အလုပ်မရှိကြောင်ရေချိုးတဲ့ သူတွေ
Monday, August 31st, 2009စီက စီ့ဟာစီတယောက်တည်းအလုပ်မရှိကြောင်ရေချိုးပေးတယ်ထင်နေတာ။စီနဲ့ ပြိုင်မယ့်သူပေါ်လာပြီ၊ စောစော က အင်တာနက်ကနေ သတင်းတပုဒ်ဖတ်လိုက်ရတယ်။ အစိုးရနဲ့  ကိုးကန့် ကြားမှာတင်းမှာမှုရှိပြီးစစ်ဖြစ်တော့မယ်တဲ့ ။ခုရေးတဲ့အချိန်ဆိုဖြစ်နေပြီလားတော့မသိဘူး။ အလုပ်မရှိစစ်သားတွေစုဆောင်း၊ စစ်သားတွေလုပ်စရာမရှိတော့  ဟိုလူမျိုးဆီ သွားတိုက်လိုက်၊ဒီလူမျိုးကို သွားတိုက်လိုက်နဲ့ ။နောက်ဆိုမြန်မာပြည်မှာ ဘယ်တိုင်းရင်းသားမှမကျန်ပဲ စစ်သားပဲကျန်တော့မယ်။ စစ်ဖြစ်တာမကောင်းပါဘူး ဆိုတာ လူတိုင်းသိပြီးသားအရာတခုကိုသူတို့ မသိတာအံ့ရော။ စားတုန်းကတော့ အတူတူစားကြပြီးတော့ အဝေမတည့်တော့မှ ဒီလိုလုပ်တာမကောင်းပါဘူး။ ကရင်လူမျိုးလည်း ဖုတ်လှိုက်..ဖုတ်လှိုက်ပဲကျန်တော့ တယ်။ကရင်နဲ့ တိုက်ရတာပျင်းတော့ အခုတော့ targetကပြောင်းသွားတယ်နဲ့ တူတယ်။ စစ်ဖြစ်ရင် စီးပွားရေးတွေထိခိုက်၊ကုန်သည်တွေအကျပ်အတည်းဖြစ်၊ကုန်ဈေးနှုန်းတွေတက်၊လူတွေငတ်နဲ့ ။လူတွေငတ်တော့ အားတွေပြတ်၊ အားတွေပြတ်တော့ သူတို့ ကို မလှန်နိုင်၊ တသက်လုံးအားတွေပြတ်၊ အားတွေပြတ်ရင်းနဲ့ သေ၊သေသာသေသွား။ ဘယ်သူမှ သူတို့ ကိုမလှန်ရဲ နဲ့  ဂျာအေးချာလပတ်လည်နေတာ။ အဲလိုပဲ အဘိုးကြီးသေတော [...]