အလုပ်မရှိကြောင်ရေချိုးတဲ့ သူတွေ
စီက စီ့ဟာစီတယောက်တည်းအလုပ်မရှိကြောင်ရေချိုးပေးတယ်ထင်နေတာ။စီနဲ့ ပြိုင်မယ့်သူပေါ်လာပြီ၊ စောစော က အင်တာနက်ကနေ သတင်းတပုဒ်ဖတ်လိုက်ရတယ်။ အစိုးရနဲ့  ကိုးကန့် ကြားမှာတင်းမှာမှုရှိပြီးစစ်ဖြစ်တော့မယ်တဲ့ ။ခုရေးတဲ့အချိန်ဆိုဖြစ်နေပြီလားတော့မသိဘူး။
အလုပ်မရှိစစ်သားတွေစုဆောင်း၊ စစ်သားတွေလုပ်စရာမရှိတော့  ဟိုလူမျိုးဆီ သွားတိုက်လိုက်၊ဒီလူမျိုးကို သွားတိုက်လိုက်နဲ့ ။နောက်ဆိုမြန်မာပြည်မှာ ဘယ်တိုင်းရင်းသားမှမကျန်ပဲ စစ်သားပဲကျန်တော့မယ်။
စစ်ဖြစ်တာမကောင်းပါဘူး ဆိုတာ လူတိုင်းသိပြီးသားအရာတခုကိုသူတို့ မသိတာအံ့ရော။ စားတုန်းကတော့ အတူတူစားကြပြီးတော့ အဝေမတည့်တော့မှ ဒီလိုလုပ်တာမကောင်းပါဘူး။
ကရင်လူမျိုးလည်း ဖုတ်လှိုက်..ဖုတ်လှိုက်ပဲကျန်တော့ တယ်။ကရင်နဲ့ တိုက်ရတာပျင်းတော့ အခုတော့ targetကပြောင်းသွားတယ်နဲ့ တူတယ်။
စစ်ဖြစ်ရင် စီးပွားရေးတွေထိခိုက်၊ကုန်သည်တွေအကျပ်အတည်းဖြစ်၊ကုန်ဈေးနှုန်းတွေတက်၊လူတွေငတ်နဲ့ ။လူတွေငတ်တော့ အားတွေပြတ်၊
အားတွေပြတ်တော့ သူတို့ ကို မလှန်နိုင်၊ တသက်လုံးအားတွေပြတ်၊ အားတွေပြတ်ရင်းနဲ့ သေ၊သေသာသေသွား။ ဘယ်သူမှ သူတို့ ကိုမလှန်ရဲ နဲ့  ဂျာအေးချာလပတ်လည်နေတာ။
အဲလိုပဲ အဘိုးကြီးသေတော့ နောက်အဘိုးကြီးတက်လာ၊ နောက်အဘိုးကြီးလည်း အလုပ်မရှိကြောင်ထပ်ရေချိုး၊သူတို့ ကြောင်ရေချိုးတော့ လူတွေအခက်တွေ့ ရ။ ဖုတ်လှိုက်..ဖုတ်လှိုက်နဲ့ နောက်ဆုံး ဘယ်သူမှမသတ်ပဲ ကိုယ့်ဟာကိုယ် အားပြတ်ပြီးသေ။
ဒါကြောင့် သတင်းတွေမဖတ်ချင်တာ။ လက်ကမရဘူး။ ကိုယ့်နိုင်ငံလေး လက်ရှိမှာဘာဖြစ်နေလဲ ဆိုတာ သိချင်တဲ့စိတ်က တားလို့ မရတာအခက်သား။ဟို website လေး နှိပ်လိုက် ဒီ websiteလေးနှိပ်လိုက်နဲ့  ဖတ်ရတဲ့သတင်းက စိတ်မသာယာ။ အဲဒါပေါ့။ထိုင်နေတုန်းက အကောင်းသား။ လက်ကသွားကမြင်းမိတော့ အခု စိတ်မောရပြီပေါ့။ ဒီလို့ ပြည်တွင်းစစ်ဖြစ်ရင် ကုန်ဈေးနှုန်းတွေထပ်တက်အုံးမယ်။ လူတွေမစားနိုင် မသောက်နိုင်ဖြစ်အုံးမယ်။ကျီးလန့် စာစားနေကြရလိမ့်မယ်။ အဲဒါမျိုးနဲ့ ပဲ ဒေါ်စု အမှုကိုလူတွေက အာရုံထပ်ပြောင်းအုံးမယ်။
အရင်ကလည်း ဒီလိုပဲ။ ဒေါ်စုအကြောင်းတခုခုဖြစ်ပြီဆိုရင် ကရင်ပြည်နယ်ဘက်မှာစစ်သွားဖြစ်ပြီ။ အခုလည်း စစ်ဖြစ်ပြန်ပြီ။
တကယ့်ကိုအလုပ်မရှိ ကြောင်ရေချိုးတဲ့ သူတွေ။ ဒီလောက်အားယားနေကြရင် သူတို့ မိန်းမတွေခေါင်းကို သန်းရှာပေးလိုက်တာမဟုတ်ဘူး။