မွေးနေ့ 
သြဂုတ်လတောင် ကုန်တော့မှာပါလား။ အားတိုင်းတွေးနေမိတဲ့ အရာကတော့ အချိန်တွေဘာလို့ ဒီလောက်ကုန်မြန်နေတာလဲဆိုတာကိုပဲ။
တခါတလေတော့ လည်းမောမိတယ်။လူတွေဟာ အချိန်နောက်ကို လိုက်ရင်း အချိန်နဲ့ အပြိုင်အံတုရင်း အချိန်တွေကုန်ဆုံးသွားတာကို သတိမထားမိကြဘူး။ အချိန်ဟာ ဒီအချိန် ပဲ။ တနေ့ မှာ ၂၄နာရီရှိတယ်။ တိုးလည်းမတိုးသွားဘူး။ လျှော့လည်းမလျှော့သွားဘူး။
ဒါပေမယ့် အချိန်နောက်လိုက်တဲ့ လူတွေ အချိန်နဲ့ ပြိုင်ပြီးအလုပ်လုပ်တဲ့ လူတွေကတော့ အသက်တွေကြီးလာတယ်။ လုပ်ကိုင်အားတွေ လျှော့လာတယ်။ ကြာတော့လည်း မောလာကြတယ်။ အဲဒီအချိန်မှာ အချိန်ဟာ မြန်လွန်း ကုန်လွန်းလာတယ်။ အချိန်မလောက်တွေဖြစ်လာတယ်။ ကိုယ့်ကိုကိုယ်အားမရလာတယ်။ ထပ်လိုက်တယ်။ ထပ်ပြိုင်တယ်။ ထပ်မောတယ်။ နောက်ဆုံးတော့ bodyက ဒီထပ်မမြန် ဒီထပ် မလိုက်နိုင်တဲ့ အခါ overuseတွေဖြစ်လာပြီးအချိန်ကို အလျှော့ပေးလိုက်ရတယ်။ အနိုင်ပေးလိုက်ရတယ်။ ဒါတောင် စိတ်ထဲက “ဟာ ကွာ.. ဒီထက် နည်းနည်းလေး ပြန်ငယ်လိုက်ရင်ဖြင့် ဒါလေးကို ဒီအချိန်လောက်နဲ့ အပျော့ပေါ့။ အပြီးလုပ်နိုင်တာပေါ့” စဖြင့် မခံမ၇ပ်ဖြစ်လာကြတယ်။
ဒီလိုပဲ စီလည်း လူလတ်ပိုင်းထဲဝင်လာပြီ။ နောင်၅နှစ် အသက် ၃၀ပြည့်တော့မယ်။ နောင်၅နှစ်ကို ကြိုတွေးမိပေမယ့် တကယ်တော့ အချိန်နဲ့ ပြိုင်ပြီး အလုပ်လုပ်ရင် ၅နှစ်ဆိုတဲ့ အတိုင်းအတာတခုဟာ မနက်ဖြန် သဘက်ခါ သာသာရယ်ပေါ့။စလုံးမှာစီတို့ သုံးနေကျစကားတခုရှိတယ် “wah!!super duper fast seh!!”ဆိုလိုတာက ဇွတ်ရမ်းကို မြန်နေတာ။လွန်ခဲ့တဲ့ ၅နှစ်တုန်းက စီ အသက် ၂၀ ပဲရှိခဲ့ပေမယ့် ပြန်တွေးမိရင် မနေ့ တုန်းကလိုပဲ။
ကိုယ်ပိုင်အိမ်တလုံးဝယ်မယ်။ကိုယ်ပိုင်စီးပွားရေးလုပ်မယ်။ကိုယ်သုံးဖို့ အတွက် ပိုက်ဆံစုမယ်။ ကိုယ်လှူဖို့ အတွက်fundတခုထားထားမယ်။
အဲဒီ ကိုယ်..ကိုယ်..ကိုယ်တွေအတွက်နဲ့ ပဲ အချိန်နဲ့ အပြိုင်လုပ်နေရတာ။ဘယ်လိုလုပ် ၂၅နှစ်ပြည့်လာတော့မှန်းမသိလိုက်ဘူး။
တကယ်လို့ သာ စီ့မိဘတွေသာ စီ့ကို တနှစ်တခါ မွေးနေ့  မလုပ်ပေးရင် စီ့အသက်စီတောင်မှတ်မိမှာမဟုတ်ဘူး။လူတွေကပြောကြတယ်။
မွေးနေ့ ဆိုတာကလေးတွေအတွက်လုပ်ပေးတာ။အသက်ကြီးလာရင်မလိုအပ်တော့ဘူးတဲ့။စီ သဘောမတူဘူး။အသက်ကြီးလာလေ ပိုလိုအပ်လေပဲ။
မွေးနေ့ ပွဲတခုဟာtimerတခုလိုပဲ။ ၂၅နှစ်ပြည့်ရင် ဘာဖြစ်ရမယ်။၂၆နှစ်ပြည့်ရင် ဘာရရမယ်။ ၂၇နှစ်ပြည့်ရင်ဘယ်လောက်ရှိရမလဲ။
မွေးနေ့ ပွဲတခုလုပ်တိုင်း ကိုယ့်ရဲ့  target ကို achievedဖြစ်ပြီလားမဖြစ်ပြီလား စစ်ဆေးလို့ ရတယ်။ ရည်မှန်းချက်တခု အကောင်အထည်ဖော်ဖြစ်တယ်ဆိုရင် အဲဒီမွေးနေ့ ကျင်းပခြင်းက အင်မတန်မှာကို ပျော်ရွှင်ဖို့ ကောင်းတယ်။
တချို့ က မွေးနေ့ ကျင်းပတယ်။ မွေးနေ့ မှာအရက်သောက်တယ်။ပျော်ပါးတယ်။ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ တယ်။ စီအတွက်ကတော့ မွေးနေ့ မှာလူတွေအများကြီးမလိုဘူး။ချမှတ်ထားတဲ့ ရည်မှန်းချက်တခုဖြစ်မြောက်ပြီးအဲဒီရလဒ်ကို ချစ်သောသူများနဲ့ မျှဝေခံစားရတာကိုပိုနှစ်သက်တယ်။of course they are my folks and dude and my close friends.
၂၅နှစ်ပြည့်ဖို့ နီးလာပြီ။၂၄နှစ်တုန်းကချမှတ်ထားတဲ့ရည်မှန်းချက်တွေအကောင်အထည်ပေါ်ပြီလား။အိမ်း…ဖြေရမှာတော့အခက်သား။