သံယောဇဉ်
ဘာလိုလိုနဲ့  နိုဝင်ဘာတောင်ရောက်လာပြီ။နောက်တလဆိုရင် ဒီဇင်ဘာ။ နောက်၂လဆိုရင် ဇန်န၀ါရီ ၂၀၁၀ပါလား။
တခါတလေ လုပ်ချင်တာကို လုပ်ပစ် လုပ်မိလိုက်ချင်ပေမယ့် သံယောဇဉ်ဆိုတဲ့ အမျှင်အတန်းလေးတွေကြောင့် ကမောက်ကမ လေးတွေဖြစ်ကုန်တယ်။
အဲဒါအခါ ကျတော့လည်း ရင်နာနာနဲ့ ပြုံးပြလိုက်ရတယ်။
စီ့ ဘ၀တလျှောက်မှာ လူတွေကို ခင်ရလွန်း သံယောဇဉ်ဖြစ်ရလွန်းဆိုတာသိပ်မရှိဘူး။
ရှိခဲ့ရင် အဲဒီလူဟာ ကံဆိုးတယ်မှတ်။ ဘာလို့ လည်းဆိုတော့ အဲဒီလူမျိုးကို စီ့က သိပ်မြတ်နိုး တန်ဖိုးထားရလွန်းလို့ ။ အဆုံးရှုံးမခံရက်။ အလုအယက်မခံနိုင်နဲ့ ။တဖြည်းဖြည်း အဲဒီလူရဲ့  ဘ၀ကို ချုပ်ကိုင်ချယ်လှယ်လာတယ်။ (အဲဒီလူက တော့ စီ့ ရဲ့  တိုတိုပေါ့)။
သံယောဇဉ်ဆိုတာလေးကို ငှဲ့ ပြီး အခွင့်အရေးဆုံးရမယ့် အဖြစ်တခုခုစီ စောစောကလေးတင် လုပ်လိုက်မိတယ်။
ဒီနေ့  အလုပ်အင်တာဗျူးတခုသွားစရာရှိတယ်။ စီ တင်္နလာနေ့ ကို ပြောင်းချိန်းလိုက်တယ်။
စိတ်ထဲမှာ စီ သွားဗျူးလိုက်လို့  အလုပ်မရရင်တော်သေးတယ်။ အလုပ်ရခဲ့သည်၇ှိသော် လက်ရှိ companyနဲ့  လုပ်ဖော်ကိုင်ဖက်တွေ အတော်လေးကို ကမောက်ကမ ဖြစ်ကုန်မှာ။
ဒီတော့ စီပဲ အဖြစ်ခံလိုက်တယ်။ first impressionတော့ နဲနဲout သွားတာပေါ့။ first intervewမှာ ခေါ်တုန်းတော့ မလာပဲ နောက်တနေ့ ထပ်ချိန်းလို့ ။
စီက တော်ရုံတန်ရုံ လူတွေကို သံယောဇဉ်မဖြစ်တတ်ဘူး။ နေရာတွေကို ဖြစ်တတ်တယ်။
ဥပမာ ကိုယ်တက်ခဲ့ကျောင်း၊ ကိုယ့်ခရီးသွားခဲ့တဲ့ နေရာ၊ ကိုယ်လုပ်နေတဲ့ companyမျိုးဆို အရမ်းစွဲတယ်။
စီသာ မတော်တဆ သေခဲ့ရင် ကျွတ်မှာမဟုတ်ဘူး။ အဲဒီနေရာ တွေထဲက တနေရာရာမှာ သွားကပ်နေမှာ။
အဲလိုကြေးသာဆိုရင်တော့ တိုတိုရဲ့  နဘေးမှာဖြစ်နေမလားမသိဘူး။