Comments on: one fine sunday evening

By: foxie284
negative thinking လည်း မဟုတ် coincidenceလည်းမဟုတ်။

မြန်မာဆိုင်ကို ၅ခါသွားရင် ၄ခါ ခွဲလောက်က အဲလို မြန်မာသူငယ်ချင်းတယောက်မှမရှိဘူး။

စလုံးတွေနဲ့ ပဲပေါင်းတယ်။  မြန်မာတွေနဲ့ ပေါင်းရတာ အချိုးမပြေဘူး။ဘာညာကွိကွပေါ့။ပြောတဲ့လူချင်းသာ မတူချင်မတူကြတာ ။သွားတဲ့ အချိန်တွေသာမတူသာ။flowကတော့ အတူတူတွေကြီးပဲ။

မြန်မာဆိုင်သွားရင် သူငယ်ချင်းအချင်းချင်း  singaporeanနဲ့ သူငယ်ချင်းဖြစ်တာကိုပဲ တကူးတကပြောရတော့မှာလား။ အဲဒီလို မျိုး အကြောင်းကို သူငယ်ချင်းနဲ့  တရုတ်တန်း ကုလားတန်းသွားရင်းနဲ့ ပြောလို့ ရတာပဲ။ မြန်မာဆိုင်လာစားပြီး..မြန်မာမကောင်းကြောင်းပြောရင်တော့  လူအထင်ကြီးစရာမဖြစ်ပဲ ကိုယ်ရှူးကိုယ်ပြန်ပက်သလို ဖြစ်နေပြီ။

အိမ်ကခွေး ဟိုဘက်ခြံက ခွေးမကို သွားရစ်လို့ ဟိုဘက်ခြံက ခွေးရှင်က ရေနွေးပူနဲ့ ပက်လိုက်တဲ့အတွက် အပူလောင် အိမ်ကိုပြန်ပြေးလာရတဲ့အကြောင်းလည်း  ပြောလို့ ရပါတယ်ပေါ့နော်။ ဒါပေမယ့် တခါမှမကြားမိဘူး။

By: လေလွင့်သူ
အင်း … Negative thinking နည်းနည်းများနေတယ်။ ပြောတဲ့သူကလည်း တကူးတက ပြောတာ ဖြစ်ချင်မှ ဖြစ်မှာပေါ့နော။ စကားစပ်မိလို့ ပြောတာလည်း ဖြစ်နိုင်တယ်။ စင်္ကာပူမျိုးမစစ်တွေနဲ့ သူငယ်ချင်းဖြစ်တာက သူ့အတွက် ထူးခြားချင်မှ ထူးခြားမှာပေါ့လေ။ သူငယ်ချင်းတွေ ဆိုတာက စကားစပ်မိရင် အိမ်ကခွေး ဟိုဘက်ခြံက ခွေးမကို သွားရစ်လို့ ဟိုဘက်ခြံက ခွေးရှင်က ရေနွေးပူနဲ့ ပက်လိုက်တဲ့အတွက် အပူလောင် အိမ်ကိုပြန်ပြေးလာရတဲ့အကြောင်းလည်း ပြောတတ်ကြတာပဲလေ။