာလူမျိုးတွေ။ဝေသံသရာမင်းကြီးသေလို့ ဝင်စားကြတဲ့ကောင်တွေများလားမသိဘူး။ အမေတောင်အလကားပေးချင်တဲ့သူကရှိသေးတယ်။အိမ်းကောင်းလေစွ။ဒေါ်စုကိုအမှူးပြုပြီး နှမတွေမအေတွေအလှူလုပ်နေကြတယ်နဲ့တူတယ်။

ဘာပဲဖြစ်ဖြစ်…နှမတွေမအေတွေသာ ပေးစရာကုန်သွားမယ်။ ဒေါ်စုကတော့ဒီအစိုးရsystemကြီးရှိနေသရွှေ့ လွှတ်အုံးမှာမဟုတ်ပါဘူးလေ။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago