foxie284
ရေးချင်တာရေးထားတဲ့ crapbook

one fine sunday evening

Posted in စင်ကာပူအရေး, စီအတွေး  by foxie284 on October 11th, 2009

cityhallကိုမရောက်တာ နဲနဲကြာသလောက်ဖြစ်နေပြီးသကာလ မနေ့ က တခါပြန်ရောက်ဖြစ်တယ်။ထုံးစံအတိုင်း sundayဆိုတော့ လူတွေများတာပေါ့။ဖြစ်ချင်တော့ ရာသီဥတုကလည်း အိုက်စပ်စပ်နဲ့ စိတ်ကလည်း နဲနဲကျပ်ကျပ်ဖြစ်နေတယ်။

စီငယ်ငယ်တုန်းက  သီရိမင်္ဂလာဈေးဆိုရှိဖူးတယ်။ အခုလည်းရှိနေသေးမယ်ထင်တယ်။ အဲဒီဈေးက ဒိုင်ဆိုတော့  အသီးအနှံတွေသွားဝယ်ရင် ဈေးသက်သာတယ်။သူတို့ တွေက တဆင့်ပြန်ရောင်းဆိုတော့ ၀ယ်တဲ့ သူတွေက လာဝယ်ရင် ကားတွေနဲ့ တောင်းလိုက် တောင်းလိုက်

လာဝယ်တာ။ စီတို့ လို တနိုင်စား ၊တအိမ်စာစားတွေကို ဈေးလျှော့ပေးတော့ အမေတို့ ကဈေးဝယ်ရင် အဲကို တကူးတကသွားဝယ်တယ်။ စီမှတ်မိသလောက်ဆိုရင် ရုံအလိုက် အမျိုးအစားခွဲပြီးရောင်းတာ။ ဥပမာ-ရုံ ၁ ဆိုရင် ပန်းတွေချည်းပဲ။ ရုံ၂ဆိုရင် အသီးအနှံတွေချည်းပဲ။အဲဒီမှာ စီရှောင်တဲ့ ရုံတရုံရှိတယ်။ ရုံနံပါတ်တော့မမှတ်မိတော့ဘူး။  အဲဒီတုန်းက ကလေးသာသာ တကယ့်ကို ၇နှစ် ၈နှစ်လောက်ပဲရှိအုံးမယ်။ အဲဒီရုံမှာ မြှစ်တွေရောင်းတယ်။ချဉ်ပေါင်ရွက်တွေရောင်းတယ်။ ချည်ပေါင်ရွက်က အနံ့ သိပ်မ၇ှိဘူး။ မြှစ်နံ့ ကဆိုးတာ။ ၀ါး… ခေါင်းတခုလုံး ချာလပတ်လည်သွားသလားမှတ်ရတယ်။ မြှစ်တွေကဈေးပေါတော့ အမေတို့ ကလည်း ချက်ချင်။ အဲဒီနားရောက်ရင် စီ့ မျက်နှာ အီးပိတ်တဲ့ မျက်နှာအတိုင်းပဲ။ရှုံမဲ့ ပြီးတော့ အသက်အောင့်ထားတာ။တခါတလေ အမေတို့ က ဈေးဆစ်ရင် လေကြောကရှည်သေးတယ်။ ရုံအပြင်မှာစောင့်ရအောင်လည်း အဲဒီခေတ်က ကလေးကုန်ကူးတွေရှိတော့ အမေနဲ့ အမြဲကပ်နေရတယ်။  မလိုက်နဲ့ ဆိုတော့ လည်း စီက ရှည်ကြောအမြဲထတဲ့ သူဆိုတော့ လိုက်ချင်တယ်။ အဲဒီမှာ မှုန့် ရုံရှိတယ်လေ။  တခါတလေ

ကြိုက်တဲ့မှုန့် တွေစားရတယ်။

အဲဒီလို နှစ်ပေါင်းများစွာ မေ့လာတဲ့ အဲဒီမြှစ်နံ့ ကို မနေ့ က စူးစူးဝါးဝါးကြီး peninsula plazza မှာ တခါ ပြန်ပြီးရူရှိုက်လိုက်မိတဲ့ အခါမှာ စီ တကိုယ်လုံး ချက်ချင်း သီရိမင်္ဂလာဈေးထဲပြန်ရောက်သွားသလိုပဲ။ ခေါင်းထဲကို အဲဒီမြှစ်နံ့ ကြီးက ဆောင့်ပြီးဝင်လာတာ။

လူသံတွေဆူ။ လူများတွေနဲ့ ကျဉ်းကျပ်။ဝါး… တခါတည်း ထအော်ချင်စိတ်ပေါက်မိတယ်။

အဲလိုနဲ့  အောက်ထပ်ဆင်းပြီး မြန်မာဆိုင်မှာdinner စားကြတယ်။ အဲဒီမှာလည်းလူတွေပြည့်ပြီး မွန်းကျပ်နေတယ်။

dinnerစားနေအခိုက်.. စီ့နားမှာ ထိုင်တဲ့ဝိုင်းက ပြောသွားတဲ့ စကားတခွန်းကို စီ တမင်တကူးတက

နားမထောင်မိပဲ ကြားဖြစ်အောင်ကြားလိုက်သေးတယ်။(ကြားချင်ရက် စက်စက်ယိုပေါ့နော်)။

“ကျောင်းမှာက မြန်မာသူငယ်ချင်းမရှိဘူးလေ။ ဒီတော့ သူငယ်ချင်းတွေကsingaporean တွေချည်းပဲ။”

ဒီစကားကိုလွန်ခဲ့တော့ ၁၀နှစ်ကျော်လောက်ကပြောရင်စီယုံချင်ယုံမယ်။ ခုချိန်မှာ မြန်မာတွေမှိုလိုပေါက် ကျောင်းတိုင်းမှာမြန်မာရှိတာ (provided she/he is in JC or some unknown private schools)ဆိုရင်တော့ တမျိုးပေါ့။

စလုံးမှာနေပြီး စလုံးနဲ့ အပေါင်းအသင်းဖြစ်တာကို တကူးတကပြောနေတယ်။ စလုံးမှာနေပြီး စလုံးတွေနဲ့ မပေါင်းရင်သာ အထူးအဆန်းဖြစ်ရမှာ။ I don’t know. Nothing to boast about

making friendship with local. Who cares?? anyway, we are already screwing our ass in this country.. Sometimez, in fact most of the time,We burmese like to boast about something out of nothing. .. No wonder, we don’t like each other coz  all of us know how 2 boast in front of our own people.

it likes we love to boast but we cant stand other people’sboasting. hahaha.

We are no diff from those damn people who currently ruling our country.

Just that We are  boasting here, nothing is  happening..

and something is happening when they are boasting. No wonder they ‘ve became our leaders.  Smart ass huh. :)




2 Responses to “one fine sunday evening”

  1. လေလွင့်သူ Says:

    အင်း … Negative thinking နည်းနည်းများနေတယ်။ ပြောတဲ့သူကလည်း တကူးတက ပြောတာ ဖြစ်ချင်မှ ဖြစ်မှာပေါ့နော။ စကားစပ်မိလို့ ပြောတာလည်း ဖြစ်နိုင်တယ်။ စင်္ကာပူမျိုးမစစ်တွေနဲ့ သူငယ်ချင်းဖြစ်တာက သူ့အတွက် ထူးခြားချင်မှ ထူးခြားမှာပေါ့လေ။ သူငယ်ချင်းတွေ ဆိုတာက စကားစပ်မိရင် အိမ်ကခွေး ဟိုဘက်ခြံက ခွေးမကို သွားရစ်လို့ ဟိုဘက်ခြံက ခွေးရှင်က ရေနွေးပူနဲ့ ပက်လိုက်တဲ့အတွက် အပူလောင် အိမ်ကိုပြန်ပြေးလာရတဲ့အကြောင်းလည်း ပြောတတ်ကြတာပဲလေ။

  2. foxie284 Says:

    negative thinking လည်း မဟုတ် coincidenceလည်းမဟုတ်။
    မြန်မာဆိုင်ကို ၅ခါသွားရင် ၄ခါ ခွဲလောက်က အဲလို မြန်မာသူငယ်ချင်းတယောက်မှမရှိဘူး။
    စလုံးတွေနဲ့ ပဲပေါင်းတယ်။ မြန်မာတွေနဲ့ ပေါင်းရတာ အချိုးမပြေဘူး။ဘာညာကွိကွပေါ့။ပြောတဲ့လူချင်းသာ မတူချင်မတူကြတာ ။သွားတဲ့ အချိန်တွေသာမတူသာ။flowကတော့ အတူတူတွေကြီးပဲ။
    မြန်မာဆိုင်သွားရင် သူငယ်ချင်းအချင်းချင်း singaporeanနဲ့ သူငယ်ချင်းဖြစ်တာကိုပဲ တကူးတကပြောရတော့မှာလား။ အဲဒီလို မျိုး အကြောင်းကို သူငယ်ချင်းနဲ့  တရုတ်တန်း ကုလားတန်းသွားရင်းနဲ့ ပြောလို့ ရတာပဲ။ မြန်မာဆိုင်လာစားပြီး..မြန်မာမကောင်းကြောင်းပြောရင်တော့  လူအထင်ကြီးစရာမဖြစ်ပဲ ကိုယ်ရှူးကိုယ်ပြန်ပက်သလို ဖြစ်နေပြီ။
    အိမ်ကခွေး ဟိုဘက်ခြံက ခွေးမကို သွားရစ်လို့ ဟိုဘက်ခြံက ခွေးရှင်က ရေနွေးပူနဲ့ ပက်လိုက်တဲ့အတွက် အပူလောင် အိမ်ကိုပြန်ပြေးလာရတဲ့အကြောင်းလည်း ပြောလို့ ရပါတယ်ပေါ့နော်။ ဒါပေမယ့် တခါမှမကြားမိဘူး။

Leave a Reply

foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago