financial planner
“သမီးစီရေ..လက်ထဲမှာဒေါ်လာ၂၀၀၀လောက်ရှိလားကွယ်”
“နို့  မေ က ဒေါ်လာ၂၀၀၀နဲ့  ဘာလုပ်မလို့ လဲ”
“သမီးဦးလေးနေမကောင်းဘူး။အသဲအသန်ဖြစ်နေတယ်။အဲဒါအမေရွာပြန်မလို့ ။မပြန်ခင် ကျွန်းလယ်ကမသာစရိတ်ကောက်တဲ့အိမ်သွားပြီးအသုဘစရိတ်သွားလှူရအုံးမယ်။ခက်သကွယ်။ဒီမသာကြီးကလည်း သေနိုး သေနိုးနဲ့  မသေနိုင်သေးဘူး။အမေတို့ မှာလည်းရွာသာပြန်နေရတာ။မသာစရိတ်မပေးပဲရွာပြန်ရင်လည်းလေယာဉ်ကွင်းမှာတုံးထုတဲ့သူတောင်းစားတွေကဆွဲမယ်၊ဖဲ့မယ်တကဲကဲနဲ့ ။ငတ်နေတာကိုး။”
“အဲဒါကြောင့်ပြောတာ မေ့ကို။ ကျွန်းသူလုပ်လိုက်ပါလို့ ။ကျွန်းသူလုပ်ရင်မသာစရိတ်သွားပေးစရာမလိုတော့ဘူး။ရွာလည်းအချိန်မရွေးပြန်လို့ ရတယ်။လေယာဉ်ကွင်းကသူတောင်းစားတွေလည်း ရွာသူမဟုတ်တော့လို့ သိပ်မဖဲ့ မဆွဲရဲ တော့ဘူး။”
“ကဲပါ။ အမေပဲ ဘဏ်ကသွားထုတ်ထားလိုက်မယ်။အမေအလုပ်ရှိလို့  သမီးပဲသွားပေးလိုက်နော်။”
“နိုး..နိုး။မေ စီ့ ကိုသတ်ချင်သတ်သွား။စီတော့အဲဒီမသာအိမ်လုံးဝမသွားဘူး။”
“သွားလိုက်ပါသမီးရယ်။မဟုတ်ရင်သမီးဦးလေးအသက် ကအမေပြန်ရင်မှီမှာမဟုတ်ဘူး။”
ထို နေ့ ည(သို့ )မနက်မကျတကျ
မသာအိမ်နားကို အစောကြီးရောက်သွားသည်။စီ့လိုပဲမျက်နှာ၈ခေါက်ချိုးတွေမသာစရိတ်လာပေးတဲ့သူများကိုတွေ့ ရသည်။ပြီးတော့ မသာကြီးဘယ်တော့ သေမလဲဆိုတာထင်ကြေးတွေပေးကြသည်။ပျော်ဖို့ တော့ ကောင်းသား။ဒါပေမယ့်မသာကြီးတကယ်မသေသေးတာကခက်သည်။
မနက်မိုးလင်းတော့ ဘယ်မသာကောင်လက်ချက်မှန်းမသိ။စီတို့ နာမည်တွေပေးထားတဲ့ တိုကင်စာရွက်ပျောက်သွားသောကြောင့် အသစ်ပြန်တိုကင်ယူရသည်။top 10စာ၇င်းဝင်သောစီသည် top30ထဲရောက်သွားသည်။မနက်အစောကြီးတုန်းကမတွေ့ သောသူတွေ top 10စာရင်းဝင်ကုန်သည်။တပွဲတလမ်းပွဲကြမ်းလိုက်ရလို့ စိတ်ထဲရှိသော်လည်း မသာအိမ်မှာရန်ဖြစ်လျှင်ကိုယ်ပဲသိကာကျမှာစိုးသောကြောင့်၈ခေါက်ကျိုးမျက်နှာကို၁၂ခေါက်ချိုးပြောင်းချိုးလိုက်သည်။
စပါပြီ။အောကလီဆန်သော မသာကြီးတွေfrontdeskမှာအလုပ်များချင်ဟန်ဆောင်ပြီးဒီနေ့ တော့မသာစရိတ်ဘယ်လောက်ရမလဲကြိတ်တွက်ရင်းပျော်နေကြပါသည်။
စိတ်ထဲကမသာကောင်တွေကိုနဲနဲလေးဆော်ချင်စိတ်ပေါ်လာသည်။အခွန်ဆောင်မဲ့  အဖေနေရာကိုစီနာမည်ပြောင်းလိုက်သည်။
အတော်အတန်စောင့်ပြီးသောအခါစီ့ အလှည့် လာပါပြီ။
“အခွန်ဆောင်ချင်လို့ ပါ”
“ဘယ်နှစ်နှစ်စာလဲ”
“3နှစ်စာပါ”
ဝါး  မသာမကြီးမျက်နှာဝင်းသွားသည်။မိစီလောက်ဆိုရင် အနည်းဆုံး ၃၀၀၀လောက် စားလို့ ရတာကိုး။
“‘PR လား”
“ဟုတ်ပါတယ်။ “
“ဟုတ်ကဲ့ သိပါတယ်”
Form နဲ့  passportလည်းပေးလိုက်ရော မျက်မှောင်ကြိုတ်သွားသည်။
“PR ဆိုဘာလို့  ဒေါ်လာ၃၀ပဲဆောင်တာလဲ။ရုတ်ရုတ်မလုပ်နဲ့နော်။နောက်မှာလူတွေအများကြီးရှင့်ကိုစောင့်နေတယ်။ ကျွန်မတို့ က ရှင်တို့ ဘယ်လောက်ရလဲဆိုတာအကုန်သိတယ်။MOMကိုလှမ်းစစ်လိုက်မယ်”
“ဟုတ်တယ်လေ။ PR တယောက်ကဒီလောက်ပဲရလား။ ” မမက မကျေနပ်။ဈေးဆစ်သည်။
“ဒါတောင် managerက လစာကို၃၀၀ဒေါ်လာရေးလို့  တက်တော့မယ်တကဲကဲဖြစ်နေတာ။ပုံမှန်ဆိုသူ က ၁၀၀ပဲရေးပေးတာ။
“မယုံဘူး။ ရှင့် အလုပ်ကဘာလဲ”
“financial planner လေ။ကဲကဲ ၃၀နဲ့ ဆောင်တုန်းယူထားနော်။ ၁၀ဒေါ်လာဖြစ်သွားရင်တာဝန်မယူဘူး။”
“တိန်..!!!”
စီတော်တော်လေး ပျော်သွားသည်။လူတွေက  စီ့ ကိုရွာသူမပီသဘူး။ ရွာရေးရွာဝန်မှာဘာမှမပါဘူးနဲ့ ။ခုတော့ မသာကြီး အသုဘစရိတ်မှာစီတတပ်တအား ပါဝင်ခဲ့ပါပြီ။ ဟီးဟီး။
……………………………………………………….
အိမ်ပြန်ရောက်တော့၃၀နောက်မှာသုညတလုံးတိုးလိုက်သည်။ ၃နှစ်စာ ၃၆၀၀ ။photocopy ကိုquality အညံ့စားနဲ့  ကူးလိုက်သည်။slipကမှုန်ဝါးဝါး။ ၀ါး…..။နောက်၃နှစ်လောက်မှတခါသွားဆောင်လျှင် အဘယ်သူသိအုံးမယ်နည်း။
မြင်ယောင်သေးသည်။နောင်ဆိုလျှင် မြန်မာထဲတွင် Financial planner ကောင်းများပေါ်ထွန်းလေစွ။ဟီးဟီးဟီး။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago