အမုန်းရဆုံးမိန်းမ(သို့ မဟုတ်)အချစ်ရဆုံးချစ်သူ
Wednesday, September 16th, 2009မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ ၀ထုတွေမှာ dialougeတခု အမှတ်ရတာရှိခဲ့ဖူးတယ်။ “မင်းဟာ ငါသေမလောက်ချစ်ခဲ့ရပြီးမြတ်နိုးရတဲ့မိန်းမ” “မင်းကိုငါ မြတ်နိးပြီးချစ်ခဲ့ရတာ။” “မင်းကို ချစ်လို့ မြတ်နိုးနေရတာ” ၀ါး.. တယ်မိုက်တဲ့ စကားလေးတွေ။ ဒီစကားကို ကြားရတဲ့ မိန်းမလောက် ကံကောင်းတာ မရှိတာဘူး။ စီ့ကို သူပြောဖူးတယ် ။ “ယူဟာ ကိုယ်အမုန်းဆုံးမိန်းမတယောက်နဲ့ တူတူလာတယ်တဲ့ ။တချိန်တည်းမှာပဲ ယူ့ ကို ကိုယ် အရမ်းချစ်နေမိတယ်တဲ့ ။” ကိုယ့်ကို အရမ်းမုန်းနေတဲ့ ယောက်ျားတယောက်ဆီကအချစ်ရတာလောက်တော့ ဒီထက်ကြည်နူးစရာ ရှိမယ်မထင်ဘူး။ ယောက်ျားတွေဟာ ကိုယ်ချစ်တဲ့မိန်းမတွေကိုပဲ မြတ်နိုးတာရှိမယ်။ ကိုယ်မုန်းတဲ့ မိန်းမတယောက်ကိုအချိန်ကုန်ခံပြီးမြတ်နိုးတတ်တဲ့ စိတ်မရှိဘူး။ သူကျကတော့  ဒီလို ယောက်ျားတွေမျိုးထဲမှာမပါဘူး။ အဲဒီအတွက်သူ့ ကို စီအရမ်းချစ်တယ်။ စီဟာ ကိုယ့် အရမ်းချစ်ရတဲ့ ယောက်ျားတယောက်ကို အချစ်ဆုံးလူအဖြစ် လက်တွဲတဲ့အချိန်မှာ [...]