job vacancy

ခုတလော လူတွေ   အလုပ်တွေပြောင်းကြတယ်။ အလုပ်တွေပြုတ်ကြတယ်။ အလုပ်တွေရှာကြတယ်။အိမ်နဲ့ ဝေးတဲ့ အလုပ်ကနေ အိမ်နဲ့ နီးတဲ့ အလုပ်ကိုရှာသူကရှာ။

လခနဲလို့ လခများတဲ့ အလုပ်ကိုရှာသူရှာ။ အချိန်များလို့ အချိန်တိုတဲ့ အလုပ်ကိုရှာသူရှာနဲ့ ။

ခေတ်တွေမကောင်းတဲ့ ကြားမှာ ဒီလို သတိရှိတဲ့ သူတွေလည်းရှိသေးပါ့။

စောစောက အိပ်လို့ မရသေးတာနဲ့  အင်တာနက်သုံး။ jobstreetထဲဝင်ပြီး အလုပ်တခုလျှောက်မိကြည့်လိုက်တာ  ၁နာရီအတွင်းဖုန်းပြန်ခေါ်လာတယ်။

စီတောင် ကြောင်သွားလို့ ”where did you get my contact??”လို့ မေးတော့ ”you’ve applied for our opening post just now, remember???”တဲ့ ။ဟိုက်ရှာလပတ်ရည်..

ခေတ်တွေပြန်ကောင်းလာပြီလား။ ခုလျှောက်ခုခေါ် တောင်ဖြစ်နေကြပြီလား။အလုပ်တွေအရမ်းများ

လို့  Job Marketနဲ့ အဆက်အသွယ်ပြတ်နေတာ။ဒီလို အခြေအနေကောင်းခဲ့မှန်းသိရင် စောစောစီးစီးထဲက ပြောင်းနေပြီပေါ့။


ဒါမှမဟုတ် စီတောင်းတာ သူတို့ ပေးတာထက် ပိုနည်းလို့ ခေါ်တာလား။အိမ်း။ ဘာပဲဖြစ်ဖြစ် စီကတော့ အိမ်နားကအလုပ်တွေပဲလုပ်ချင်တာ။transportation timeကသက်သာတယ်လေ။

working patternကလည်း 3-4 4-3တဲ့ ။ကောင်းတယ်။

ဘာမှမဟုတ်ပဲ လစာရလေ ပိုကောင်းလေပဲ။ (ဟာ..အမှန်တွေပေါ်ကုန်ပြီ)။

အော.. အဖပြောတဲ့ စကားတယ်မှန်သကိုး။”when you work, just work for the boss. don’t work for people”တဲ့ ။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago