mum
ဒီနေ့ တော့ အမေ့ကိုသတိရသလိုလိုပဲ။
လူတွေကစီ့ ကိုမေးကြတယ် အရင်ဘ၀ကဘာတွေစွတ်ရမ်းလုပ်လို့ ဒီဘ၀မှာဒီလို မိသားစု ဒီလို မိဘမျိုးရတာလဲတဲ့ ။
ပြောရရင်တော့စီလည်းမသိဘူး။ စီ မိဘရ ကံကောင်းတယ်တဲ့ ။
သူများတွေနိုင်ငံခြားထွက်လာရင်(အများစု) ကမိဝေး ဖဝေးနဲ့ တကိုယ်တည်းရပ်တည်ရတယ်။ အဲ ကျောင်းလေးဘာလေးတက်
ပီအာလေးဖြစ် မိန်းမယူ ကလေးမွေးတော့မှာ ကလေးထိန်းဖို့ အမေနဲ့ အဖေကို လှမ်းခေါ်ကြတဲ့ သားကောင်းသမီးကောင်းများလည်းရှိတတ်ကြပါတယ်။
စီကျတော့ ဒီကိုလာကတည်းက မိဘတွေနဲ့ အတူတူနေနေရတာ ခုချိန်ထိပဲ။ ကလေးထိန်းမှလှမ်းပြီးခေါ်စရာမလိုတော့ဘူး။
အမေမရှိတဲ့ ရက်တွေ ထမင်းမမှန်တာများတယ်။
ထမင်းလေး တအိုးတောင်  ဆန်ကိုရေနဲ့ ဆေး “cook” ဆိုတဲ့ buttonလေးနှိပ်ဖို့ တောင် မအားတဲ့ (တကယ်တော့သောက်ပျင်းကြီးတာပါ) စီ့ ဘ၀ဟာ
အမေမရှိမှ ထမင်းတန်ဖိုး သိရတော့တယ်။ အရင်ကတော့ ပုဇွန်ဆို အခွံနဲ့ ကြော်၊ အခွံနွှာကြော်၊ ကညွန့် နဲ့ ကြော်၊ ပုဇွန်ကို ပေါင်းစုံကြော်တတ်တဲ့ အမေ့ကို ကဂျီ ကဂျောင် ချခဲ့ရသမျှ အခုတော့ ကြက်ဥကြော်လေးတောင် မီးဖို ပေါ် ဒယ်ပြားတင် ဆီထည့် ကြက်ဥကလေးကို “ခွက်”ခနဲ  ခွဲပြီး ကြော်ဖို့ ဆို
တာဝေလာဝေးစွ။ တကယ်ပဲ  စီရဲ့  အိမ်မှာ သက်သက်လွတ်အိမ်တင်မဟုတ်ဘူး။ မီးလွတ်အိမ်ဖြစ်နေပြီ။(ဒီလတော့ မီတာကုန်သက်သာမယ်နဲ့ တူတယ်)။
အားအားရှိ ဘီစကွတ်ကို အ၀ိုင်းလိုက်စားလိုက်။ ချိုးဖဲ့ပြီးစားလိုက်၊၊ မှောက်ရက် သားစားလိုက်၊ အိပ်ရက်သားစားလိုက်(စားစရာ ဒီတမျိုးပဲရှိတယ်။)
အော..အမေ…အမေ… သတိရလိုက်တာအမေရယ်။
အမေသာ မရှိခဲ့ရင်တော့ စီတော့ စောစောစီးစီး ငတ်ပြီး လူ့ လောကတည်းကအရင် ကြွတော့မှာပဲ။
ဒါကြောင့် တိုတိုလည်းပြောတာ။
“you are so pampered” တဲ့ ။
အမေက pampered လုပ်လိုက်။ အဖေက pampered လုပ်လိုက်။တိုတိုကpampered လုပ်လိုက်နဲ့ ။
နောက်ဆိုရင် စီ က လမ်းတောင်လျှောက်တတ်အုံးပါ့မလားမသိတော့ဘူး။
ဟူး..ပြောရင်းနဲ့ ဗိုက်ဗိုက်က ဆာလာပြီ။ ဘီစကွတ်တွေကို အမှုန့် ကြိတ်ပြီး ရေနဲ့ တမျိုးပြောင်းစားရင်ကောင်းမလား…????
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago