မငိုပဲ ကျမိခဲ့သော မျက်ရည်များ

မနေ့ က  အလုပ်ကပြန်လာတော့ အားနေတာနဲ့ တီဗွီထိုင်ကြည့်မိတယ်။

အဲဒီမှာ ကိုးရီးယားလိုင်းကနေ  documentary showလိုမျိုး programတခုလာတယ်။

ကိုးရီးယား ဆေးရုံတရုံ က ဆရာဝန်ကြီးနဲ့  လက်ထောက်ဆရာဝန် ဆရာဝန်လောင်းတွေ west timor ကမြို့  လေးတမြို့ မှာ နှုတ်ခမ်းကွဲတဲ့ ကလေးတွေကို operaitonလုပ်ဖို့ ၉ ရက်ခရီးထွက်တဲ့ အကြောင်းပြတာ။

စီ မြင်ဖူးတဲ့ နှုတ်ခမ်းကွဲတွေက  နှုတ်ခမ်းမှာ  ချုပ်ရာလေးနဲ့ ပဲမြင်ဖူးတယ်။

အဲဒီprogramတွေကလို နှုတ်ခမ်းအပေါ်ကြီးက ဟတ်တက်ကြီးကွဲပြီး ရှေ့ သွား၂ချောင်းက ငေါထွက်နေတာမျိုး၊  နောက် နှုတ်ခမ်းအပေါ်က ကွဲပြီး နှာခေါင်းနောက်ကနေ အသားပိုကြီး ရှိနေတာတို့ မမြင်ဖူးဘူး။

လူနာကောင်မလေးတယောက်ဆိုရင် သူမအဲလို ဖြစ်လို့  ကျောင်းတောင်ထွက်လိုက်ရတယ်။

တခြားကလေးတွေက သူမကို ၀ိုင်းစကြလို့ ။နှုတ်ခမ်းအကွဲကြီးက အကြီးကြီးပဲ။

အဲဒါနဲ့ ကိုးရီးယားကဆရာဝန်အုပ်စုရယ် USက surgen ၂ယောက်ရယ် ၀ိုင်းက operation လုပ်ကြတယ်။ အဲဒီအထိ စီမငိုသေးဘူး။


နောက်လူနာအလှည့်ကျမှာ စီ တကယ်ကို မငိုပဲမျက်ရည်မိတာ။

အဲဒီလူနာကောင်မလေးက ၁၀နှစ်၊ သူနဲ့ သူအမေ ၂ယောက်သား ရွာကနေ အဲဒီ ဆေးရုံကို လာကြတာ။ သူမအမေ လည်ပင်းမှာ အလုံးကြီး တလုံးရှိတယ်။ ဘာကြီးလဲတော့မသိဘူး။ဒါပေမယ့်သူမအမေကပြောတယ်။ သူမလည်ပင်းကဟာကြီးက local  doctorနဲ့ ကုရင်ပျောက်တယ်ပေါ့။ သူမ သမီးရဲ့  နှုတ်ခမ်းကွဲကြီးကို သာ surgeryလုပ်ပေးမယ့် ဆရာဝန်မရှိသာတဲ့ ။

အဲဒီမှာ cameramenက ဒီသားအမိနှစ်ယောက်ရဲ့  မျက်လုံးတွေကို ဖမ်းပြီးရိုက်လိုက်တဲ့ အခါမှာ

စီ  ဘယ်လို ဖော်ပြရမှန်းတောင်မသိတဲ့ feelingတခုကိုခံစားမိတယ်။ပြီးတော့ မျက်၇ည်တွေကျမိတယ်။ ကောင်မလေး၇ဲ့  မျက်လုံးတွေက အားငယ်နေတယ်။ မိန်းကလေးတော်တော်များအလှကြိုက်ချိန်မှာ(စီမပါ) သူမကတော့ နှုတ်ခမ်းအကွဲကြီးနဲ့  ညိုးငယ်နေရှာတယ်။ သူမအမေမျက်လုံးတွေကတော့ သူ့ သမီးလေး ဒီလို ဖြစ်နေတဲ့အပြင် သူမကိုယ်တိုင်ကလည်း လည်ပင်းမှာအကျိတ်လို အလုံးကြီးနဲ့ ဆိုတော့  သူမသမီးလေးကို operationလုပ်ပြီးပြန်ကောင်းစေချင်တယ်။

တကယ်ပဲ စိတ်ထဲကနေ  ကောင်မလေး operationလုပ်ရပါစေ။ ကောင်မလေးကို လှလှလေးဖြစ်အောင်လုပ်ပေးပါလို့ ဆုတောင်းပေးမိတယ်။သူမမျက်လုံးကို မြင်မိတဲ့ တပြိုင်နက်မှာပဲ စီ အလိုလိုမျက်ရည်ကျမိတယ်။

တချိန်တည်းမှာပဲ

အဲဒီ ဆရာဝန် အုပ်စုကို ဘုရားကောင်းချီးပေးစောင့်ရှောက်ပါစေလို့ ။

လူတွေက နှုတ်ခမ်းကွဲတာ ဘာတာ နဲ့ အသေးအဖွဲလေးထင်ကြတယ်။ of course !Operationလုပ်ပြီးရင်တော့ လူကြည့်ကောင်းတာပေါ့။ မလုပ်ခင်ဆိုရင်တော့ လူတောထဲတောင်မတိုးရဲ ဘူး။

ဒါပေမယ့် အဲဒီဆရာဝန်တွေရဲ့  ကောင်းမှုကြောင့် ကလေးငယ်လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုသမှုကိုခံယူခွင့်ရတယ်။ နောင်တချိန်ကြီးလာရင်  လူတောထဲတိုးဝင့်ပြီး confidentတွေရှိလာတော့မှာ။

အဲဒီဆ၇ာဝန် အုပ်စုက hOPE fLIGHTတဲ့ ။

ဒီလို မျိုး ဆရာဝန်တွေအများကြီးရှိရင်သိပ်ကောင်းမှာပဲ။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago