ယောက်ျားတယောက်ကိုဆွဲဆောင်နည်း
စီလုပ်ဖူးလို့ တော့မဟုတ်ဘူး။ပတ်ဝန်းကျင်က မိန်းမသားတွေလုပ်နေကြတာမြင်လို့  နောင်အခါ
လိုအပ်ရင်သုံးဖို့ မှတ်သားထားတာ။
၁)မာနနဲ့ ဆွဲဆောင်နည်း
၂)ပညာနဲ့ ဆွဲဆောင်နည်း
၃)အလှနဲ့ ဆွဲဆောင်နည်း
၎) ကာယနဲ့ ဆွဲဆောင်နည်း
၅) ဦးနှောက်နဲ့ ဆွဲဆောင်နည်း
၆)တဏာနဲ့ ဆွဲဆောင်နည်း
၇)မျက်လုံးနဲ့ ဆွဲဆောင်နည်း
၈)နှုတ်ခမ်းနဲ့ ဆွဲဆောင်နည်း
၉)အစားနဲ့ ဆွဲဆောင်နည်း
၁၀) တရားနဲ့ ဆွဲဆောင်နည်း (အား အားရှိ ဘုန်းကြီးကျောင်းပဲသွားကြသူတွေ)
ဝါး.. စုံလို့ စုံလို့ 
မိန်းမတကိုယ်လုံးဟာ တကယ်တော့ သုံးတတ်ရင် တယ်အသုံးဝင်ပါလား။
ဝက်တွေ၊ ဘဲတွေ၊ကြက်တွေလိုပဲ။ အကုန်လုံးချက်စား အဲ အကုန်လုံးသုံးစားလို့ ရတယ်။
ယောကျာ်းများဟာ တကယ်တလေ မိန်းကလေးတယောက်ကို ကြည့်ရင် မိန်းကလေးတယောက်လို့ မြင်တတ်ကြရဲ့ လားမသိဘူး။ ကြက်ကောင်လုံးကြော်၊၀က်ကောင်လုံးကြော်၊ စာကလေးကောင်လုံးကြော်(ပိစိကွေးမိန်းကလေးများ) များမှတ်နေကြလားမသိဘူး။ ပေါင်သားလေးကိုစားလိုက်ရရင်တော့ဖြင့် ရှလွတ်.ရှလွတ်..
ရင်အုံသားလေးကိုစားလိုက်ရရင်တော့ဖြင့်.. အဟိမ်း..အဟိမ်း..။
တချို့ ကျတော့လည်း စားမကောင်းတော့ စားရင်းတန်းလန်းနဲ့ ထွေးထုတ်ပစ်တတ်ကြတယ်။
တချို့ ကျတော့လည်း စားလိုက်တာ အရိုးတောင်မကျန်ဘူး။မသေရုံတမယ်ပဲ။
စီတို့ မိန်းကလေးများမှာတော့ဖြင့် ကိုယ့်ကို ကြိုက်အောင် နည်းမျိုး စုံနဲ့ ဆွဲဆောင်လုပ်ကြလိုက်ရတာ ဖတ်ဖတ်ကိုမောလို့ ။နောက်ဆုံးတော့ ယောက်ျားတွေစားဖို့ ကိုယ့်ကိုကိုယ် promotionလုပ်နေရတဲ့ မိန်းမတွေဖြစ်ကုန်မသိ ဖြစ်ကုန်ကြတယ်။
စီကတော့ မဆွဲဆောင်ခဲ့ပါဘူး။ ဒါပေမယ့်သူ ပြောဖူးတာတခုတော့ရှိတယ်။ “ယူအသံစပြီးကြားကတည်း
ကိုယ်.. ယူကို အရမ်းစိတ်ဝင်စားမိတယ်”တဲ့ ။
ဆွဲဆောင်နည်းထဲမှာထည့်မယ်ဆိုရင်
အသံနဲ့ ဆွဲဆောင်နည်းလို့ ပြောလို့ ရမလားဟင်။