စာရေးဆ၇ာမfoxie

စီ အမှတ်တမဲ့ စဉ်းစားမိဖူးတယ်။

စီ ဘာကြောင့်စာရေးရတာကို နှစ်သက်လဲလို့ ။

အမျိုးတွေထဲများ စာရေးဆရာ တို့  ဘာတို့ များရှိသလား။

ဒါမှမဟုတ် geneထဲမှာ များစာရေးဖို့ ပိုးတွေဝင်နေသလား။

ဘယ်တုန်းက များ စာစရေးတာလဲ..ပေါ့။

စဉ်းစားတယ်ဟေ.. စဉ်းစားတယ်။

နောက်ဆုံးတော့ မှတ်မိလာတယ်။

စီပထမဆုံး စာရေးဆရာမဖြစ်ခဲ့တာ  လွန်ခဲ့တဲ့ ၁၃နှစ် ၊စီ့ အသက် ၁၂နှစ်လောက်တုန်းက ။

အဲဒီတုန်းက စီက ၆တန်း။ဘာတွေဖြစ်လို့ လဲမသိဘူး။  စီတို့ Bအခန်းကကျောင်းသူတွေ ၊Aခန်း Eခန်းနဲ့ Fခန်း ကိုပြောင်းရတယ်။ စီက Fခန်းရောက်သွားတယ်။ နဂိုက Eခန်းကစလို့ နောက်ခန်းတွေကို သိပ်အဖက်မလုပ်ချင်ကြတဲ့ ကျောင်းသူတွေ Fခန်းရောက်သွားတော့ 

Fခန်းက ကျောင်းသူတွေက ဆော်ချင်ကြတယ်။ စီတို့ ကလည်း အတန်းထဲမှာ ကိုယ့် ကျောင်းသူချင်းပဲပေါင်းတယ်။ Fခန်းကလူတွေနဲ့ မပေါင်းဘူး။

ကြာလာတော့ လည်း မပေါင်းပဲမနေလို့ မရဘူး။

စီ့မှာ အကျင့်တခုရှိတယ်။ ရောက်လေရာရာမှာ မိတ်ဆွေဖွဲ့ ရတာအလွန်မြန်တယ်။ နောက်ဆုံးတော့ စီတို့ လည်း Fခန်းကို လူတွေနဲ့ ရင်းနှီးသွားတယ်။ အဲ့ .. အဲဒီမှာ ရှည်ကြောအမြဲထတဲ့ စီ့အကျင့်က စီကို စာရေးဆရာမဖြစ်အောင်ဖန်တီးခဲ့တာ။

အဲဒီFခန်းက ၆တန်းလို့ ပြောပေမယ့် ၂နှစ်ကျတွေလည်းရှိတယ်။ ၃နှစ်ကျတွေလည်းရှိတယ်။အသက်တွေက စီတို့ ထက်ကြီးကြတယ်။ တခါတလေ နားလည်မှုတွေလွဲပြီး Fightကြတာရှိတယ်။

အဲဒါနဲ့ စီက စပြီး စာအုပ်ဆိုင်ဖွင့်တိုင်း ကစားမယ်။ စာရေးချင်တဲ့ သူတွေ နောက်ဆုံးတန်းကို လာထိုင်ရေးကြပေါ့။

ပြီးရင် ဗလာစာအုပ်ကို အလယ်ခေါင်က နေဆွဲဖြုတ်၊ ဓါးတွေနဲ့ ဖြတ်၊ ပြီးရင် stamplerနဲ့ ပြန်ချုပ်

လက်ရေးသေးသေးလေးတွေနဲ့ စာရေးကြတယ်။ အရင်က နှစ်ခန်းစလုံးက ဘာသိဘာသာနေတဲ့ သူတွေက စာအုပ်သေးသေးလေးကို ငှားဖတ်ကြတယ်။နောက်ဆုံးလက်မလည်တော့ စီက တခြားကျောင်းသူတွေကို အစပိုင်းရေးပေး သူတို့ သူတို့ ဟာ သူတို့ နောက်ကနေ လျှောက်ရေး နဲ့ ပျော်ဖို့ ကောင်းတယ်။တခါတလေ

ဒုတိယပိုင်းစာအုပ်ကို စောင့်ဖတ်တဲ့ ပရိသတ်ကလည်းရှိသေးတယ်။

တခါတလေ သူငယ်ချင်းတွေက “ဟိုတအုပ်လေ ရေးထားတာ ဟိုအခန်းရောက်ပြီလေ။ အဲ ဒုတိယပိုင်းကဘယ်တော့လောက်ထွက်မလဲ”တဲ့ ။ဝါး စီက ပရိတ်သတ်တောင်းဆိုတော့ အမြှောက်ကြိုက်ပြီး  ဘာသာပေါင်းစုံက အလယ်ခေါင်ထိ မေ၇ာက်သေးတဲ့ ဗလာစာအုပ်တွေကို ဖြဲဖြဲပြီး ရေးတယ်ဟေ။

စာရွက်မလောက်တော့ သူငယ်ချင်းက သူတို့ စာရွက်ပါဖြဲပေးတယ်။ တပတ်လောက်ကို ဇာတ်လမ်း ၇မျိုးလောက်ဆက်တိုက်ေ၇းတော့ လူက မလွယ်တော့ဘူး။ နောက်ဆုံးတော့ စီတို့ အတန်းထဲက စာအုပ်သေးသေးလေးတွေနဲ့ လုပ်ထားတဲ့ စာအုပ်ဆိုင်လေးကို ရပ်လိုက်ရတော့ တယ်။


အော.. အဲဒီတုန်းကတည်းက စီက စာရေးချင်ခဲ့ တာကိုး။

အဲဒီတုန်းကတည်းကလည်း စာဖတ်ပရိသတ်တွေကို ဆန့် ငင်ဆန့် ငင်လုပ်ရတာ ၀ါသနာပါခဲ့ တာကိုး။

ဟီး…

ရေးထားတဲ့ ဇာတ်လမ်းတွေလည်း ဇာတ်မသိမ်းရသေးဘူး။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago