တစုံတယောက်သို့ 
လူတယောက် မနေ့ က စီရဲ့ blog ကို မျက်စိလည် လမ်းမှားဝင်လာတယ် ဆိုပါစို့ ။commentတွေ ၇ခုလောက် အားရပါးရရေးသွားတယ်။
ဘာcomment ပဲရေးရေးပေါ့။တခုတော့ ပြောချင်တယ်။
“ကိုယ် ကုသိုလ်နဲ့ ကိုယ်လာတာ မနာလို မရှိနဲ့ ”။
commentအကုန်လုံးတော့ မဖတ်တော့ပါဘူး။ nick ကို ကြည့်ကတည်း က သိပ်အလေးထားပြီး ဖတ်သင့်တဲ့ nick တခုမဟုတ်လို့ ။
I do respect every viewer of my blog cos not many people know about my blog and those who know,they are my regular.They know my rule. We have mutual respect for each other.
However, if u wanna post sincere opinion about my blog as some kind of comments, try to earn my respect for u 1st. I do welcome any kind of comment but get ur nick right 1st.
October 13th, 2009 at 6:03 am
မနေ့က ဘာရယ်မဟုတ်ဘူး။ ဟိုကြည့် ဒီကြည့် လျှောက်ကြည့်ရင်း ဒီကို ရောက်လာတာ။ ပထမ စာမျက်နှာကို ဖတ်ကြည့်ပြီးတော့ နောက်လိုက်ဦးမှ ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ရေးမိသွားတယ်။ နောက်စာမျက်နှာတွေ အကုန်လုံးနီးပါး ဖတ်ကြည့်ပြီးသွားပါပြီ။
အဲ့ … ကျွန်တော် ရိုင်းမိတာအတွက် တောင်းပန်ပါတယ်။ ခင်ဗျားပြောထားတဲ့အတိုင်း နာမည်တစ်ခု အရင်ယူလိုက်ပြီပေါ့ဗျာ။ မှတ်ချက်တွေ ထပ်ရေးကြည့်တာပေါ့။
October 13th, 2009 at 6:07 am
ကိုယ့်ကုသိုလ်နဲ့ ကိုယ်လာတာ မနာလိုမရှိနဲ့ဆိုတာကို သဘောမပေါက်ဘူး။
မနာလို မစ္ဆိယစိတ်ဆိုတာက အတန်းအစား အရမ်းကွာလွန်းဦးမှ၊ ပြီးတော့ စိတ်ဓာတ်လည်း အောက်တန်းကျဦးမှပဲ အဲ့လို အခြေအနေ အဲ့လို စိတ်ဓာတ်မျိုးနဲ့ ကိုက်ညီတဲ့ လူတွေဆီမှာပဲ ဖြစ်ပေါ်နိုင်တာပါ။
ကျွန်တော်က စိတ်ဓာတ်အောက်တန်းကျတယ်ပဲ ထားဦး မစီရဲ့ အဆင့်အတန်း ဘာဆိုတာကို မသိရသေးဘဲ ဘယ်လိုလုပ် မနာလိုစိတ် ဖြစ်မလဲ … ….
တစ်ချက်တော့ရှိတယ်။ ကျွန်တော်ရေးသမျှ မှတ်ချက်တွေက စိတ်ထဲမှာ ရေးချင်စိတ်ပေါ်လာတာကို ချရေးလိုက်တာ။ တခြားဘာ့ကြောင့်မှမဟုတ်။