တွေးမိတာလေးတခု (rated R21)
စီမနက်က အင်တာနက်သုံးရင်း tagged websiteက member တယောက် profile ကနေ porn clipတခုကြည့်မိလိုက်တယ်။
တချို့ ကလည်းထင်မယ်။ သူဟာသူ ကြည့်ချင်တာကြည့် but ဒါမျိုးကို သူ့ blogပေါ်မှာ publicityမလုပ်ရင်ပြီးရော။
တချို့ ကလည်းထင်မယ်။ သူဟာသူ မြန်မာ မကလို့ ခေါင်းမြီးခြုံခြုံ.. မိန်းကလေးမကလို့ အသက်မပြည့် မိန်းမငယ်ပဲဖြစ်ဖြစ် သူ လုပ်ချင်တာလုပ်တာ ငါတို့ က သူ့ အမျိုးမဟုတ်ဘူး။ ဒါမလုပ်နဲ့  ဒါလုပ်လို့ သွားလျှာရှည်လို့ မရဘူး။
စဖြင့်…သို့ လော.. သို့ လော…ထင်မြင်ချက်တွေဖတ်တာနဲ့ အလျှောက်တွေးမိကြတာရှိတယ်။
ဒါပေမယ့်
  1. စီဟာ ၂၅နှစ်ပြည့်ပြီးသား မိန်းမတယောက်
  2. စီဟာ sex-addicited တယောက်မဟုတ်ဘူး
  3. စီဘာတွေရေးနေလဲဆိုတာစီသိတယ်
  4. စီအခုရေးမယ့် blog entry နဲ့ ဆက်စပ်နေလို့ ကြိုတင်ရှင်းလင်းထားခြင်းဖြစ်တယ်
  5. ဘယ်သူ ဘာထင်ထင် စီ မဟုတ်တာ မလုပ်တဲ့ အတွက် စီစိတ်ရှင်းတယ်။
စီ အချိန်တော်တော်များများမှာ စီဟာ ကိုယ့်ကိုကိုယ်မိန်းမသားတယောက်ဆိုတာမေ့နေတယ်။
အလုပ်တွေရှုပ်နေတဲ့ ဒီလပိုင်းအတွင်း အလုပ်နဲ့ အိမ်မှာပဲ အနေများတဲ့ စီ တလောက ယောကမလောင်းကြီးနဲ့ အပြင်ထွက်တော့  သူ က သူ့ သားကိုပြောတယ်။ မင်းကောင်မလေးကို
နဲနဲလေး ပြင်ပြင်ဆင်ဆင်နေခိုင်းအုံးတဲ့ ။တကယ်တန်းတော့ စီ အလှပြင်တာကိုစိတ်မ၀င်စားတာပါ။နဲနဲပြင်လည်းဒီရုပ်ပဲ။များများပြင်လည်းဒီရုပ်ပဲ။ဘာမှမပြင်
လည်းဒီရုပ်ပဲ။ ဒီတော့ အချိန်ကုန်သက်သာအောင် ဘာမှမပြင်ပဲနေတာအကောင်းဆုံးပဲ။
စီ့ တိုတိုလည်း စီနဲ့ စတွေ့ စကြိုက်တည်းက စီရဲ့  မိတ်ကပ်မပါ မျက်နှာပြောင်ကိုတွေ့ ပြီးချစ်ခဲ့တာပါ။
(အလဲ့ မိတ်ကပ်သာ ပြင်လိုက်လို့ ကနေ တိုတိုတွေ အများကြီးဖြစ်သွားမယ်။)
အဲလိုပေါ့နော်။ အလှအပနဲ့ စီဟာ တကယ့်ကို မဆိုင်သလောက်ဖြစ်နေခဲ့ တယ်။
အမေ က တခါတလေဆုံးမရင်လည်း “မိန်းကလေးဆိုတာ  သပ်သပ်ရပ်ရပ် သန့် သန့် ရှင်းရှင်းနေတတ်ရတယ်”။ ဘာညာကွိကွပေါ့။ တခါမှ စီ့ကို လှလှပပနေလို့ မပြောဖူးဘူး။တကယ်တော့အမေ ဆုံးမတဲ့ စကားဟာ စီတင်မဟုတ်ဘူး ယောက်ျားလေးတွေပါ
နားထောင်လို့ ရတယ်။  ဆိုတော့ စီကို ဆုံးမနေတာ ယောက်ျားလေးတယောက်ကို ဆုံးမနေတာနဲ့ 
သွားမတူနေဘူးလား။ အဲလို နဲ့ စီဟာ indirectly ယောက်ျားလေးလို ဖြစ်ဖြစ်နေတယ်။
တခါတလေ ဇာတ်လမ်းတွေ ဘာတွေရေးရင် စီ့flawတွေက  နူးညံသိမ်မွေ့ တဲ့ ယောက်ျားလေးcharacterနဲ့  ကြမ်းတမ်းပေါက်ကွဲတတ်တဲ့ မိန်းကလေးcharacterတွေရှိတတ်တယ်။တခါတလေ စာရေးရင် စိတ်ဟာ အလယ်ကိုရောက်သွားပြီးတပြိုင်နက် both gender’s feelingကို ခံစားပြီးရေးလို့ ရတယ်။
တခါတခါ မိန်းမဖြစ်ရတဲ့ ဘ၀ကို အားမရတဲ့ ကြားတည်း  ဒီမနက်ကကြည့်ရတဲ့ clip ကြောင့်
စီအတော်လေး မိန်းမဖြစ်ရတဲ့ ဘ၀ကို  အနေရခက်သွားတယ်။
clipက မိနစ်၂၀ကြာတယ်။ black guy ၃ယောက်နဲ့ asianအဒေါ်ကြီးတယောက်။ အဒေါ်ကြီးရဲ့  ပါးစပ်ရော  အရှေ့ ပေါက် အနောက်ပေါက်ရော တပေါက်မှ မအားဘူး။ မိနစ်၂၀လုံးလုံး  အပေါက် အကုန်လုံး အလုပ်လုပ်နေရတာ။ ကြည့်ကတည်း ဒီအဒေါ်ကြီး က experience whoreမှန်းသိသာပါတယ်။ ဒါပေမယ့် just to get the certain amount of moneyရဖို့  ဒီလောက် အလုပ်ခံပေးရတယ်ဆိုတော့ သိပ်ဘ၀င်မကျဘူး။ ယောက်ျားတွေကို
ပိုက်ဆံပေးရင် ကိုယ်ထင်ရာစိုင်းခွင့်ပေးသလိုဖြစ်နေတယ်။  စီတို့ မိန်းမတွေက ယောက်ျားတွေ
အတွက်  just  for being entertainment creatureတွေလား။ တချိန်ချိန်မှာ ယောက်ျား
တယောက်တယောက်အတွက် ဖင်ခံပေးဖို့ သက်သက်မွေးဖွားလာတဲ့ သူတွေလား။
နောက်ဆုံးခါနီးမှာ  black guy ၃ယောက်စလုံးက အဲဒီ အဒေါ်ကြီးမျက်နှာပေါ်ကိုjerk off လုပ်ချလိုက်တော့  သူမမျက်နှာမှာ spermတွေပေနေတာကို ပြုံးပြုံးကြီး camreaကြည့်နေ
တာမြင်တော့  စီ စိတ်ထဲက သူမကိုမေးမိတယ်။”where is woman’s pride??”
အသိယောက်ျားတယောက်က ပြောဖူးတယ်။ ယောက်ျားတွေဟာ တကယ်ကို seriousဖြစ်ရင်
သူကြိုက်တဲ့ မိန်းမဟာ ဖာသည်ကြီးပဲဖြစ်ဖြစ်ယူရဲတယ်တဲ့ ။sure or not?? i don’t think so leh.ကမာပေါ်မှာ တကိုယ်ကောင်းအဆန်ဆုံး အကောင်ဟာ ယောက်ျားပဲ။
ငါကတော့ မိန်းကလေးတိုင်းကိုလုပ်ချင်တာလုပ်မယ်။ ငါ့လက်ထပ်တဲ့ မိန်းကလေးက အပျိုစင်
လေးဖြစ်နေရင်ပြီးရောဆိုတဲ့ bastardတွေအများကြီး။စီကတော့ အဲလို bastardတွေ တွေ့ ရင် sure.အပျိုစင်လေးနဲ့ ရပြီး သမီးချည်းပဲ၅ယောက်လောက်မွေးပါစေဆိုပြီး ဆုပေးပေးလိုက်တယ်။
မိန်းမတယောက်ရဲ့ တန်ဖိုးကို ယောက်ျားတယောက်က ဘာနဲ့ တိုင်းဖြတ်လဲ။ အချစ်နဲ့ လား။
ဘ၀နဲ့ လား။ တဏာနဲ့ လား။ ဒါမှမဟုတ် အပေါက်တွေနဲ့ လား။
ဘာပဲဖြစ်ဖြစ် မိန်းကလေးများ တကိုယ်ကောင်းဆန်တဲ့ bastardတွေနဲ့ ကင်းဝေးရကြပါစေ။
2 Responses to “တွေးမိတာလေးတခု (rated R21)”
  1. လေလွင့်သူ Says:
    ပထမဆုံးအချက်အနေနဲ့ စာသားတွေထဲမှာ မစီရဲ့ မြန်မာမိန်းကလေးဆန်မှု အငွေ့အသက်တွေကို ထင်ထင်ရှားရှား တွေ့ရပါသေးတယ်။ မစီဟာ အပြာရောင် ရုပ်ရှင်ကားတိုလေး ကြည့်မိတဲ့အကြောင်း မရေးခင်မှာ ရှည်ရှည်ဝေးဝေး စကားပလ္လင်ခံနေတာကို ကြည့်ရင် ဒီအချက် ထင်ထင်ရှားရှား တွေ့ရတယ်။ မြန်မာမိန်းကလေးဆန်တယ်ဆိုတဲ့ အချက်တွေထဲမှာ ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုစိုက်တတ်တာလည်း တစ်ချက် အပါအ၀င်ဖြစ်တယ်လေ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုတဲ့ ဘယ်သူဘာထင်ထင် ငါလုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ စိတ်ထားမျိုးဟာ မြန်မာမိန်းကလေးတွေရဲ့ ဗီဇစိတ်ထားမဟုတ်ပါဘူးလေ။ ထားတော့ ဒါက ခံစားရတာကို ရေးလိုက်တာ…
    မိတ်ကပ်သာ လိမ်းလိုက်လို့ကတော့ တိုတိုတွေ များကြီးဖြစ်သွားမယ်ဆိုတဲ့ စာသားကို ယောက်ျား တစ်ယောက်အနေနဲ့ ဆန်းစစ်ရမယ်ဆိုရင် မဟုတ်ပါဘူးလို့ ပြောပါရစေ။ :D ယောက်ျားသားဆိုတာက မိတ်ကပ်ကိုကြိုက်တာ မဟုတ်။ ဖြစ်နိုင်ရင် မိန်းကလေးဟာ သဘာဝအတိုင်း မိမွေးတိုင်း ဖမွေးတိုင်းဖြစ်လေ ကြိုက်လေပါပဲ။ ဒါက အချစ်ကို ပြောတာမဟုတ်ဘူးနော် .. ရမ္မက်တဏှာနဲ့ နှောင်ဖွဲ့တဲ့ ဆွဲငြိခြင်းမျိုးကို ပြောတာဖြစ်တယ်။
    ငမဲသုံးကောင်နဲ့ အရှေ့အရပ်က မိန်းမရွယ်တို့ အကြောင်းကိုကြည့်ပြီး မစီမေးလိုက်တဲ့ where is woman’s pride? မေးခွန်းကို သုံးသပ်ရရင်တော့ တရုတ်ဆိုရိုးစကားတစ်ခုကို ကိုးကားချင်တယ်။ ပညာရှိတစ်ယောက်နဲ့ တပည့်တို့ဟာ လမ်းလျှောက်လာရင်း ငါးလေးတွေ အတော်များများ ကူးခတ်နေတဲ့ ရေကန်တစ်ကန်နားကို ရောက်လာတယ်။ တပည့်က ပြောတယ်။ ငါးလေးတွေ ပျော်ပျော်ပါးပါး ရေကူးနေကြတာပဲ တဲ့။ ဒီအခါ ပညာရှိက ပြန်ပြောပါတယ်။ ငါ့တပည့် မင်းက ငါးလေးတစ်ကောင် မဟုတ်ဘဲ သူ့ရဲ့ခံစားချက်ကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲလို့ဆိုတယ်။ အဲ့ဒီ အရှေ့အရပ်က မိန်းမရွယ်ဟာ ဘယ်လိုအကြောင်းဖြစ်ရပ်တွေကြောင့် ဒီလိုအဖြစ်ဆိုးနဲ့ တွေ့ကြုံရတယ်ဆိုတာ အရင်ဆုံး စဉ်းစားသင့်တယ်လေ။ ဘယ်လူမဆို ဒီလို ယုတ်ညံ့တဲ့အလုပ်မျိုးကိုတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရွေးချယ်လိမ့်မယ်လို့ မထင်စကောင်းပါဘူး။ သူ့မှာလည်း သူ့ဝမ်းနာ သူသာသိတဲ့ အဖြစ်တွေကြောင့်သာ ဖြစ်ပါလိမ့်မယ်။ တခြားအလုပ် လုပ်ပေါ့လို့ ဖြစ်စလွယ် ပြောလို့မရပါဘူး။ လူတစ်ယောက်ဟာ ချောင်ပိတ်မိတဲ့အခါမှာ အဲ့ဒီ ပိတ်မိတဲ့နေရာကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းပေါင်းစုံကို သုံးပါတယ်။ အရှေ့အရပ်က မိန်းမရွယ်ဟာလည်း ဘ၀ချောင်တစ်ခုမှာ ပိတ်မိသွားတာကြောင့် မဖြစ်နိုင်ဘူးလား။
    မိန်းမသားတွေဟာ ယောက်ျားတွေအတွက် ဖျော်ဖြေရေးသက်သက်လား ဆိုတဲ့မေးခွန်းကတော့ အတော်ခေတ်နောက်ကျနေပြီလို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ မိန်းမသားတွေအတွက်လည်း ဖျော်ဖြေပေးတဲ့ ယောက်ျားတွေ ရှိနေလို့ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် Commercial Sex Worker ဆိုတာမှာ ဒီခေတ်မှာတော့ မိန်းမတွေလည်း ရှိသလို ယောက်ျားတွေလည်းရှိပါတယ်လေ။ ဒါကြောင့် အရမ်းကြီး မခံစားပါနဲ့။
    နောက် … ယောက်ျားတွေဟာ သူတို့တကယ်သာ နှစ်နှစ်ကာကာ ချစ်မြတ်နိုးမိရင် ပြည့်တန်ဆာမကြီး ဖြစ်နေစေကာမူ ယူရဲတယ်ဆိုတာ ဟုတ်ပါတယ်။ မစီအနေနဲ့ မကြုံမတွေ့ဖူးလို့ မယုံဘူးဆိုလဲ မယုံနဲ့ပေါ့လေ။ ကျွန်တော်လည်း ယောက်ျားတစ်ယောက်ဖြစ်နေတော့ ယုံပါလို့ အတင်းကြီး တိုက်တွန်းလို့ မကောင်းဘူး။ လိပ်ကြီးဖြစ်နေမယ်။
    ကမ္ဘာပေါ်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံးအကောင်ဟာ ယောက်ျားပဲ ဆိုတဲ့စကားကတော့ မှားပါတယ်။ ၀ါးလုံးကို ချေးသုတ်ပြီး ရမ်းထားတဲ့ ဆိုရိုးစကားသာလို့ ထောက်ပြချင်ပါတယ်။ လောကမှာ ပုဂ္ဂလဓိဋ္ဌာန်နဲက ဓမ္မဓိဋ္ဌာန်ဆိုတာ ရှိတယ်လေ။ ဆိုလိုတာက တစ်ဦးတစ်ယောက်ချင်းနဲ့ သက်ဆိုင်တာ၊ အများစုအလိုက် သက်ဆိုင်တာပေါ့။ မစီရဲ့စကားကို တစ်ဦးတစ်ယောက်ကို ဆိုလိုခြင်းဆိုရင် မှန်ကောင်း မှန်မှာ ဖြစ်ပေမယ့် ခုလိုရမ်းလိုက်တဲ့အခါကျတော့ မှားပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေဟာ ယောက်ျားထဲမှာ ရှိသလို၊ မိန်းမထဲမှာလည်း ရှိတာပါပဲ။ ဒါက လူတစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်။
    မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ယောက်ျားတစ်ယောက်က ဘာနဲ့ တန်ဖိုးဖြတ်သလဲဆိုရင်တော့ အဲ့ဒီမိန်းမကို ကိုယ်ဘယ်လောက် ချစ်ခင်မြတ်နိုးတွယ်တာနေသလဲဆိုတဲ့ အချက်နဲ့ပဲ တန်ဖိုးဖြတ်ပါတယ်။ ဒါက ယောက်ျားကောင်းကို ဆိုလိုတာပေါ့နော်။ မကောင်းတဲ့ ငတိတွေကတော့ မယ်စကြ၀ဠာလို မိန်းမဆိုရင် အဆင့်အတန်းတစ်မျိုး၊ အိုဘားမားသမီးဆိုရင် အဆင့်အတန်းတစ်မျိုး၊ အာနိုးကြီးသမီးဆိုရင် အဆင့်အတန်းတစ်မျိုး ဒါမျိုး ဖြတ်မှာပေါ့လေ။ တကယ့်ယောက်ျားအတွက်တော့ ကိုယ်ချစ်တဲ့ မိန်းမကလွဲရင် ကျန်တာ ဖွဲနဲ့ ဆန်ကွဲချည်းပါပဲလေ။
    မိန်းကလေးတွေ တစ်ကိုယ်ကောင်းဆန်တဲ့ မိမစစ် ဖမစစ်တွေနဲ့ ကင်းဝေးဖို့ဆိုရင်တော့ မိန်းကလေးတွေကိုယ်တိုင် မှန်မှန်ကန်ကန်ဝေဖန်သုံးသပ်နိုင်တဲ့ ဆင်ခြင်ဥာဏ်မျိုး ရှိဖို့ လိုပါလိမ့်မယ်။
  2. foxie284 Says:
    ဒီလောက်ရှည်တဲ့ commentကို တကူးတကရေးတဲ့အတွက်လေးစားပါတယ်။
    majorityနဲ့ ယှဉ်မယ်ဆိုရင် မိန်းကလေးများယောက်ျားလေးများကို ချစ်မိ တန်ဖိုးထားမိပြီဆိုရင် ဘ၀ပျက်တဲ့အထိကိုထားကြပါတယ်။ ယောက်ျားလေးဘက်ကတော့ ရှားပါတယ်။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago