အဖပြောတဲ့ အလုပ်
Sunday, September 13th, 2009အဖက ပြောတယ်။ အလုပ်လုပ်ရင် လူကိုကြည့်ပြီးမလုပ်၇ဘူး။ ကိုယ်လုပ်တဲ့ company ကို ကြည့် ပြီးလုပ်ရတယ်တဲ့ ။စီ နားမလည်မိဘူး။ ဘာလဲ company ကိုကြည့်ပြီးလုပ်ဆိုတာ။ အခုတော့ သဘောပေါက်သွားပြီ။ လူကိုကြည့်ပြီးမလုပ်၇ဘူးဆိုတာ လုပ်ဖော်ကိုင်ဖက်ကို ငှဲ့ ပြီး အလုပ်မလုပ်ရဘူးလို့ ပြောတာ။ company အတွက်ကြည့်ပြီးလုပ်ဆိုတာ ကိုယ့်အလုပ်၇ှင်အတွက် ငှဲ့ ပြီးလုပ်ရတာ။ လုပ်ဖော်ကိုင်ဖက်ကို ငှဲ့ ပြီးအလုပ်လုပ်ရင် ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် ၂ဦးပဲအကျိုးရပြီး အလုပ်ရှင်အတွက် ငှဲ့ ပြီးအလုပ်လုပ်ရင် အဲဒီအလုပ်ထဲမှာ လုပ်နေကြတဲ့ လူတွေအားလုံးအကျိုးရမယ်တဲ့ ။ စီတို့ မြန်မာလူမျိုးအများစုဟာ လူမျိုးစွဲရှိကြတယ်။ အလုပ်တခုမှာ ကိုယ့်အပြင် မြန်မာတယောက်ယောက်လုပ်ပြီဟေ့ဆို၇င် အဲဒီမြန်မာနဲ့ ၂ယောက်သားပေါင်းပြီး ကိုယ်သက်သာဖို့ ပဲလုပ်ကြတော့ တယ်။ တကယ်တန်းကျတော့ မြန်မာလူမျိုးတင်မဟုတ်ပါဘူး။ အဲဒီသောက်ကျင့်မျိုးက လူမျိုးတိုင်းနီးပါးမှာရှိတယ်. [...]