butch
Butch
အခုတလော အလုပ်ထဲမှာ butch တွေ တွေ့ တွေ့ နေရတယ်။ အတုရော အစစ်ရော စုံလို့ ။butch တယောက်ဆိုရင် သူ ရဲ့  လည်ပင်းမှာ lovebiteကို အပတ်တိုင်း မြင်မြင်နေရတယ်။ သူကိုယ်သူ
စွမ်းတယ်ပေါ့။ ယောက်ျားနီးပါး သန်တယ်ပေါ့။ လည်ပင်းတမော့မော့နဲ့ ။ သူဘယ်လောက် အစွမ်းထက်ကြောင်းကို love biteကနေ ကြော်ငြာနေတာ။ love bite ကြီးလေ သူ စွမ်းလေပေါ့။
တခါကသူ ပြောဖူးတယ်။ မိန်းမတွေ ဘာဖြစ်ဖြစ် ခုတင်ပေါ်ေ၇ာက်ရင် အတူတူပဲတဲ့ ။ သူ က အရပ်အတော်လေးပုတော့ စီက သူ့ ကို စတယ်။”မင်း ကွာ.. ဒီလောက်ပုတာ ခုတင်ပေါ်မှာဆိုရင် မင်းစော် ရဲ့  ခါးတ၀က်တောင်မှီပါစေအုံး”လို့ ။ သူက အဲလိုပြောရင်မကြိုက်ဘူး။ အဲလို ပြောပြီးမကြာခင် lovebiteတွေ လည်ပင်းမှာ ၃-၄ခုလောက်နဲ့ အလုပ်ကိုလာရော။
စီတို့  အလုပ်သိပ်မရှုပ်ရင် ပေါက်တတ်ကရအကုန်ပြော။ သူ က လည်း သူ စော်အကြောင်းပြော။
သူ စော်နဲ့ သူ နဲ့ ဘာလုပ်တာညာလုပ်တာပေါ့။
ဒါနဲ့  စီ တခုသိချင်တာနဲ့  သူ့  ကို ဖြတ်မေးမိတယ်။
“မင်း က မင်းစော်ကို satisfy ဖြစ်အောင်လုပ်တယ်။ မင်း က ဘယ်လို အချိန်တွေမှာ satifyဖြစ်လည်းမေးတော့ သူကိုယ်သူ မသိဘူး။ မဖြေတတ်ဘူး။ အဲဒါဆို ဘာလို့ sexလုပ်နေလဲလို့ မေးလိုက်တယ်။ အဲဒါsexမှမဟုတ်တာ။
သူ စော်ကလည်း အလုပ်ခံတယ် ။
အဲဒါနဲ့ တနေ့ က အလုပ်ကအပြန် သူ ကို စချင်တာနဲ့  သူမပုခုံးကို အသာလေးသိုင်းဖက်ပြီး ရင်ဘတ်ကို ကိုင်ပစ်လိုက်တယ်။ ဟားဟားဟား ။ယောကလျာလေးရှက်သွားတယ်။
အဲလို ဟောင်ပွာ ဟောင်ပွာယောကလျာများရှိသလို သနားစရာကောင်းတဲ့ ယောကလျာများလည်းရှိသေးတယ်။
ယောက်ျားစိတ်တော့ မ၀င်ချင်ဘူး။ ဒါပေမယ့် အဲလိုမှမနေရင် ဘ၀ပျက်မှာစိုးလို့  ယောက်ျားလိုနေတဲ့ မိန်းကလေးတွေတွေ့ ဖူးတယ်။
စီ့ အသိတယောက်ဆိုရင် မိသားစုထဲမှာ သူ မက မိန်းကလေး ၊အပေါ်အောက် ၃ယောက် ယောက်ျားလေးတွေချည်းပဲ။ ငယ်ငယ်တုန်းက ကလေးသာသာဆိုတော့  မိသားစုထဲမှာမိန်းကလေးတယောက်တည်းပါလာတော့ ကျန်တဲ့ အကိုတွေညီတွေက စူးစမ်းချင်တယ်။ ဟိုကိုင် ဒီကိုင် နဲ့ လျှောက်ကိုင် လျှောက်စမ်းကြတော့  psycho၀င်သွားရော။
အကိုတွေ မောင်တွေ စူးစမ်းချင်ရုံလောက်ပဲ။ဘာမှကြီး seriousမဟုတ်ဘူး။ ကြီးလာတော့ အကိုတွေမောင်တွေက ရည်းစားတွေရ မိန်းမတွေရ normal lifeကို ရပေမယ့်
သူက တော့ ငယ်ငယ်လေးနဲ့  molestလုပ်ခံ၇သလို ဖြစ်တော့  အဲဒီစိတ်ကြောင့် မိန်းမဖြစ်ရမှာ ကို အရမ်းကြောက်ပြီး ယောက်ျားလို နေသွားတာ။မိန်းကလေးတွေကို သူက ပြန်လုပ်တယ်။ သူမမှာfeeling ဆိုတာမရှိတော့ဘူး။ အဲလိုပဲ မိန်းကလေးတွေကို ဟိုကိုင် ဒီကိုင် ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေးလုပ်ရတာကို စိတ်တွေ့ နေတယ်.စော်တွေအများကြီးထား။ တကယ့်ကိုယောက်ျားနီးပါးပဲ။ ဒါပေမယ့် သူမရဲ့  ရင်ဘတ်တွေ တင်ပါးတွေစီက လိုက်လိုက် စပြီး ကိုင်ရင် သူလုံးဝမကြိုက်ဘူး။ စီဆို ” wah… we brother wad.. where’s got breast??? dun be shy lah…let me touch u”ဆို၇င် သူမက ထွက်ပြေးပြီ။
အဲဒါများ ဘယ်ငတုံးမက ယောက်ျားရှာမရတိုင်း သူမကို အသုံးချပြီး love biteတွေပေးနေလဲမသိဘူး။ သူမကတော့ lovebiteတွေ၇တိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ .. စီကတော့ သူကို ချစ်စရာကောင်းတဲ့ မိန်းကလေးတယောက်အဖြစ်နဲ့ မြင်ဖူးချင်မိတော့တယ်။