foxie284
ရေးချင်တာရေးထားတဲ့ crapbook

Archive for October, 2009

M.J- That is it.

Posted in movie review  by foxie284 on October 31st, 2009

မနေ့  က တိုတိုနဲ့ M.J’s movieသွားကြည့်တယ်။ စီ က jennifer’s bodyကြည့်ချင်တယ်။

M.J ကိုမကြည့်ချင်ဘူး။ ဘာကြီးနဲ့ တူမှန်းမသိဘူး။

ဝါး… ရုပ်ရှင်လည်းကြည့်ပြီးရော စိတ်ထဲကနေ M.J သေတာ အရမ်းပျော်တာပဲ။

သူသာ မသေရင် သူ့ concertကို documentaryလို ရိုက်ပြထားတဲ့ဒီဇာတ်ကားဘယ်ကြည့်ရမလဲ။ခုသူသေတော့ သူ့ concert ကို တကမာလုံးက လူတွေ နီးနီးကပ်ကပ်ကြည့်ရတယ်။ londonသွားကြည့်ရင်တောင် အဲလောက်နီးနီးကပ်ကပ်ကြည့်၇မှာမဟုတ်ဘူး။

အခုတော့ စလုံး ၁၀ဒေါ်လာနဲ့  သူ့ concert အကြောင်းနဲ့ ပတ်သက်ပြီးကြည့်ရတယ်။

သူ က တကယ့်ကိုပဲ ဂီတမှာ အရမ်းရူးသွပ်တဲ့ လူတယောက်ဆိုတာ အဲဒီ movie မှာ သိပ်သိသာတယ်။ တကယ်ပဲ king of Pop ပါ။ သူ့ သီချင်းတွေနဲ့ တီးလုံးတွေ ဘယ်လို နေရာ ဘယ်လို တီးသင့်တယ်..  ဘယ်လို လုပ်၇မလဲမဆိုတာ ကို သူ အကုန်သိတယ်။

သီချင်းတပုဒ်စီမှာ ပါမယ့် sceneတွေအတွက် videoရိုက်တာတွေကလည်းေ၇လည်မိုက်တယ်ကွာ။

ကြည်လင်ပြီး conceptကလည်း ကောင်းတယ်။ စီအကြိုက်ဆုံး က “what about us?” ဆိုတဲ့ သီချင်းအတွက်ရိုက်ထားတဲ့ intro clip ပဲ။

မကြည့်ရသေးရင် သွားကြည့်ကြ။ စင်ကာပူမှာကတော့ ၂ပတ်ပဲပြမယ်တဲ့ ။နောက်တပတ်ဆိုပြီးပြီ။


သူ ရဲ့  အကို တွေကို ဂုဏ်ပြုပြီးဆိုတဲ့ jackson5′s  “i’ll be there”သီချင်းဆိုတော့ စီ ငိုချင်သလိုလို ဖြစ်သွားတယ်။ တိုတိုပုခုံးပေါ်မှာ မျက်စိအသာမှိတ်ပြီး သူ အသံလေးကို နားထောင်ကြည့်မိတယ်။

lyric လေးက ဘာတဲ့ 

I’ll be there, I’ll be there, just call my name, I’ll be there…တဲ့ ..

M.J ရေ… M.Jရေ….။

****************************

I’ll be there

You and I must make a pact, we must bring salvation back
Where there is love, I’ll be there

I’ll reach out my hand to you, I’ll have faith in all you do
Just call my name and I’ll be there

I’ll be there to comfort you,
Build my world of dreams around you, I’m so glad that I found you
I’ll be there with a love that’s strong
I’ll be your strength, I’ll keep holding on

Let me fill your heart with joy and laughter
Togetherness, well that’s all I’m after
Whenever you need me, I’ll be there
I’ll be there to protect you, with an unselfish love that respects you
Just call my name and I’ll be there

If you should ever find someone new, I know he’d better be good to you
‘Cause if he doesn’t, I’ll be there
Don’t you know, baby, yeah yeah
I’ll be there, I’ll be there, just call my name, I’ll be there

(Just look over your shoulders, honey – oo)

I’ll be there, I’ll be there, whenever you need me, I’ll be there
Don’t you know, baby, yeah yeah

I’ll be there, I’ll be there, just call my name, I’ll be there…


စာရေးဆ၇ာမfoxie

Posted in Uncategorized  by foxie284 on October 27th, 2009

စီ အမှတ်တမဲ့ စဉ်းစားမိဖူးတယ်။

စီ ဘာကြောင့်စာရေးရတာကို နှစ်သက်လဲလို့ ။

အမျိုးတွေထဲများ စာရေးဆရာ တို့  ဘာတို့ များရှိသလား။

ဒါမှမဟုတ် geneထဲမှာ များစာရေးဖို့ ပိုးတွေဝင်နေသလား။

ဘယ်တုန်းက များ စာစရေးတာလဲ..ပေါ့။

စဉ်းစားတယ်ဟေ.. စဉ်းစားတယ်။

နောက်ဆုံးတော့ မှတ်မိလာတယ်။

စီပထမဆုံး စာရေးဆရာမဖြစ်ခဲ့တာ  လွန်ခဲ့တဲ့ ၁၃နှစ် ၊စီ့ အသက် ၁၂နှစ်လောက်တုန်းက ။

အဲဒီတုန်းက စီက ၆တန်း။ဘာတွေဖြစ်လို့ လဲမသိဘူး။  စီတို့ Bအခန်းကကျောင်းသူတွေ ၊Aခန်း Eခန်းနဲ့ Fခန်း ကိုပြောင်းရတယ်။ စီက Fခန်းရောက်သွားတယ်။ နဂိုက Eခန်းကစလို့ နောက်ခန်းတွေကို သိပ်အဖက်မလုပ်ချင်ကြတဲ့ ကျောင်းသူတွေ Fခန်းရောက်သွားတော့ 

Fခန်းက ကျောင်းသူတွေက ဆော်ချင်ကြတယ်။ စီတို့ ကလည်း အတန်းထဲမှာ ကိုယ့် ကျောင်းသူချင်းပဲပေါင်းတယ်။ Fခန်းကလူတွေနဲ့ မပေါင်းဘူး။

ကြာလာတော့ လည်း မပေါင်းပဲမနေလို့ မရဘူး။

စီ့မှာ အကျင့်တခုရှိတယ်။ ရောက်လေရာရာမှာ မိတ်ဆွေဖွဲ့ ရတာအလွန်မြန်တယ်။ နောက်ဆုံးတော့ စီတို့ လည်း Fခန်းကို လူတွေနဲ့ ရင်းနှီးသွားတယ်။ အဲ့ .. အဲဒီမှာ ရှည်ကြောအမြဲထတဲ့ စီ့အကျင့်က စီကို စာရေးဆရာမဖြစ်အောင်ဖန်တီးခဲ့တာ။

အဲဒီFခန်းက ၆တန်းလို့ ပြောပေမယ့် ၂နှစ်ကျတွေလည်းရှိတယ်။ ၃နှစ်ကျတွေလည်းရှိတယ်။အသက်တွေက စီတို့ ထက်ကြီးကြတယ်။ တခါတလေ နားလည်မှုတွေလွဲပြီး Fightကြတာရှိတယ်။

အဲဒါနဲ့ စီက စပြီး စာအုပ်ဆိုင်ဖွင့်တိုင်း ကစားမယ်။ စာရေးချင်တဲ့ သူတွေ နောက်ဆုံးတန်းကို လာထိုင်ရေးကြပေါ့။

ပြီးရင် ဗလာစာအုပ်ကို အလယ်ခေါင်က နေဆွဲဖြုတ်၊ ဓါးတွေနဲ့ ဖြတ်၊ ပြီးရင် stamplerနဲ့ ပြန်ချုပ်

လက်ရေးသေးသေးလေးတွေနဲ့ စာရေးကြတယ်။ အရင်က နှစ်ခန်းစလုံးက ဘာသိဘာသာနေတဲ့ သူတွေက စာအုပ်သေးသေးလေးကို ငှားဖတ်ကြတယ်။နောက်ဆုံးလက်မလည်တော့ စီက တခြားကျောင်းသူတွေကို အစပိုင်းရေးပေး သူတို့ သူတို့ ဟာ သူတို့ နောက်ကနေ လျှောက်ရေး နဲ့ ပျော်ဖို့ ကောင်းတယ်။တခါတလေ

ဒုတိယပိုင်းစာအုပ်ကို စောင့်ဖတ်တဲ့ ပရိသတ်ကလည်းရှိသေးတယ်။

တခါတလေ သူငယ်ချင်းတွေက “ဟိုတအုပ်လေ ရေးထားတာ ဟိုအခန်းရောက်ပြီလေ။ အဲ ဒုတိယပိုင်းကဘယ်တော့လောက်ထွက်မလဲ”တဲ့ ။ဝါး စီက ပရိတ်သတ်တောင်းဆိုတော့ အမြှောက်ကြိုက်ပြီး  ဘာသာပေါင်းစုံက အလယ်ခေါင်ထိ မေ၇ာက်သေးတဲ့ ဗလာစာအုပ်တွေကို ဖြဲဖြဲပြီး ရေးတယ်ဟေ။

စာရွက်မလောက်တော့ သူငယ်ချင်းက သူတို့ စာရွက်ပါဖြဲပေးတယ်။ တပတ်လောက်ကို ဇာတ်လမ်း ၇မျိုးလောက်ဆက်တိုက်ေ၇းတော့ လူက မလွယ်တော့ဘူး။ နောက်ဆုံးတော့ စီတို့ အတန်းထဲက စာအုပ်သေးသေးလေးတွေနဲ့ လုပ်ထားတဲ့ စာအုပ်ဆိုင်လေးကို ရပ်လိုက်ရတော့ တယ်။


အော.. အဲဒီတုန်းကတည်းက စီက စာရေးချင်ခဲ့ တာကိုး။

အဲဒီတုန်းကတည်းကလည်း စာဖတ်ပရိသတ်တွေကို ဆန့် ငင်ဆန့် ငင်လုပ်ရတာ ၀ါသနာပါခဲ့ တာကိုး။

ဟီး…

ရေးထားတဲ့ ဇာတ်လမ်းတွေလည်း ဇာတ်မသိမ်းရသေးဘူး။

မငိုပဲ ကျမိခဲ့သော မျက်ရည်များ

Posted in Uncategorized  by foxie284 on October 22nd, 2009

မနေ့ က  အလုပ်ကပြန်လာတော့ အားနေတာနဲ့ တီဗွီထိုင်ကြည့်မိတယ်။

အဲဒီမှာ ကိုးရီးယားလိုင်းကနေ  documentary showလိုမျိုး programတခုလာတယ်။

ကိုးရီးယား ဆေးရုံတရုံ က ဆရာဝန်ကြီးနဲ့  လက်ထောက်ဆရာဝန် ဆရာဝန်လောင်းတွေ west timor ကမြို့  လေးတမြို့ မှာ နှုတ်ခမ်းကွဲတဲ့ ကလေးတွေကို operaitonလုပ်ဖို့ ၉ ရက်ခရီးထွက်တဲ့ အကြောင်းပြတာ။

စီ မြင်ဖူးတဲ့ နှုတ်ခမ်းကွဲတွေက  နှုတ်ခမ်းမှာ  ချုပ်ရာလေးနဲ့ ပဲမြင်ဖူးတယ်။

အဲဒီprogramတွေကလို နှုတ်ခမ်းအပေါ်ကြီးက ဟတ်တက်ကြီးကွဲပြီး ရှေ့ သွား၂ချောင်းက ငေါထွက်နေတာမျိုး၊  နောက် နှုတ်ခမ်းအပေါ်က ကွဲပြီး နှာခေါင်းနောက်ကနေ အသားပိုကြီး ရှိနေတာတို့ မမြင်ဖူးဘူး။

လူနာကောင်မလေးတယောက်ဆိုရင် သူမအဲလို ဖြစ်လို့  ကျောင်းတောင်ထွက်လိုက်ရတယ်။

တခြားကလေးတွေက သူမကို ၀ိုင်းစကြလို့ ။နှုတ်ခမ်းအကွဲကြီးက အကြီးကြီးပဲ။

အဲဒါနဲ့ ကိုးရီးယားကဆရာဝန်အုပ်စုရယ် USက surgen ၂ယောက်ရယ် ၀ိုင်းက operation လုပ်ကြတယ်။ အဲဒီအထိ စီမငိုသေးဘူး။


နောက်လူနာအလှည့်ကျမှာ စီ တကယ်ကို မငိုပဲမျက်ရည်မိတာ။

အဲဒီလူနာကောင်မလေးက ၁၀နှစ်၊ သူနဲ့ သူအမေ ၂ယောက်သား ရွာကနေ အဲဒီ ဆေးရုံကို လာကြတာ။ သူမအမေ လည်ပင်းမှာ အလုံးကြီး တလုံးရှိတယ်။ ဘာကြီးလဲတော့မသိဘူး။ဒါပေမယ့်သူမအမေကပြောတယ်။ သူမလည်ပင်းကဟာကြီးက local  doctorနဲ့ ကုရင်ပျောက်တယ်ပေါ့။ သူမ သမီးရဲ့  နှုတ်ခမ်းကွဲကြီးကို သာ surgeryလုပ်ပေးမယ့် ဆရာဝန်မရှိသာတဲ့ ။

အဲဒီမှာ cameramenက ဒီသားအမိနှစ်ယောက်ရဲ့  မျက်လုံးတွေကို ဖမ်းပြီးရိုက်လိုက်တဲ့ အခါမှာ

စီ  ဘယ်လို ဖော်ပြရမှန်းတောင်မသိတဲ့ feelingတခုကိုခံစားမိတယ်။ပြီးတော့ မျက်၇ည်တွေကျမိတယ်။ ကောင်မလေး၇ဲ့  မျက်လုံးတွေက အားငယ်နေတယ်။ မိန်းကလေးတော်တော်များအလှကြိုက်ချိန်မှာ(စီမပါ) သူမကတော့ နှုတ်ခမ်းအကွဲကြီးနဲ့  ညိုးငယ်နေရှာတယ်။ သူမအမေမျက်လုံးတွေကတော့ သူ့ သမီးလေး ဒီလို ဖြစ်နေတဲ့အပြင် သူမကိုယ်တိုင်ကလည်း လည်ပင်းမှာအကျိတ်လို အလုံးကြီးနဲ့ ဆိုတော့  သူမသမီးလေးကို operationလုပ်ပြီးပြန်ကောင်းစေချင်တယ်။

တကယ်ပဲ စိတ်ထဲကနေ  ကောင်မလေး operationလုပ်ရပါစေ။ ကောင်မလေးကို လှလှလေးဖြစ်အောင်လုပ်ပေးပါလို့ ဆုတောင်းပေးမိတယ်။သူမမျက်လုံးကို မြင်မိတဲ့ တပြိုင်နက်မှာပဲ စီ အလိုလိုမျက်ရည်ကျမိတယ်။

တချိန်တည်းမှာပဲ

အဲဒီ ဆရာဝန် အုပ်စုကို ဘုရားကောင်းချီးပေးစောင့်ရှောက်ပါစေလို့ ။

လူတွေက နှုတ်ခမ်းကွဲတာ ဘာတာ နဲ့ အသေးအဖွဲလေးထင်ကြတယ်။ of course !Operationလုပ်ပြီးရင်တော့ လူကြည့်ကောင်းတာပေါ့။ မလုပ်ခင်ဆိုရင်တော့ လူတောထဲတောင်မတိုးရဲ ဘူး။

ဒါပေမယ့် အဲဒီဆရာဝန်တွေရဲ့  ကောင်းမှုကြောင့် ကလေးငယ်လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုသမှုကိုခံယူခွင့်ရတယ်။ နောင်တချိန်ကြီးလာရင်  လူတောထဲတိုးဝင့်ပြီး confidentတွေရှိလာတော့မှာ။

အဲဒီဆ၇ာဝန် အုပ်စုက hOPE fLIGHTတဲ့ ။

ဒီလို မျိုး ဆရာဝန်တွေအများကြီးရှိရင်သိပ်ကောင်းမှာပဲ။

butch

Posted in လူ  by foxie284 on October 20th, 2009

Butch

အခုတလော အလုပ်ထဲမှာ butch တွေ တွေ့ တွေ့ နေရတယ်။ အတုရော အစစ်ရော စုံလို့ ။butch တယောက်ဆိုရင်  သူ ရဲ့ လည်ပင်းမှာ lovebiteကို  အပတ်တိုင်း မြင်မြင်နေရတယ်။ သူကိုယ်သူ

စွမ်းတယ်ပေါ့။ ယောက်ျားနီးပါး သန်တယ်ပေါ့။ လည်ပင်းတမော့မော့နဲ့ ။ သူဘယ်လောက် အစွမ်းထက်ကြောင်းကို love biteကနေ ကြော်ငြာနေတာ။ love bite ကြီးလေ သူ စွမ်းလေပေါ့။

တခါကသူ ပြောဖူးတယ်။  မိန်းမတွေ ဘာဖြစ်ဖြစ် ခုတင်ပေါ်ေ၇ာက်ရင် အတူတူပဲတဲ့ ။ သူ က အရပ်အတော်လေးပုတော့ စီက သူ့ ကို စတယ်။”မင်း ကွာ.. ဒီလောက်ပုတာ ခုတင်ပေါ်မှာဆိုရင် မင်းစော် ရဲ့ ခါးတ၀က်တောင်မှီပါစေအုံး”လို့ ။  သူက အဲလိုပြောရင်မကြိုက်ဘူး။ အဲလို ပြောပြီးမကြာခင် lovebiteတွေ လည်ပင်းမှာ ၃-၄ခုလောက်နဲ့ အလုပ်ကိုလာရော။


စီတို့  အလုပ်သိပ်မရှုပ်ရင် ပေါက်တတ်ကရအကုန်ပြော။ သူ က လည်း သူ စော်အကြောင်းပြော။

သူ စော်နဲ့ သူ နဲ့ ဘာလုပ်တာညာလုပ်တာပေါ့။

ဒါနဲ့  စီ တခုသိချင်တာနဲ့  သူ့  ကို ဖြတ်မေးမိတယ်။

“မင်း က မင်းစော်ကို satisfy ဖြစ်အောင်လုပ်တယ်။ မင်း က ဘယ်လို အချိန်တွေမှာ satifyဖြစ်လည်းမေးတော့ သူကိုယ်သူ မသိဘူး။ မဖြေတတ်ဘူး။ အဲဒါဆို ဘာလို့ sexလုပ်နေလဲလို့ မေးလိုက်တယ်။ အဲဒါsexမှမဟုတ်တာ။

သူ စော်ကလည်း အလုပ်ခံတယ် ။

အဲဒါနဲ့ တနေ့ က အလုပ်ကအပြန် သူ ကို စချင်တာနဲ့   သူမပုခုံးကို အသာလေးသိုင်းဖက်ပြီး ရင်ဘတ်ကို ကိုင်ပစ်လိုက်တယ်။ ဟားဟားဟား ။ယောကလျာလေးရှက်သွားတယ်။


အဲလို ဟောင်ပွာ ဟောင်ပွာယောကလျာများရှိသလို သနားစရာကောင်းတဲ့ ယောကလျာများလည်းရှိသေးတယ်။

ယောက်ျားစိတ်တော့ မ၀င်ချင်ဘူး။ ဒါပေမယ့် အဲလိုမှမနေရင် ဘ၀ပျက်မှာစိုးလို့  ယောက်ျားလိုနေတဲ့ မိန်းကလေးတွေတွေ့ ဖူးတယ်။

စီ့ အသိတယောက်ဆိုရင်  မိသားစုထဲမှာ သူ မက မိန်းကလေး ၊အပေါ်အောက် ၃ယောက် ယောက်ျားလေးတွေချည်းပဲ။  ငယ်ငယ်တုန်းက  ကလေးသာသာဆိုတော့ မိသားစုထဲမှာမိန်းကလေးတယောက်တည်းပါလာတော့ ကျန်တဲ့ အကိုတွေညီတွေက  စူးစမ်းချင်တယ်။  ဟိုကိုင် ဒီကိုင် နဲ့ လျှောက်ကိုင် လျှောက်စမ်းကြတော့  psycho၀င်သွားရော။

အကိုတွေ မောင်တွေ စူးစမ်းချင်ရုံလောက်ပဲ။ဘာမှကြီး seriousမဟုတ်ဘူး။ ကြီးလာတော့  အကိုတွေမောင်တွေက ရည်းစားတွေရ မိန်းမတွေရ normal lifeကို ရပေမယ့်

သူက တော့ ငယ်ငယ်လေးနဲ့  molestလုပ်ခံ၇သလို ဖြစ်တော့  အဲဒီစိတ်ကြောင့် မိန်းမဖြစ်ရမှာ ကို အရမ်းကြောက်ပြီး ယောက်ျားလို နေသွားတာ။မိန်းကလေးတွေကို သူက ပြန်လုပ်တယ်။ သူမမှာfeeling ဆိုတာမရှိတော့ဘူး။  အဲလိုပဲ မိန်းကလေးတွေကို ဟိုကိုင် ဒီကိုင် ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေးလုပ်ရတာကို စိတ်တွေ့ နေတယ်.စော်တွေအများကြီးထား။ တကယ့်ကိုယောက်ျားနီးပါးပဲ။ ဒါပေမယ့် သူမရဲ့  ရင်ဘတ်တွေ  တင်ပါးတွေစီက လိုက်လိုက် စပြီး ကိုင်ရင် သူလုံးဝမကြိုက်ဘူး။ စီဆို ” wah… we brother wad.. where’s got breast??? dun be shy lah…let me touch  u”ဆို၇င် သူမက ထွက်ပြေးပြီ။

အဲဒါများ ဘယ်ငတုံးမက  ယောက်ျားရှာမရတိုင်း သူမကို အသုံးချပြီး love biteတွေပေးနေလဲမသိဘူး။ သူမကတော့ lovebiteတွေ၇တိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ .. စီကတော့ သူကို ချစ်စရာကောင်းတဲ့ မိန်းကလေးတယောက်အဖြစ်နဲ့ မြင်ဖူးချင်မိတော့တယ်။

to my special man

Posted in My Special One  by foxie284 on October 20th, 2009

We just met a few days ago N I feel like it has been weeks.Both of us are pretty busy these days  n  i am not sure when will we  free to meet again.Kinda missning you rite now. Wish ya with me.

people are talking about 2012 and ya told me not to worry. No matter what’z gonna happen in that yr, i won’t even give a single damn as long as ya gonna next to me.Easier to said than done ,yeah..

anyway. we gonna watch that movie next month .HOPEFULLY we’ll b freed by then…

I was trying to sleep just now bt somehow, i still cant sleep.  Harrrh.. Garrr! i got work later.

love, miss ya.

foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 3 months ago